ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

မောင်အေး
-----------
ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရီးထားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနန့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နီထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခကြသည်။

အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခသည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။


BBC-Inaccuate-Map
ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခသည့် ပုံ 
 
"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြသည့် အစိုးရနန့် ပဋိပက္ခဖြစ်နီကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနန့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်ရေပိုင်၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနန့် ပတ်သက်၍ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" ယင်းချင့်က ကျွန်တော်ရို့ ဘီဘီစီကFacebook မှာလည်း ရီးထားပါဗျာလ်။ ဒေကိစ္စက ကျွန် တော်ရို့ ဘီဘီဆီက သီးခြားဖြေရှင်းလို့ မရပါ။ ကျွန်တော်ရို့ ဘီဘီစီ Facebook မှာ အထက် အရာရှိရို့၏ ဖြေရှင်းချက်ကို ရီးထားလိုက်ပါဗျာလ်။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နန့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်ရို့နန့် မသက်ဆိုင်ပါ။ ဒေသတင်းက ယင်းသူရို့ Asia-Pacific ဌာနက တင်ထားရေ သတင်းရာဖြစ်ပါရေ။ ဒေကိစ္စနန့်ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ကေ ပိုကောင်းပါလိမ့်မေလို့"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ဒေဂုပိုင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူပ်ရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။


BBC-Inaccuate-Map ဘီဘီစီ အင်္ဂလိပ် သတင်းစာမျက်နာတွင် ယခုဖော်ပြထားသည့် ပုံ
 
" သူရို့တိက ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်ပါရေ။ ရည်ရွယ်ချက်မရှိ ဘက်မလိုက် ဆိုလို့ရှိခကေ ဇာဖြစ်လို့ တရားဝင် မတောင်းပန်ရသိစွာလဲ။ လူတိုင်းစွာ အမှား လုပ်တတ်ပါရေ မှားစွာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါရေ" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရီးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနန့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခမှု အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနီပြီး အများစု စာများမှာ အဆိုပါ သတင်းနန့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနန့် အတူ ရင်ဖွင့်လာရာတွင် စာရေးဆရာ၊ ကဗျာဆရာနန့်  ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဤသတင်းကို တွီတွီချင်း စိတ်တပျင်းကို ဆိုးမိပါရေ။ ယင်းတွက်ကြောင်းလည်း ကျနော် ဒေပိုင်လုပ်နီစွာပါ။ စော်ကားခံရရေလို့ သဘောထားပါပါရေလို့" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နီရေ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒေပိုင် ခွင့်လွတ်ဖို့ မဖြစ်နိုင်ရေ သမိုင်းအမှားတိ၊ ဓါတ်ပုံအမှားတိတင်ထားပြီး လူမျိုးရေးကို စော်ကားစွာရေ အသည်း တစ်စက်စက်နာဖို့ ကောင်းပါရေ ” ဟု သူမအမြင်ကို ရင်ဖွင့်ပြခသည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နိက Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနန့် အတူ ပူးတွဲ ဖော်ပြခသည်။

 .....................
နိရဉ္စရာသတင်း
 

Posted by Arakan Research Centre on 06:28. Filed under , , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign