မာန်အောင်မြို့နယ်တွင် ဥယျဉ်ခြံမြေများ ဈေးကောင်းကောင်းဖြင့် အရောင်းအ၀ယ်ဖြစ်နိန်
ပင်မစာမျက်နှာ, ရခိုင်သတင်း 20:10

ခိုင်သဇင်
---------
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ခြံမြေများကို ယခုအခါ ၀ယ်ယူမူ များပြားနေသဖြင့် ဈေးကောင်းကောင်း ရရှိ နေကြောင်း သတင်း ရရှိသည်။
မာန်အောင်မြို့နယ် ကအီး ကျေးရွာတွင် စတင်ဘာလ မှစ၍ ဥယျဉ်ခြံမြေများကို ဈီးကောင်းကောင်း ပီးပြီး ၀ယ်ယူနီကြောင်းကို ခြံပိုင်ရှင် ဖြစ်သူ မအေးအေးလှိုင် မှပြောသည်။

" ဟုတ်ပါယင့် အကျွန်ရို့ဥယျဉ်ခြံထဲမှာဆိုကေ အုန်းပင် အများကြီးရှိပါရေ။ အရင်ကဆိုကေ အုန်းခင်းတွေကို တစ်သိန်း နန့် ပီးပြီး ဝယ်ဖို့လူ သူမရှိသလောက် ရှားပါးပါရေ၊ အခုဆိုကေ ခြံတစ်ခြံက သိန်း နှစ်ဆယ် အထက်မှာရှိပါရေ။ အုန်းခင်ပင်တွေ မရှိရေ ဥယျဉ်ခြံမြေတိလည်း ဈေးကောင်းကောင်းရပါရေ။ အကျွန်မရို့က အီးရွာ အုန်းခင်တိမှာ မဟုတ်ပါ။ အနီးအနားရွာ က အုန်းပင်တွေ မရှိရေ မြေကွက်လပ် တိကိုလည်း ဈေးကြီး ပီးပြီးတော့ ၀ယ်နီဂါတ်ပါရေလို့" ပြောသည်။
မာန်အောင်မြို့ မှ ငွေကြေးချမ်းသာ သူများသာမက တခြားမြို့များမှ လူအများအပြားလည်း ဥယျာဉ်ခြံမြေများကို လာရောက် ၀ယ်ယူနေကြသည်။ လက်ရှိ ဥယျာဉ် ခြံမြေ ၀ယ်ယူနေသူ တစ်ဦးမှ ၀ယ်ယူရခြင်း ရည်ရွယ်ချက်ကို အခုလို ပြောပြသည်။
" ကအီး ကမ်းခြေက တပျင်းသာပါယာပါရေ။ နောက်နှစ်တိမှာ ငပလီ ကမ်းခြေလိုမျိုးပိုင် နိင်ငံခြားသားတိနန့် မြန်မာနိင်ငံသားများ လာရောက် အပန်းဖြေလာရောက်ဂါတ်ဖို့။ နောက်ပြီး ကအီးကျေးရွာက ရေနံထွက်ရေ နဂါးတောင်နန့်လည်း နီပါရေ။ ရေနံ အများအပြား ထွက်လို့ရျှီကေ တရုတ်တွေလာဂါတ်ပါဖို့။ ကျနော်ရို့က ယင်းပိုင်မျှော်လင်းချက်နန့် ၀ယ်ယူစွာ ဖြစ်ပါရေ။ အဓိကတော့ နိင်ငံခြားသားတိ လာရောက်ကေ နေရာတိက အနာဂတ်မှာ မြေဈေးတွေ တက်လာနိုင်ပါရေ။ ယင်းတွက်ကြောင်း ၀ယ်ယူစွာလည်း ဖြစ်ပါရေလို့" ပြောသည်။

မာန်အောင်ကျွန်းကို ပတ်ပြီး ဖေါက်လုပ်ထားသော ၅၂ မိုင်ရှည် ကျွန်းပတ်လမ်းကို ၂၀၁၀ ဖော်ဖေါ်ဝါရီလ ၆ ရက်နိ့က စတင်ဖွင့် လှစ်ခပြီးနောက် လားရေးလာရေ လွယ်ကူလာသဖြင့် မာန်အောင်ဒေသမှာ အနာဂတ်တွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၀၈ ရွာရှိပြီး အများစုမှာ ပင်လယ် ကမ်းခြေတွင် တည်ရှိကာ အလွန်နီချင် စဖွယ်ကောင်းကြောင်း ရောက်ဖူးသူများက ပြောသည်။
ကအီး ကမ်းခြေမှာ မာန်အောင်မြို့နယ်တွင် အလှဆုံး ပင်လယ်ကမ်းခြေ ဖြစ်ပြီး အုန်းပင်များနန့် သဘာဝ အလျှောက် ပေါက်ရောက်နီသော နှစ်ရှည် အပင်များတည်ရှိသဖြင့် မာန်အောင်ကျွန်းမှ လူများသာမက တခြားမြို့နယ်များမှ လူများလည်း ကအီသို့ အလည်အပတ် သွားရောက်လည်ပတ်ကြရေလို့ သိရသည်။
.......................
နိရဉ္စရာသတင်း