Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ရခိုင်သမိုင်းကြောင်းများ
05:04
နိဒါန်း
ဒေကမ္ဘာမြီထက်မှာ ရခိုင်ရို့ အဖြစ်ဆိုးက တခုပိုင်လေ့ ကြည့်လို့ မလှ။ မြင်လီရာ အရပ်မျက်နှာတိုင်းမှာ ဒုက္ခတိနန့်  လူလုံးမလှ။ စိတ်ဓါတ်တိ ညှိုးနွမ်းနိန်ရ။ အရာရာတိုင်းမှာ အောက်ကျနောက်ကျ။ ကယ်သူမဟိ ကူဖို့ လူမဟိ။ အပူသည်တိဘ၀ဆိုးနန့်  လူဖြစ်လာရခြင်းရေ ငရဲကျ ဖို့ သက်သက်ပိုင်ဖြစ်နိန်ရရေ။ ယင်းအတွက်နန့်  အဂုလက်ဟိ ရခိုင်ပြည်ကို အတိုချူပ် အဓိပ္ပါယ်ဖွင့်ဆိုပီးရဖို့ ဆိုကေ ကမ္ဘာမြီထက်ငရဲချေတခု (A hell on earth) ဖြစ်နိန်ရရေပိုင် ရခိုင်လူထုကလေ့ ငရဲသားတိ ဖြစ်နိန်ရရေ။
အဂုပိုင်အခြေအနေဆိုးအောက်မှာ ရခိုင်ရို့ အတွက် ကုသိုလ်မဟိရေပိုင် နိဗ္မာန်လေ့မဟိ။ မလွတ်လပ်တေ လူမျိုး (၀ါ) ကျွန်ဖြစ်နိန်ရရေ လူမျိုးအတွက် ငြိမ်းချမ်းရေနိဗ္မာန် ဆိုစွာမဟိ။ တရားမျှတခြင်း၊ ကောင်းမှုလုပ်လို့ ရလာရေ ကုသိုလ်၊
လူ့ ဂုဏ်သိက္ခာ သီလကိုယ်ကျင့်တရားတိလေ့ ကျွန်ဘ၀မှာ ခံစားစံစားကျင့်ကြံရပိုင်ခွင့် မဟိ။ ကျွန်ဖြစ်ခြင်းရေ လူသားဖြစ်ခြင်း၏နိဂုံးအဆုံးသတ်ပင် ဖြစ်တေ။ ကျွန်ဖြစ်နိန်ရခြင်းရေ လူစင်စစ်က စက်ရုပ်ဘ၀ကို အပြောင်းခံရခြင်းပင် ဖြစ်တေ။ စက်ရုပ်တိမှာ ခံစားချက်၊ အနာဂတ်ဆိုစွာ မဟိ။ သံပတ်အပီးခံထားရရေအတိုင်း လှုပ်ယှားပီးရရေ။ တာဝန်ထမ်းဆောင်ပီးရရေ။
ဗမာတိရခိုင်ပြည်ကို ဒမြ၀င်တိုက်ပနာ နယ်ချဲ့ ကျူးကျော်သိမ်းပိုက်လိုက်တေအတွက် ရခိုင်ရို့ ၏ လူသားဆန်မှု၊ လူပီသမှု၊
လူ့ သဘာဝ၊ လူ့ စရိုက်လက္ခဏာတိ အားလုံးပျောက်ဆုံးလားခရရေ။ အဖျက်ခံလားခရရေ။ လူ့  ဘောင်၏ အသက်သွီးကြော ရီသောက်မြစ်ဖြစ်တေ စာပီကို ဗမာက ဖျက်လိုက်ခြင်းရေ ရခိုင်ရို့ ဦးနှောဏ်ကို စနစ်တကျဖျက်ဆီးလိုက်ခြင်းပင် ဖြစ်တေ။ ၁၈ ရာစုအကုန်လောက်ကပင် ရခိုင်တိ ဗမာကျွန်ဖြစ်လာခြင်းရေ အဂုဆိုကေ နှစ်ဆယ့်တစ်ရာစုထဲကို ၀င်ပါလတ်ဗျာယ်။ အေအတိုင်းရာ ရှိဆက်ပြီးကေလားနိန်လီဖို့ ဆိုကေ ဒေနှစ်ဆယ့်တစ်ရာစုအကုန်မှာ ရခိုင်ဆိုရေ လူမျိုးကို ဒေကမ္ဘာ့မြီပြင်ထက်မှာ ရှာလို့ တွိနိုင်လီဖို့ မဟုတ်ဗျာယ်။ ယင်းအတွက်နန့်  ဒေနှစ်ဆယ့်တစ်ရာစုစွာ ရခိုင်ပြည်နန့် ရခိုင်လူမျိုး လွတ်မြောက်ဖို့  နောက်ဆုံးရာစု (The Last Century) ပင် ဖြစ်တေ။
ရခိုင်လွတ်မြောက်ရေးလှုပ်ယှားမှုသမိုင်းအတိုချူပ်
ဗမာကိုလိုနီကျွန်ဘ၀က လွတ်မြောက်ဖို့  ရခိုင်သားတိ ခေတ်အဆက်ဆက် ကြိုးစားခကတ်တေ။ ရခိုင်လူမျိုး မျိုးပျောက်မျိုးမတုံးလားရအောင် ပုံစံအမျိုးမျိုးနန့် ထိန်းသိမ်းစောင့်ရှောက်လာခကတ်တေ။ ယေကေလေ့ အေနိန့် ထက်ထိ မလွတ်လပ်သိမ့်။ အေနိန့် ထက်ထိ ကိုယ့်လူမျိုးကို ထထိရရောက် ကာကွယ်မစောင့်ရှောက်နိုင်သိမ့်။ အပြင်က ဗမာတိ၏ဂုတ်သွီးစုပ်နှိပ်စက်ကိုလိုနီလုပ်ခြင်းအားက ပြင်းအားကြီးလွန်းရေအတွက် ရခိုင်ပြည်နန့် ရခိုင့်လူ့ ဘောင် တရက်ထက်တရက် ပိုလို့ လုံးပါးပါးပါလတ်တေ။
ခေတ်တိုင်းရာစုတိုင်းမှာ ရခိုင်သားတိရေ ဗမာကိုလိုနီဒမြစစ်ရာဇ၀တ်ကောင်တိကို ရရေလက်နက်ကိုင်ပနာ တော်လှန်ခကတ်တေ။ နိုင်ငံရေးအတွေးအခေါ်အမျိုးမျိုး အယူအဆ၀ါဒအဖုံဖုံနန့်  အန်တုခကတ်တေ။ ယေကေလေ့ ထိရောက်တေ တုံ့ ပြန်မှုက မဖြစ်လာသိမ့်။ မျှော်မှန်းရေအပြောင်းအလဲတိလေ့ မဖြစ်လာသိမ့်။
အဂုနှစ်ဆယ့်တစ်ရာစုထဲကို ၀င်ပါလတ်ဗျာယ်။ ကမ္ဘာကြီးက ကမ္ဘာပိုဆန်ပနာ လူတိကလူပိုပီသပါလတ်တေ
ဒေနိန့် ခေတ်အိုင်တီနည်းပညာတော်လှန်ရေးလှိုင်းနန့်  ကမ္ဘာ့ရွာချေထဲမှာ ရခိုင်တိဇာလုပ်ကတ်ဖို့ လဲ ဆိုရေ မိန်းခွန်းက ထွတ်ကျပါလတ်တေ။ ငါရို့ တိလွတ်မြောက်အောင် ဇာပိုင်လုပ်ကတ်ဖို့ လဲ။ ဇာနိုင်ငံရေးအဖြေက ငါရို့ တိလွတ်မြောက်အောင် လမ်းပြပီးနိုင်ဖို့ လဲ။ ဇာနိုင်ငံရေးအတွေးအခေါ်က ငါရို့ တိဘ၀နန့် အနာဂတ်ကို ပြန်ရလာအောင် စွမ်းဆောင်ပီးနိုင်ဖို့ လဲ။ အေမိန်းခွန်းတိကို မိန်းပနာ အဖြေရှာဖို့  ငါရို့ ပိုင်ရေ ဦးနှောဏ်ကို အလုပ်ပီးဖို့ အချိန်ကာလတခုကို ရောက်ပါလတ်တေ။
နောက်ဆုံးရာစုအတွက် ရခိုင်နိုင်ငံရေးအတွေးအခေါ်
သန်းချီရေရခိုင်သားတိကို သတ်ပနာ ဗမာတိက ရခိုင်နန့် ဗမာကြားက နိုင်ငံရေးပဋိပက္ခ၏တန်ဖိုးကို သတ်မှတ်လိုက်တေ။ အချူပ်အခြာအာဏာ၊ လွတ်လပ်ရေးနန့်  ရခိုင်ရို့ ဘ၀အနာဂတ်ကို ပြန်လိုချင်ကေ ဒေတန်ဖိုးကို ပီးရဖို့ ။ ဗမာက နိုင်ငံရေးအာဏာကို လိုချင်ကေ တိုက်ယူလို့ ပြောထားရေ။ ဗမာက ရခိုင်ပြည်ကိုရဖို့  ရခိုင်သားတိကို ကျူပင်ခွတ် ကျူငုတ်ချေတောင် မကျန်စီကေ့ဆိုရေ ပေါ်လစီ နန့် မျိုးပြုန်းအောင် သတ်ပြီးကေ ယူခကတ်တေ။ ယင်းအတွက်နန့်  ရခိုင်သားက ရခိုင်ပြည်ကို ပြန်လိုချင်ကေ တရားမျှတလွတ်လပ်ငြိမ်းချမ်းခေတ်မှီတိုးတက်ပနာ ကမ္ဘာရွာမှာ လူရာဝင်ရေ ရခိုင်ပြည်သစ်ထူထောင်ချင်ကေ ဗမာတိနားလည်ရေ ဘာသာစကားကို သုံးပနာ တိုက်ယူမှရာ ရနိုင်ဖို့ ။ ငါးပါးသီလ ရှစ်ပါးသီလ နိဗ္မာန်ရောက်ကြောင်းတရားတိ ဟောပနာ ဗမာဘားက ရခိုင်ပြည်ကို လားတောင်းလို့ ရဖို့ မဟုတ်။ ဗမာတိ အကွန်ဆောင်ပနာ အချိန်ဖြုန်းနိန်ရေ ရီပေါ်ဆီနိုင်ငံရေးစီးကြောင်းထဲမှာ မျှောပါပနာ ဒီမိုကရေစီ လူ့ အခွင့်အရေးလို့  လားအော်နိန်ကေ ရခိုင်သားစွာ အနှစ်သာရမဟိ လူတိမြှောက်ပီးတိုင်းကရေ မျောက်ဘ၀ကို ရောက်လားနိုင်ရေ။
It is double pleasure to deceive the deceivers လို့  နိုင်ငံရေးအတွေးအခေါ်ပညာသျှင် မာခီဗဲလီ က ပြောခရေ။ ယင်းအတွက်နန့်  လူစိတ်ပျောက်နိန်ရေဗမာဒမြမုဒိမ်းကောင်တိကို ရရေလက်နက်နန့် ဆုံးမအပြစ်ပီးခြင်းရေ မြင့်မြတ်တေအလုပ်ပင်ဖြစ်တေ။ ဒမြကို ဒမြတိုက်လို့  အပြစ်မဖြစ်။ နှစ်ပေါင်းနှစ်ရာကျော် ကျွန်ဘ၀မှာ ရခိုင်သားသန်းနန့် ချီပနာ အသတ်ခံရပြီးကေ ဗမာတိတယောက်စနှစ်ယောက်စချေတောင် ရခိုင်ဘားမှာ အသတ်မခံရခြင်းရေ ရခိုင်သားတိမှာ သတ္တိမဟိ တခုစွမ်းအားလေ့မဟိ ကမ္ဘာလောက်ညံ့ရေ ဆိုစွာကို ဖော်ပြနိန်ရေ။ ဒေချင့်ကို ပြောင်းပြန်လှန်နိုင်ခါမှရာ ရခိုင်ရို့ လိုချင်နိန်ရေ အားသစ်အင်သစ်နန့် အသက်ပြန်ဝင်လာရေ ရခိုင်ပြည်သစ် (A revitalized Arakan) ကို ထူထောင်လို့ ရလာနိုင်ဖို့ ။
ရခိုင်ရို့ အတွက် သီရေးရှင်ရေးဖြစ်နိန်ရေ ဒေနှစ်ဆယ့်တစ်နောက်ဆုံးရာစုအတွက် ရခိုင်ရို့ နိုင်ငံရေးအတွေးအခေါ် (၀ါ) ရခိုင်သားတိုင်းလက်ကိုင်ကျင့်သုံးသင့်ရေ အယူအဆက ဇာချင့်ဖြစ်သင့်လဲ။ မျိုးဆက်သစ်ရခိုင်သမ ရခိုင်သားချေတိုင်းမှာ အဖြေကိုယ်စီတော့ ဟိကတ်ဖို့ လို့  ထင်ရေ။
ငါ့မှာကတော့ကေ ရခိုင်ပြည်သစ်ကို ထူထောင်လာကတ်ဖို့  မျိုးဆက်သစ်တိအတွက် စကားငါးခွန်းလက်ဆောင် ဟိရေ။ ယင်းချင့်တိက
(1) Respect for yourself
(2) Love for yourself
(3) Think for yourself
(4) Believe for yourself
(5) Free for yourself or an unconditional freedom over yourself
(၁) မိမိကိုယ်ကို လေးစားအသိအမှတ်ပြုပါ။
လူစွာ ကိုယ့်ကိုယ်ကို အယင်ဆုံးလေးစားရရေ။ ကိုယ့်သိက္ခာကို မိမိကိုယ်တိုင် အသိအမှတ်ပြုရရေ။ မိမိကိုယ်ကို တန်ဖိုးမထားမလေးစားရေ လူစွာ တခြားလူတိကိုလေ့ မလေးစားရေပိုင် တခြားလူတိကလေ့ ယင်းသူ့ ကို အသိအမှတ်ပြု
ဖို့ မဟုတ်။
(၂) မိမိကိုယ်ကို ချစ်မြတ်နိုးပါ။
လူစွာ ကိုယ့်ကိုယ်ကို အယင်ဆုံးချစ်တတ်ရရေ။ ကိုယ့်ကိုယ်ကို မချစ်တေလူစွာ တခြားလူတိကိုလေ့ မချစ်တတ်မစာနာတတ် နားမလည်တတ်တေပိုင် လူတိကလေ့ ယင်းသူ့ ကို ချစ်လာဖို့ မဟုတ်။ မြတ်နိုးတန်ဖိုးထားလာဖို့ မဟုတ်။
(၃) မိမိကိုယ်ကို စိုင်းစားတွေးခေါ်ပါ။
Don't just repeat what other people say, but use your own reason to develop a judgement. တခြားလူတိပြောစွာကို ထပ်မပြောကေ့။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်သုံးသပ်မှုနန့်  ဆုံးဖြတ်ချက်ချနိုင်အောင်လုပ်ပါ။ Forget all existing knowledge, trust only your own reason- the only certainty you have got. ဟိပြီးသား လူများတိစိုင်းစားထားပြီးသား အတွေးအခေါ်အယူအဆတိကို မိန့် ပစ်လိုက်။ အတွေးအခေါ်ဟောင်းတိမှာ ဒေခေတ်ကာလနန့် အသုံးမတည့်စွာတိ အများကြီးပါနိန်ရေ။ ကိုယ့်မှာဟိရေ အသေချာဆုံး ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ကို ယုံခြင်းက အကောင်းဆုံးပင် ဖြစ်တေ။
(၄) မိမိကိုယ်ကို ယုံကြည်ပါ။ (ဗုဒ္ဓဘုရားက ပြောခရေ မိမိကိုယ်သာ ကိုးကွယ်ရာ- အေချင့်က ဘာသာရေးအတွေးအခေါ်)
အဂု အေနိန်ရာမှာ ပြောချင်ရေ မိမိကိုယ်ကို ယုံကြည်ပါ ဆိုရေ တွေးခေါ်မှုက နိုင်ငံရေးတော်လှန်ရေးအတွက်။ လူစွာ ကိုယ့်ကိုယ်ကို အယင်ဆုံးယုံကြည်ရရေ။ ကိုယ့်ကိုယ်ကို ယုံကြည်ခါမှရာ တခြားလူတိကို ယုံပါလတ်တေ။ ယင်းအတွက်နန့်  တခြားလူတိကလေ့ အပြန်အလှန်ယုံရေ။ ငါလုပ်ကေ ဖြစ်တေ ဆိုရေ ယုံကြည်မှုမျိုး ဟိပါ။
(၅) မိမိကိုယ်ကို လွတ်မြောက်စီပါ။
လွတ်လပ်တေ တိုင်းပြည်နိုင်ငံဆိုစွာ လွတ်လပ်တေလူတိနန့် ဖွဲ့ စည်းထူထောင်ထားခြင်းပင် ဖြစ်တေ။ ရခိုင်ပြည်လွတ်လပ်ချင်ကေ ရခိုင်သား ရခိုင်သမ တစ်ဦးချင်း တစ်ယောက်ချင်းစီ အယင်ဆုံးလွတ်လပ်အောင် ကိုယ့်ခြီထောက်မှာ ကိုယ်ရပ်နိုင်အောင် မိမိကိုယ်ကို လွတ်မြောက်အောင် လုပ်ရဖို့ ။
ရခိုင်သားတိမှာ ဟိနိန်ရေ ဗမာကစနစ်တကျမှိုင်းတိုက်ထားရေ အကျင့်ဆိုးချေတခု ရခိုင်သားတစ်ယောက် ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် ပညာရေးအရ အတွေးအခေါ်အရ စီးပွါးရေးအရ ကြိုးစားအားထုတ်လုပ်ဆောင်ကေ အထက်ကိုတက်ဖို့  အားထုတ်ကေ မနာလိုကြီးကျပနာဝိုင်းပနာဆွဲချကတ်ခြင်းပင် ဖြစ်တေ။
မင်းလောင်းမရှာကေ့။ ဂေါင်းဆောင်မမျှော်ကေ့။ မိမိကိုယ်ကို မင်းဖြစ်အောင် ရခိုင်ပြည်သစ်ကိုထူထောင်နိုင်ရေ အမျိုးသားဂေါင်းဆောင်ဖြစ်အောင် ကြိုးစားပါ။ ရခိုင်ပြည်စွာ ငရဲပြည်ပိုင်မှောင်ကြီးကျနိန်အောင် ဗမာက လုပ်ထားရေ။ စက်ရုံအလုပ်ရုံလူမှုတက်လမ်း စီးပွါးရေးအခွင့်အလမ်း တခုချေလေ့ ရခိုင်ပြည်မှာ မဟိ။ ဗမာပဒေသရာဇ်ကိုလိုနီစစ်ဝါဒီတိ စနစ်တကျနှိပ်စက်နိန်လို့  ရခိုင်ပြည်က သောင်းနန့် သိန်းနန့် ချီရေ ရခိုင်သားတိ ပြည်ပတိုင်းပြည်တိကို
ထွက်ပြီးလာနိန်ကတ်ရရေ။
တိုးတက်တေ အနောက်တိုင်းကနိုင်ငံတိကို ရောက်လာကတ်တေ အချိန်မှာလေ့ မိမိ၏မွီးရာပါ အခွင့်အရေးဖြစ်တေ မိမိကိုယ်ကို လွတ်မြောက်အောင် တိုးတက်အောင် လုပ်ပိုင်ခွင့်တိစွာ အတားအဆီးအနှောင့်အယှက်တိနန့် ကြုံတွိနိန်ကတ်ရရေ။ တခြားလူတိတော့ မဟုတ်။ ရခိုင်ထဲက ရခိုင်တိ။ အယင်ရောက်နိန်ရေ တောင်းဆိုးတိ။ အေသူရို့ အတွေးအခေါ်က ကမ္ဘာဆိုရေ နာမေတပ်ပနာ တယောက်ဘားက ငါးဒေါ်လာစီကောက်ပြီးကေ လူမှုရေးအဖွဲ့  ဖွဲ့ ပနာ ရခိုင်သားချေတိကို ထိန်းချူပ်ထားလိုက်တေ။ ရခိုင်သားက ရခိုင်သားကို ရုန်းလို့ ရွံ့ လို့ လလွတ်လလပ်လားလို့ မရအောင် အချင်းချင်းကျစ်ထားလိုက်တေ။ ဆရာကြီး ပညာတတ်ကြီးဆိုရေ အရှိန်အ၀ါနန့်  ရခိုင်သားချေတိ ဦးနှောဏ်ကို ဖောက်စားလိုက်တေ။ အကျိုးရလဒ်က ရွက်နုချေတိ အညွန့် တလူလူတက်ဖို့ မရပဲ တောင်းဆိုးအချူပ်ခံလိုက်ရခြင်းပင် ဖြစ်တေ။ ငါးဒေါ်လာစီထည့်ပြီးကေ စတိတ်မန့် တိထုတ်ပနာ ဖုန်းကွန်ဖရင့်တိလုပ်နိန်ကတ်ခြင်းကိုပင် မဟာကြီးကျယ်ရေ အလုပ်
လို့ ထင်လားကတ်ပနာ ယုံကြည်ခြင်းအမှားနန့် လမ်းမှားထက်မှာ လားနိန်ကတ်တေ။ ငါးဒေါ်လာစိတ်ဓါတ် (၀ါ) မဆမအတွေးအခေါ်နန့်  တခုလူ့ ဘောင်ကိုလေ့ ထူထောင်လို့ မရ။ အေထက်ကြီးကျယ်မြင့်မြတ်ကျယ်ပြန့် ရေ အတွေးအခေါ်အမြင်သစ်တိ လိုရေ။
ကြီးကျယ်မြင့်မြတ်တေ အတွေးအခေါ်တိရလာဖို့  မိမိကိုယ်ကို လွတ်မြောက်အောင် အယင်လုပ်ရဖို့ ။ အမေရိကရောက်ကေ အမေရိကန်က အကောင်းဆုံးတက္ကသိုလ်တိမှာ တက်နိုင်အောင် ကြိုးစားရဖို့ ။ စီးပွါးရေးအားသန်ကေ သန်းကြွယ်သူဌေးဖြစ်လာအောင် လုပ်ရဖို့ ။ အင်္ဂလိပ်စကားပြောရေ တိုင်းပြည်ကို ရောက်ပြီးကေ အင်္ဂလိပ်စကား တလုံးချေတောင်မတတ်ဆိုကေ နတ်ပြည်ရောက်ပြီးကေ နတ်ပြည်အကြောင်းကို မသိမလေ့လာ မစူးစမ်းခြင်းရေ လမ်းမှန်ထက်မှာ လားနိန်ခြင်း မဟုတ်လို့ ပြောရဖို့ ။
ရခိုင်ပြည်လွတ်မြောက်ဖို့  သွီးစစ်တေ တော်လှန်ရေးလုပ်ချင်ကေ ရခိုင်သားရခိုင်သမတိုင်း မိမိကိုယ်ကို အယင်ဆုံးတော်လှန်ရဖို့ ။ အသွင်ပြောင်းရဖို့ ။ Transform လုပ်ရဖို့ ။ လွန်ခရေ ဆယ်နှစ်လောက်လေ့ ဒေအကျင့်စရိုက် (အချင်းချင်း အခြင်းပြောဖို့ ။ ရခိုင်အချင်းချင်းတယောက်ကိုတယောက် အပြစ်တင်နှိမ်ချဝေဖန်ဖို့ ။) အဂုလေ့ ဒေအကျင့်စရိုက် ဆိုကေ ငါရို့ ရခိုင်သားတိစွာ ဗမာကျွန်ဖြစ်ဖို့  ဒေကမ္ဘာမြီထက်မှာ မွီးပါလတ်ကတ်တေလို့ ရာ သုံးသပ်ရဖို့ ပိုင် ဖြစ်ပါလတ်ဖို့ ဒေ။
မာရာယုစိတ်ဓါတ်နန့် နိဂုံး
မာရာယုမဟိခကေ ရခိုင်ပြည်လေ့မဟိရေပိုင် ရခိုင်လူမျိုးလေ့ ဟိလာဖို့ မဟုတ်။ ယင်းအချိန် ယင်းကာလက မာရာယုလက်ထဲမှာ ဓါးချေတချောင်းရာ ဟိလီဖို့ ။ ယေကေလေ့ ငါဦးဆောင်ပနာတိုင်းသစ်ပြည်သစ်ထူထောင်လားဖို့  ဆိုရေ စိတ်ဓါတ်က အပြည့်ဟိနိန်လီဖို့ စွာ သေချာရေ။ ယင်းကာလက ရခိုင်ပြည်စွာ တောကြီးမျက်မည်း။ ယပြီးကေ လူသားစားရေ အရိုင်းအစိုင်းကောင်တိကလေ့ မာရာယုကို သတ်ဖို့ စောင့်နိန်ရေ။ အေပိုင် ရန်တိအားလုံးကို ရှင်းပနာ ပထမဓည၀တီကို ထူထောင်နိုင်ခရေ ရခိုင်သားအားလုံး၏အဖ မာရာယုနန့်  မာရာယုစိတ်ဓါတ်ကို ငါရို့ တိအတုယူသင့်ရေ။
ယင်းအတွက်နန့်  ဒေစာကိုဖတ်လိုက်တေ မျိုးဆက်သစ်တိ အေနိန့် ကပင် စပနာ ရခိုင်အမျိုးသားဂေါင်းဆောင်တိ ဖြစ်လာအောင် လုပ်ယူပါ။ နောင်တချိန်မှာ ရခိုင်သားတိက ရုပ်ထု ထုပနာ ဂုဏ်ပြုလာဖို့  ရခိုင်သားတိုင်း၏အိမ်မှာ ဓါတ်ပုံချိတ်ဆွဲထားလာဖို့  ဂေါင်းဆောင်တိဖြစ်လာအောင် ဒေနိန့် ကာလ ရခိုင်သားချေတိ ကြိုးစားဖို့ လိုအပ်တေ။ ရခိုင်ဆိုရေ လူမျိုးတမျိုး ဗမာပဒေသရာဇ်ကိုလိုနီနယ်ချဲ့ ဒမြစစ်ဝါဒီတိ လက်ထဲမှာ မျိုးမတုံးလားစီဖို့  ရခိုင်မျိုးဆက်သစ်ချေတိ အရာရာကို စွန့် လွှတ်ပနာ တိုက်ပွဲဝင်လားကတ်ရဖို့  တာဝန်က ပက်ခုံးထက်ကို ကျပါလတ်တေ။ ဒေ နှစ်ဆယ့်တစ်နောက်ဆုံးရာစုမှာ ရခိုင်ပြည်
နန့် ရခိုင်လူမျိုး လွတ်မြောက်ရဖို့  ဆိုရေ သံဓိဌါန်ကို ချပနာ အားသစ်အတွေးအခေါ်သစ် နည်းလမ်းသစ် ပုံစံသစ်နန့်  သွီးစစ်တေတော်လှန်ရေးကို ဖော်ဆောင်လားကတ်ရပါဖို့ ။
မြောက်ဦးကဘီလူး
၉၊၁၁၊၂၀၁၀
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
အိပ်ဖွင့်ပီးစာ
05:02
သီးခြားလွတ်လပ်တေရခိုင်ဘုရင့်နိုင်ငံတော်နန့် အချူပ်အခြာအာဏာကျဆုံးလားရခြင်းအတွက် ၂၂၆ နှစ်မြောက် ၀မ်းနည်းခြင်းနိန့် အခန်းအနားကျင်းပခြင်းရေ ဒေနှစ်နောက်ဆုံးဖြစ်သင့်ရေ။ နောက်ဆုံးဖြစ်လာအောင်လေ့ ရခိုင်သူရခိုင်သားတိ ယုံယုံကြည်ကြည်
နန့် ရခိုင်လွတ်မြောက်ရေးလှုပ်ယှားမှုကြီးကို တက်ညီလက်ညီ အကောင်အထည်ဖော်လုပ်ဆောင်လားကတ်ရပါဖို့ ။ အဂုပိုင် မလွတ်လပ်တေဘ၀ကို ကျရောက်လားရခြင်းအတွက် ထိုင်ငိုဝမ်းနည်းနိန်ရခြင်းကို အဆုံးသတ်နိဂုံးချူပ်ပစ် လိုက်ရဖို့ အချိန် ကာလတခု ရာစုသစ်တခုကို ရောက်လာကတ်ပါဗျာယ်။ အေပိုင် တစ်နှစ်တစ်ခါ ၀မ်းနည်း ကြွီကွဲ နိန်ရခြင်းနိန်ရာမှာ ပျော်ရွှင်ကြည်နူးဝမ်းမြောက်ဝမ်းသာခြင်းအပြည့်နန့် ရခိုင်ရို့ လွပ်လပ်တေနိန့်  (၀ါ) ရခိုင်ပြည်လွတ်လပ်ရေးနိန့် ကို အစားထိုးကျင်းပလာနိုင်အောင်လုပ်လားကတ်ရပါဖို့ ။
ရခိုင်ရို့ သမိုင်းကို တချက်ချေလောက် နောက်ပြန်လှည့်ပနာ ကြည့်လိုက်ဖို့ ဆိုကေ သမိုင်းမှာ သမိုင်း ဟိစွာကိုတွိရပါရေ။ သမိုင်းကို အထိရောက်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုပီးနိုင်ရေစကားတစ်လုံးက အပြောင်းအလဲ ပင်ဖြစ်တေ။ ယင်းအတွက်နန့် ရခိုင်ရို့ 
လူ့ ဘောင်ယိုင်ကျေးမှုဖြစ်ထွန်းတိုးတက်ပြောင်းလဲခြင်းတိထဲမှာ အပြောင်းအလဲကို လေ့လာတွိရပါရေ။ လူ့ အဖွဲ့ အစည်းတိုင်းပြည်နိုင်ငံတိစွာ ပြောင်းလဲတတ်တေ သဘောသဘာဝဟိရေပိုင် ရခိုင်ရို့ လူ့ ဘောင်လေ့ သမိုင်းမှာ ခေတ်ကာလနန့် အညီ တိုးတက်ပြောင်း လဲလာခစွာကိုတွိရရေ။ ရခိုင်နိုင်ငံရေးသမိုင်းကိုလေ့လာကြည့်လိုက်ကေ ပထမသက်ဦးဆံပိုင် ဘုရင် စနစ်နန့် အုပ်ချူပ်ခစွာကို တွိရရေ။ ယပြီးကေ စည်းမျဉ်းခံဘုရင်စနစ်၊ သုခမိန်ပညာတတ်တိ ထိန်းကွပ် ထားရေစနစ်တိကို တဆင့်ပြီးကေတဆင့်တက်ပနာ ကျင့်သုံးလာခကတ်စွာကို တွိရပါရေ။ ၁၈ ရာစု နှောင်းပိုင်းမှာ ရခိုင်ပြည်သူလူထုရေ လူထုအုပ်ချူပ်တေ ဒီမိုကရေစီစနစ်နန့်  ပြည်သူ့  သမ္မတနိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းခကတ်စွာကို တွိလာရရေ။ နှစ်ပေါင်းထောင်နန့် ချီပနာ ကျင့်သုံးပါလတ်တေ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီးကေ လူထုကအုပ်ချူပ်တေ ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ ကြိုးစား ကတ်တေခါ ကမ္ဘာ့လူ့ အဖွဲ့ အစည်းတိုင်းပြည်နိုင်ငံတိမှာ ကြုံတွိခကတ်ရရေအတိုင်း ဘုရင်စနစ်ကိုရာ ကျင့်သုံးချင်ရေ လူတိနန့်  တိုးတက်တေ ခေတ်သစ်အုပ်ချူပ်ရေးပြည်သူ့ သမ္မတနိုင်ငံထူထောင်ချင်ရေ လူတိကြားမှာ အငြင်းပွါးမှုပဋိပက္ခတိ ဖြစ်ပါလတ်ကတ်တေ။ ယေကေလေ့ နောက်ဆုံးမှာ ပြည်သူ့  သမ္မတနိုင်ငံထူထောင်ချင်ရေအုပ်စုက အနိုင်ရပြီးကေ မဟာသမ္မတရာဇာကို ရခိုင်ပြည်သူ့ သမ္မတနိုင်ငံ ၏ပထမဆုံးသမ္မတတိုင်းပြည်ဂေါင်းဆောင်းအဖြစ် ရွီးချယ်တင်မြှောက်လိုက်ကတ်တေ။ စနစ်သစ်တစ်ခု ကို ချီတက်လားကတ်တေခါ ထုံးစံအတိုင်း အခက်အခဲအတားအဆီးနန့် ကြုံတွိခရရေ။ အေပိုင် အပြောင်းအလဲကာလမှာ အားပျော့အားနည်းချက်တိဖြစ်နိန်ရေ ရခိုင်ပြည်ကို ဗမာပဒေသရာဇ်မောင်ဝိုင်း က ကျားချောင်းရေပိုင် ချောင်းနိန်ခရေ။ ရခိုင်ပြည်ကို ၀င်တိုက်ဖို့  ပဒုံမင်းမောင်ဝိုင်းစွာ သုံးနှစ်အချိန်ယူ ပြင်ဆင်ခရေလို့  သမိုင်းမှတ်တမ်းတိမှာ တွိရရေ။ ပြောရ
ဖို့ ဆိုကေ ငသံဒေ လားခေါ်ခေါ် မခေါ်ခေါ် ဗမာစွာ ရခိုင်ကိုရန်သူလို့ သတ်မှတ်ပနာ ၀င်တိုက်ဖို့  အချိန်တိုင်းမှာချောင်းနိန်ခရေ။ ရခိုင်သူရခိုင်သားရို့  အားလုံးသိကတ်တေအတိုင်း စနစ်သစ်တခုကို အခြီကျအောင်တည်ဆောက်နိန်ရလို့  အားနည်းချက်ဖြစ် နိန်ရရေ စည်းလုံးညီညွတ်ရေးတိပြိုကွဲနိန်ရရေ ရခိုင်ပြည်စွာ ဗမာတိစစ်မကြေငြာပဲ အငိုက်မှာ ဒမြ ၀င်တိုက်နယ်ချဲ့ ခြင်းကိုခံလိုက်ရပနာ ရခိုင်ပြည်သူ့  သမ္မတနိုင်ငံရေ အေဒီ ၁၇၈၅ ခုနှစ် ဂျန်န၀ါရီလမှာ ကျဆုံးလားခရရေ။
အေဒီ ၁၇၈၅ ခုနှစ်ကပင် ၁၈၂၆ ထိ ဗမာပဒေသရာဇ်ဒမြတိ ရခိုင်ပြည်ကို နှစ်ပေါင်းလေးဆယ် ဂုတ်သွီးစုပ်ကိုလိုနီလုပ်တေကာလမှာ အပြစ်မဲ့ရေ ရခိုင်ပြည်သူလူထု သိန်းနန့် ချီပနာ အသတ်ခံခရရေ။ ၁၈၂၆ ခုနှစ်မှာ ရန္တာပိုစာချူပ်အရ ရခိုင်ပြည်စွာ ဗမာပဒေသရာဇ်ဒမြတိလက်ထဲက အင်္ဂလိပ်ကိုလိုနီ လက်ထဲကို ရောက်လားခရရေ။ ၁၇၈၅ ခုနှစ်မှာ ရခိုင်ပြည်ကို ဗမာပဒေသရာဇ်ဒမြတိ ၀င်ပနာ ဒမြ တိုက် သိမ်းပိုက်ပြီးကေ နှစ်ပေါင်းတစ်ရာပြည့်ရေအချိန် ၁၈၈၅ ခုနှစ်မှာ လူစိတ်မဟိရေ ဗမာပဒေသရာဇ်ဒမြ စနစ်ကို အင်္ဂလိပ်က နိဂုံးချူပ်ပီးလိုက်တေ။
၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ဘားက လွတ်လပ်ရေးရစွာနန့်  မင်းသားဂေါင်းဆောင်ထားရေ ဗမာပဒေသရာဇ်ဒမြစရိုက်က ပြန်ပေါ်ပါလတ်တေ။ ယင်းအတွက်နန့် အားလုံးသိကတ်တေအတိုင်း ပြည် တွင်းစစ်ဖြစ်ပါလတ်စွာ ဒေနိန့်  ထက်ထိပင် ဖြစ်တေ။ အေပုံစံအတိုင်းရာ ရှိဆက်ပြီးကေလားနိန်ကေ နှစ်တစ်ရာပြည့်ရေ ၂၀၄၈ ခုနှစ်မှာ ဗမာပြည်လုံးဝ ပြိုပျက်လားနိုင်စွာကို ကြောင်းပနာ လှမ်းမြင်နိန်ရရေ။ တရုတ်က နယ်ချဲ့ ကိုလိုနီလက်သစ်ဝါဒနန့်  ၀င်သိမ်းကေသိမ်း မဟုတ်ကေ ဗမာမဟုတ်တေလူမျိုးတိက စစ်မျက်နှာပေါင်းစုံဖွင့်ပနာ ဗမာမုဒိမ်းတပ်မတော်နန့်  ပဒေသရာဇ်အာဏာသျှင်စစ်စနစ်ကို အမိုက်ဇာတ် သိမ်းပီးလာနိုင်ရေ။
ဒေပိုင်အရေးကြီးရေ ကာလမှာ ရခိုင်သူရခိုင်သားတိ ဇာပိုင်ပြင်ဆင်ထားကတ်ဖို့ လဲ။ နှစ်ပေါင်းရာနန့်  ချီပနာ ဆုံးယှုံးပါလတ်တေ လူမျိုးတစ်မျိုး၏အခွင့်အရေးကို ဇာပိုင်ပြန်ရအောင်ယူကတ်ဖို့ လဲ။
ပထမရခိုင်အမျိုးသားညီညွတ်ရေးကိုတည်ဆောက်လားကတ်ရပါဖို့ ။ ရင်လီးဖို့ ကောင်းပါရေက စပနာ ညီညွတ်ကတ်ပါဝေ
နန့် ဆုံးရေ ပြောနိန်ကျဆိုနိန်ကျညီညွတ်ရေးမျိုးမဟုတ်ပဲ သွီးစစ်လက်တွိကျရေ ညီညွတ်ရေးကိုတည်ဆောက်လားကတ်ရပါဖို့ ။ သွီးစစ်တေညီညွတ်ရေးဆိုစွာ ဘုံပန်းတိုင်တခုတည်းဟိ ခြင်းပင် ဖြစ်တေ။ ရခိုင်လူ့ ဘောင်ထဲမှာ အဖွဲ့ အစည်းတိ အများကြီးဟိနိုင်ရေ။ ကိုယ့်အမြင်သူ့ အမြင် ခြားနားကွဲပြားမှုတိ ဟိနိုင်ရေ။ ရခိုင်လူ့ အဖွဲ့ အစည်းတိုးတက်ဖွံ့ ဖြိုးလာဖို့  ပုံစံမျိုးစုံနန့်  ချဉ်းကပ်အဖြေ ရှာမှုတိ ဟိနိုင်ရေ။ တော်လှန်ရေး၊နိုင်ငံရေး၊ ပညာရေး၊ စီးပွါးရေး၊ လူမှုရေး သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ လူ့ အခွင့်အရေး စရေ အသွင်သဏ္ဍာန်ပေါင်းစုံနန့်  လှုပ်ယှားနိန်ကတ်စွာတိ ဟိကတ်ဖို့ ။ ယေကေလေ့ ရခိုင်ပြည်နန့် ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးဆိုရေ ဘုံပန်းတိုင်က တခုတည်းရာ ဟိရဖို့ ။ အေဘုံပန်းတိုင်ဘားကို ရခိုင်သမရခိုင်သားအားလုံး ချီတက်လားကတ်ခြင်းရေ သွီးစစ်တေ အမျိုးသားညီညွတ်ရေးကို လက်တွိကျကျ အကောင်အထည်ဖော်ခြင်းပင် ဖြစ်တေ။
ဒုတိယ ရခိုင်ဘာသာစကားစာပီကို ဖော်ထုတ်လားရေးပင်ဖြစ်တေ။ ကမ္ဘာ့တိုင်းပြည်နိုင်ငံတိမှာ ပြန့် နိန်ကတ်တေ ရခိုင်သားတိကို သွီးစစ်တေညီညွတ်လမ်းကြောင်းထက်ကို တင်ပီးဖို့  ရခိုင်ဘာသာ စကားစာပီစွာ အဓိကဖြစ်နိန်ရေ။ အမင်ဘာသာစကားစာပီနန့် မချိုင်ထားကေ ဖောင်ပျက်ဝါးပိုင် တစစီ ကြင်းပနာ တခါချေလေ့စုစည်းလို့ ရလီဖို့ မဟုတ်ဗျာယ်။ ကိုယ်ပိုင်ဘာသာစကားစာပီကရာ ကိုယ်ပိုင် ခံစားချက်အသိတရားနန့်  နိုင်ငံရေးနိုးကြားမှုကို ရှင်သန်လာအောင် လုပ်ပီးနိုင်ပါဖို့ ။
နိဂုံးချူပ်ပြောရဖို့ ဆိုကေ အဂုပိုင်အရေးကြီးရေအလှည့်အပြောင်းကာလမှာ ရခိုင်သူရခိုင်သားတိ ကိုယ်ရို့ ၏အဓိကရန်သူကို သိဖို့ လိုရေ။ ရန်သူဇာလုပ်နိန်လဲ။ ဇာခြီလှမ်းကို လှမ်းပနာလားနိန်လဲ။ ရန်သူက ဇာမူဝါပေါ်လစီ မဟာဗျူဟာနည်းဗျူဟာတိကို ကျင့်သုံးနိန်လဲ ဆိုစွာ သိထားရဖို့ ။ ရန်သူကို မသိခြင်းရေ နိုင်ငံရေးတိုက်ပွဲမှာ အရှုံးကြီးရှုံးဖို့ လမ်းစပင် ဖြစ်တေ။တဆက်တည်းပြောရဖို့ ဆိုကေ ပါဝါ ကရာ အကောင်းဆုံးနိုင်ငံရေးအဖြေကို ထုတ်ပီးတတ်တေ။ အင်အားဇာပိုင် တည်ဆောက်ရဖို့ လဲ ဆိုစွာ ကို စိုင်းစားတတ်ခါမှရာ နိုင်ငံရေးအပြောင်းအလဲကို လှမ်းမြင်ကြည့်နိုင်ဖို့ ။ ဒေနှစ်ဆယ့်တစ်ရာစု ရခိုင်ပြည်နန့် ရခိုင်တမျိုးသားလုံးလွတ်မြောက်လာဖို့  ရခိုင်သူရခိုင်သားတိအားလုံး တာဝန်ယူမှု ကိုယ်စီ နန့်  အမျိုးချစ်ခြင်းကို လက်တွိပြသင့်ပါရေ။ ။ ။
ခိုင်အောင်အောင်
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ဆောင်းပါး
04:48
ဝန်ကြီးတဦးအဖြစ်၏အဓိပ္ပါယ်မှာ ပြည်သူလူထုအတွက် အမှုထမ်းခြင်းသတ်သတ်သာဖြစ်၏။ မည်သို့ပင်ဆိုစီကာမူ..အကယ်၍…၀န်ကြီးအဖြစ်အား သာယာကျေနပ်နှစ်သိမ်းမှု (၀ါ) ဂုဏ်ဒြပ်သြဇာရယူရန် နည်းလမ်းတခုအဖြစ် သူ၏အတွင်းစိတ်၌ ထင်မြင်ယူဆထားပြီး ထိုရာထူးသည် အသုံးပြုခြင်းခံရပါက၊ ပြည်သူပြည်သားများ တိုးတက်ကြီးပွားမှုကို အဟန့်အတားဖြစ်စီ၍၊ ဖေါက်ပြန်အဂတိလိုက်စားမှုနှင့် လူ့အဖွဲအစည်းအား သောင်းကျန်း ဗိုလ်ကျပြီး ယုတ်ညံ့သောကိုယ်ကျင်တရား လမ်းသွယ်ထဲသို့ ဇောက်ထိုးခုန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ကြောင်ရွံ့ခြင်းနှင့် လုံခြုံမှုမဟိခြင်းများက လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိမ့်မည်၊ လူသားများကို တားဆီးချုပ်တည်၍ ထားကြလိမ့်မည်။ဤသည်မှာ ကြောက်ရွံ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းများအား နှိမ်နင်းအောင်မြင်စီလိုရန် လူသားများ အတွက် သဘာဝအကြောင်းတရားဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ အများစုသည် လုံခြုံမှု ဟိလာစီရန်၊ လုံခြုံမှုစိတ်ချလာအောင် အမြဲတမ်းလိုလို တခုခုလုပ်တတ်ကြပါသည်။ အကျိုး ဆက်အားဖြင့် အာဏာပါဝါ၏ထိုင်ခုန်အတွက် ကြိုးစားအားထုတ် တော်လှန်လာကြ တတ်သည်။ မည်သို့ပင်ဆိုစီ..ထိုပုဂ္ဂိုလ်များသည် အာဏာပါဝါရလာပြီးနောက် ထိုအာဏာ ပါဝါအား စွဲမက်လာကြသည်….မှာ…အမှန်စင်စစ် အာဏာပါဝါမဟုတ်ပါ။ သူရို့၏၀တ္တရားများ ဆောင်ရွက်ကြရန် ၀န်ကြီးယုံးထဲသို့ ရောက်လာကြသည့်တိုင်အောင် သူရို့သည် အနည်းဆုံး အလုပ်လောက်သာ ပြီးစီအောင်မြင်နိုင်ကြသည်။ သူရို့လုပ်ငန်းဆောင်တာ မပြီးစီးသည်ကို ကြည့်၍ သူရို့အားပြစ်တင်ပုတ်ခတ် ဝေဖန်ခြင်းမပြုပါနှင့်။ အာဏာပါဝါ၏ထိုင်ခုန်ကို ရယူ သိမ်းဆည်းလိုက်ပြီးသည့်နောက် သူရို့၏ ငါတကော့ကော့၍ ငေါ့ပြောခြင်းသည် သူရို့၏ စိတ်တွင်း၌ ကြောင်ရွံ့စိုးရိမ်လျက် ကျန်ဟိနီဆဲပင်ဖြစ်သည်။ အဟုတ်အမှန်ပင်… ကြောက်ရွံ့ စိုးရိမ်ခြင်းအမျိုးမျိုးသည် စိတ်တွင်း၌ ပိုမိုတိုးမြင့်လာသည်။ အကယ်၍ ကျပ်တည်းတင်းမာမှုနှင့် ကြောက်ရွံ့စိုးရိမ်နီပါက သင်သည်အပြုသဘောဆောင်သည့် ဖန်တီးမှုအတွီးအခေါ်သစ်နှင့် အတူ အောက်ခြီခံမြင့်မားလာနိုင်မည့် မဟုတ်ပါ။ ထို့ကြောင်း သင်သည် အလုပ်မြောက်များစွာ မလုပ်နိုင်၊ သင့်လူ့အဖွဲ့အစည်းအတွက်လည်း မလုပ်နိုင်သလို၊ သင့်ကိုယ်ရည်အတွက်လည်း လုပ်နိုင်မည်မဟုတ်ပေ။ဝန်ကြီးများ သူရို့ရလိုကြသည့် သူရို့၏လမ်းကြောင်းကို မရောက်လျင် ၀န်ကြီးများရာထူးမှ နှုတ်ထွက်ကြမည်ဟု ခြိမ်းခြောက်တတ်ကြသည်များကို သင်ရို့မကြာမဏ ကြားကတ်ရပါ လိမ့်မည်။ တချို့နောက်လိုက်များက သူရို့ကိုသူရို့ကိုယ်တိုင် သတ်သီရန်ထိ ခြိမ်းခြောက်တတ် ကြသည်။ သို့သော် ရာထူးမှနှုတ်ထွက်ရန် ဇောတိကတက်ခြင်းသည် တာဝန်မဲ့ခြင်းသာ ဖြစ်သည်။ ဂုဏ်ယူဖွယ်ရာမဟုတ်ပါ။ အနစ်နာခံ စွန့်လွှတ်ခြင်းလည်း မဟုတ်ပါ။ ဤသည်မှာ ပြည်သူမှ အထွတ်တမြတ်လွှဲအပ်ထားသော တာဝန်ဝတ္တရားကို စွန့်လွှတ်ခြင်းအပြုအမူသာ ဖြစ်သည်။ သင်သည် သင်၏ရာထူးစွန့်လွှတ်ခြင်းအား ဇောတိကမာန်မာန ဂုဏ်မောက်ရ လောက်အောင်ထိ ၀န်ကြီးအဖြစ်သည် ဇိမ်ခံပစ္စည်းတခုကား မဟုတ်ချေ။ အလားတူပင်… ၀န်ကြီးရာထူးအား တစုံတယောက်အား အပ်နှံခြင်းသည် ၀န်ကြီးအဖြစ်ရွီးချယ်ခံရသူ၏ အကောင်းဆုံးအစေခံဝန်ထမ်းမှုကို မျှော်လင်းခြင်း၊ တောင်ဆိုခြင်းသာဖြစ်၏။ ၄င်းသည် ဆုလဒ်တခုအဖြစ် အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုဖို့ကား မဟုတ်ချေ။သင်၌ အေကန်စင်စစ် မွီးရာပါကိုယ်ပိုင်ပါဝါစွမ်းရည်ဟိပါက ပြည်သူအကျိုးစီးပွားအတွက် အမှန်ပင်အမှုထမ်းလိုရန် အာဏာရာထူး (၀ါ) အဏာပါဝါထိုင်ခုန်ကား မလိုအပ်ပါ။ မဟတ္တမဂန္ဒီ ပြည်သူ့အကျိုးဆောင်ရွက်နိုင်ခသကဲ့သို့ တရားဝင်ရာထူးဌာနန္တရမဟိဘဲ လူထုအကျိုးစီးပွား အတွက် သင်ပိုပြီးကောင်းကျိုးပြုနိုင်သည်။ ဆောင်ရွက်နိုင်သည်။ မကြာခဏလိုလို အုပ်ချုပ်သူ တဦးသည် မှန်ကန်ပြုပြင်ရေးသမား တယောက်မဟုတ်သလို၊ မှန်ကန်ပြုပြင်ရေးသမား သည်လည်း အုပ်ချုပ်ရေးသမားတယောက်မဟုတ်ပါ။ မှန်ကန်ပြုပြင်ရေးသမားသည် အုပ်ချုပ်မှု အာဏာကို မလိုလားပါ။ မမက်မောပါ။ပြည်သူလူထုအများစုအား လှုံ့ဆော်မှုပင်ရင်းအချက်အလက်များမှာ ထိခိုက်လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပင်ဖြစ်၏။ စါမတတ်သူ ဦးရည်များလာသောအခါ ထိခိုက် လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပို၍ ဖြစ်လာတတ်ကြသည်။ ဤနီရာမှာ ကျယ်ပြန့်သည့်ပညာရေး စနစ်နှင့်ပါတ်သက်လို ဆန်ကျင်တန်ပြန်ပြုရန် အရေးကြီးသည် တခုမှာ ဘာသာရေးပညာရပ်နှင့် သိပ္ပံပညာရပ်နှစ်ခုစလုံးပင်ဖြစ်သည်။နိုင်ငံရေးဂေါင်းဆောင်အများစုသည် စစ်မှန်သောပြည်သူ့ဝန်ထမ်း အယူအဆအား မိုက်မဲစွာ မျက်ကွယ်ပြထားကြသည်။ ဥပေက္ခာပြုထားကြသည်။ လူမျိုး၏ထုံးတမ်းစိုင်လာ ဘောင်နယ် နမိတ်များကို ကျော်လွန်၍၊ ဘာသာရေးဓလေ့ထုံးတမ်း ဘောင်နယ်နမိတ်များကို ကျော်လွန်၍၊ အမျိုးသားရေးဆိုင်ရာ ဘောင်နယ်နမိတ်များကို ကျော်လွန်၍ အနည်းငယ်သော စွန်စား လုပ်ဆောင်ချက်များ ဟိကြပါ၏။ ထိုနယ်နမိတ်ဘောင်များနှင့် ချုပ်တည်သတ်မှတ်ထား လိုက်သောအခါ သူရို့ကိုသူရို့ကိုယ်တိုင်အား ဘေးဥပါဒ်ဖြစ်စီသလို၊ တခြားသူရို့နှင့် ဆက်နွယ်နီသည့် ပါတ်ဝန်းကျင်တခုလုံးလည်း ထိခိုက်နစ်နာ ပျက်စီးကြရသည်။ ထို့ကြောင်း နိုင်ငံရေးသမားများသည် လူမှုရေးတာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌၊ တိုင်ပြည်အား ဦးစီးဦးဆောင်လမ်းပြရာ၌ နိုင်ငံရေးပညာရပ်များ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ၏။ အရေးကြီးသည့်အချိန်ကာလဖြစ်သော ကမ္ဘာမိသားစု (Global Family) ၏ အချိန်နှင့်အမျှ လျှင်မြန်လှုပ်ယှားနီကြောင်းကို ကောင်းကောင်းနားလည် သဘောပေါက်ထားရမည်။ ညက်နီအောင် တတ်မြောက်ထားရမည်။ နွးကျီအောင်လည်း သိထားရမည်။ဝန်ကြီးများသည် မြှောက်ပင့်ကပ်မျှောင်နီသော နိုင်ငံရေးသံချီးတက်များအားဆန့်၍ ဘေးအန္ဒရယ်လုံခြုံအောင် ကာကွယ်ရန် သူရို့၏စွမ်းရည်များကို ပြုစုပျိုးထောင်ထားရန်လည်း အလွန်အရေးကြီးစွာလိုအပ်ပါသည်။ အမှန်ပင်….သူရို့၏အတွင်းစိတ် (inner voice) ကို လိုက်နာသင့်သည်။ သူရို့၏ လမ်းညွှန်မှုသည် အမှားများထဲမှ အကောင်ဆုံးမှန်ကန်မှုကို ရွီးချယ်စီးစစ်ရန် အတွင်းစိတ်၏အလွန်ကောင်းမွန်သော မူပိုင်လမ်းညွှန်မှုကို လိုက်နာ သင့်သည်။အယုံအကြည်ကင်းမဲ့သော နိုင်ငံရေနယ်ပယ်မှ ကျန်တော်ရို့လွတ်မြောက်ရမည်။ အမုန်ပွားစီသောနိုင်ငံရေးနွံအိုင်ထဲမှ ကျန်တော်ရို့လွတ်မြောက်ရန် ကြိုးစားရမည်။ စစ်မှန်သော အမြှော်မြင် ဆင်ခြင်တုံတရားနှင့်ပြည်စုံသော နိုင်ငံရေးမူဝါဒသည် ဘာသာစကားကွဲပြားမှု၊ အယူအဆ ယုံကြည်ချက်ကွဲပြားမှု၊ ဘာသာရေးမတူကွဲပြားမှု၊ ဇာတ်နိမ့်ဇာတ်မြင့် မတူကွဲပြားမှုများအား တပြေးညီသဘောထားဖြင့် ပြုစုစောင့်ယှောက်ရန်သာဖြစ်သည်။ အစေခံအမှုထမ်းခြင်းသည် နိုင်ငံရေးအာဏာပါဝါ၏ ဦးတည်ချက်ဖြစ်လာသောအခါ (နိုင်ငံရေး) လှုပ်ယှားမှုတရပ်လုံးသည် တိုးတက်၊ ကြီးပွားချမ်းသာ၊ ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲ လာကြသည်။ မည်သို့ပင်ဆိုစီ နိုင်ငံရေးပါတီများသည် မကြာခဏလိုလို အတူတကွ ဖြစ်လာကြသည့်အကြောင်းရင်မှာ ဘုံရန်သူအား တိုက်ခိုက်နှိမ်နင်းရန်အတွက် တခုတည်းသာ ဖြစ်ကြသည်။ ဘုံ်ရည်မှန်ချက်ပန်းတိုင် (သို့မဟုတ်) ဘုံအကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား) အတွက်ကား မဖြစ်နိုင်ကြချေ။ သူရို့၏ညီညွတ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် မုန်းတီခြင်း (၀ါ) ရန်ငြိုးများအား အောက်ခြီခံ၍သာဖြစ်ကြသည်။ မတူကွဲပြားခြားနားသောပါတီများ တိုင်ပြည် အကျိုး၊ ပြည်သူအကျိုး၊ အများအကျိုးများအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုတိုးမြင့်မက တိုးမြှင့်လာအောင် အတူတကွပူးပေါင်းလုပ်ဆောင်သင့်သည်။ ရန်ငြိုးအမုန်းတရားကြီး စိုးမိုး၊ လွှမ်းမိုးသည့်နိုင်ငံရေးမူဝါဒ အဆုံးသတ်သင့်ပြီဖြစ်၏။အလွန်ချမ်းသာကြွယ်ဝသည့် မြီပိုင်သျှင်သူဌေးတယောက်သည် ပန်ခြံအလုပ်သမားနှစ်ဦး ငှား၍ ပန်းခြံ၌အလုပ်လုပ်ခိုင်စီ၏။ နှစ်ဦးစလုံးအား တလှည့်စီပြောင်း၍ လုပ်ခိုင်းစီ၏။ နှစ်ဦးစလုံးပင် ပန်ခြံအားမည်ကဲ့သို့ တိုးတက်ပြောင်းလှဲသင့်သည်။ မည်ကဲ့သို့ ပြုပြင်သင့်သည်နှင့်ပင် သဘောထားကွဲလွဲကြလီ၏။ အလုပ်သမားတဦးက မြီလောက်သာ ပြုပြင်ယှင်းလင်းထား၏။ နောက်လုပ်သမားတဦးရောက်လာသောအခါ ပထမအလုပ်သမား၏ မပြီးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲချန်ထား၍ သူလုပ်လိုသောအလုပ်ကိုသာ ပြောင်လွဲလုပ်လီ၏။ ဤကဲ့သို့ တဦး၏အလုပ်ကိုတဦးက ချန်ထားခြင်ဖြင့် လပေါင်းများစွာ ကြလာ၏။ နောက်ဆုံးမှာ ပန်းခြံကြီးသည် မည်သည့်ပန်းပင်မှ မစိုက်ပျိုးနိုင်ဘဲ၊ မည်သည့်ပန်းပွင့်မှ မထုတ်လုပ်နိုင်ဘဲ ပေါင်းမြက်ထူလျက် ဆက်လက်ကျန်ဟိနီဆဲပင်။ သူရို့၏တတ်စွမ်းမှုစွမ်းရည်များသည် အချဉ်းအနှီးကြွားဝါမှုသာ ဖြစ်လီ၏။အထက်ဖေါ်ပြပါဥပမာနှင့် လက်ဟိနိုင်ငံရေးပါတီများ၏ မူဝါဒလမ်းစိုင်များနှင့် လုပ်ငန်းများသည် တထပ်တည်း၊ တထည်ရာတည်း ကွက်တိစွပ်ပိုက်ပင်တူနီပါ၏။ ဤကဲ့သို့လည်း ဆောင်ရွက်ကြ၏။ ယခင်ပါတီ၏ မပြီးဆုံးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲ ချန်ထား၍ သွားပုတ်လီလွှင့်ပြောခြင်းဖြင့် အချိန်များကို ဖြုံးတီးပစ်ကြ၏။ ကျန်ဟိနီသော နိုင်ငံရေပါတီများ၏ လုပ်ငန်းများအား ဖြည့်စွက်လိုက်သည့်အခါ၊ နိုင်ငံရေးပါတီတခုနှင့်တခု လေးစားချီးမြှင့်လာကြသည့်အခါ အိန္ဒီယာသည် အမှန်ပင်တောက်ပြောင်ထွန်းလင်း လာလိမ့်မည်။ (ဆတ်ယူဂ (အိန္ဒီယသမိုင်း၌ အလွန်တိုးတက်ခသည့် Satyuga) ခေါတ်တခေါတ်ဟိဖူးခပါ၏။ ၄င်းခေါတ်၏လူသားများသည် အလွန်ရိုးသား၍ မင်းကောင်း မင်းမြတ်များပေါ်ခပါ၏။) သို့မဟုတ် အားလုံးသောနိုင်ငံရေးပါတီများ ဘုံဦးတည်ချက် ပန်းတိုင်သို့ ဦးတည်လာကြသည့်အခါ ရွှီရောင်လွှမ်းသောခေါတ်သို့ ရောက်လာကြလိမ့်မည်။ ဆင်းရဲခြင်းအတိဒုက္ခမှ သက်သာခွင့်ရလာကြလိမ့်မည်။ ဆင်းရဲသူဆင်းရဲသားများအား အာမခံသည့်ဘ၀ကို ထူထောင်ခွင့်ရနိုင်ကြလိမ့်မည်။ စာနာတတ်သည့်စိတ်ထားများ၊ သနားညှာတာတတ်သည့်စိတ်ထားများ ကိမ်းဝပ်နိုင်ကြလိမ့်မည်။ အပြစ်ကင်မဲ့သူပြည်သူ ပြည်သားများအတွက် လုံခြုံမှုပိုမိုရဟိလာကြမည်။ ဖေါက်ပြန်ပြီး အဂတိလိုက်စားသော နိုင်ငံရေးသမားများလည်း ပေါ်ပေါက်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။
ဘာသာပြန်ခိုင်မြသိန်း (ချောင်းသာကြီး)
August 31, 2004Dum Dum Central Jail, Kolkatta, India.Thursday, May 27, 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသော မဟာဗောဓီး The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ သျှရီသျှရီရာဗီချန်ကာ (Sri Sri Ravi Shankar) ရွီးသားဖေါ်ပြသော { The Seat of Power: Pride or Service} အား ရခိုင်ဘာသာသို့ ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ဆောင်းပါး
04:45
ရခိုင်ပြည်ပထွီးယုတ်လက်အောက်ကို ကျရောက်နီစွာ နှစ်ပေါင်း(၂၂၄)နှစ် မကြာခင် ပြည့်ပါဖို့ယာထော။ ရခိုင် ပြည်ထဲမာ ဇာဇာဖြစ်ပျက်နီကတ်တေဆိုစွာကို မျက်စိနန့် တပ်အပ်မမြင်ရကေလေ့ နိစိုင်နန့်အမျှ နားနန့်ကြား နီကတ်ရရေ။ စာတိ၊ သတင်းတိ ဖတ်နီကတ်ရရေ။ ယင်းသတင်းတိကို ကြားလိုက်ရကေ ကောင်းရေသတင်းဆို လို့ တခုလေ့မဟိ။ အားလုံး အမင်္ဂလာသတင်းတိဂျေးယာ။ အမင်္ဂလာကောင်တိ အုပ်ချုပ်နီသမျှကာလပတ်လုံး တော့ အမင်္ဂလာ သတင်းကိုမကြားချင်ကေလေ့ ကြားနီကတ်ရပါဖို့ယာ။ လူ့စိတ်ဓါတ်၊ လူ့ကိုယ်ကျင့်သိက္ခာဆိုလို့ တပြားဖိုးလောက်လေ့မဟိရေ အာဏာရူးတိလက်အောက်မာ အကျွန်ရို့ရခိုင်ပြည်သူ၊ ပြည်သားတိ ဇာ လောက်ထိ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခံစားနီကတ်လီရဖို့လေ့ဆိုစွာကို စိုင်းစားကြည့်ဖို့ဆိုကေတောင် ဇာကစလို့ ဇာပိုင်စိုင်းစားရဖို့လေ့ မသိ။ရခိုင်ပြည်မာ အကျွန်ရို့အချေခါဘ၀တိကို တခါတရီအတွက်ခံစိုင်းစားမိပါရေ။ အုပ်ချုပ်တေအစိုးရမကောင်းလို့ မတိုးတက်၊ မဖွံ့ဖြိုးကေလေ့ စားရေး၊ သောက်ရေး၊ နီရေး၊ ထိုင်ရေး၊ လားရေး၊ လာရေး အစစအရာရာ ဂုလက် ဟိအခြေအနေထက် အဆပေါင်း ရာထောင်မကကောင်းပါသိမ့်ရေ။ ဆန်ရီစပါး၊ သားငါးပုဇွန် ပေါရေတိုင်းပြည် ဖြစ်လို့ ဆင်းရဲသားတိအတွက်လည်း ဆန်မယှား၊ သားငါး၊ ပုဇွန်၊ ဂဏန်းဆိုကေလေ့ ကွန်ချေတလက်၊ ရင်းဒင်း ချေတခုဟိရေ ကိုယ့်မိသားစုစားဖို့အတွက်တင်မက အိမ်နီးနားချင်းတိကို အပြန်အလှန်ရောင်းစားလို့ အပိုအ လျှံဝင်ငွေတိရကတ်တေ။ ဟင်းသီး၊ ဟင်းရွက်ဆိုကေလေ့ မြစ်နားချောင်းနားကိုပင်လားလား၊ တောထဲတောင် ထဲကိုပင်လားလား တောဟင်း၊ တောင်ဟင်းတိ ကြိုက်တေဟင်းကို ခူးစားလို့ရရေ။ အိမ်တစ်အိမ်မာ တယောက် အလုပ်လုပ်ကေ တအိမ်သားလုံး လလောက်ငငှဝမ်းဝ နိုင်ခကတ်တေ။ ကိုယ့်လူမျိုးအချင်းချင်းရာဟိလို့ အချိန် တန်ကေ ရာသီလိုက်ပွဲတိပြင်တိ၊ ရိုးရာပွဲတော်တိကိုလည်း ပုံမှန်ကျင်းပနိုင်ခကတ်တေ။အေချင့်တိကို ပြန်စိုင်းစားကေ အချေခါ အဘောင်သျှင်ရက်ပြတ်ပြောပြဖူးရေ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်လက် အောက်မာ ဇာပိုင်ဇာပိုင်နီခကတ်ရရေဆိုရေ အကြောင်းတိ။ ကုလားခွပ်ဖို့လိုက်လို့ ဇာပိုင်ပြီးခကတ်ရရေအ ကြောင်းတိ၊ စီးပွါးရေးအကြောင်းတိကိုပြောပြယာဆိုကေ ”အဂု ယင်းခေတ်မဟုတ်ယာ၊ ယင်းချင့်တိကို ပြောပြ နီလို့အပိုရာ” လို့ပြောကေ အဘောင်သျှင် ပြန်ဆဲစွာက ”ခေတ်မကောင်းမှာလူဖြစ်ဖို့ နင်ရို့” လို့စီမကြာမကြာ ပြန် ပြောခရေ။ ဒေဂု ယင်းပြောခရေအတိုင်း အကျွန်ရို့လက်ထက်မှာ အောက်သားမိစ္ဆာကောင်တိပါးမှာ နောက် ကုန်းကို ကျမွိနန့်အထောင်းခံရရေပိုင် ခံနီကတ်ရပါရေ။ပထွီးယုတ်ပီပီ ရခိုင်ပြည်က ဟိသမျှသမိုင်းအမွီအနှစ်၊ ရိုးရာယိုင်ကျေးမှုတိကို ခိုးစွာတမျိုး၊ လုယူစွာတဖုံနန့် ရ ခိုင်ပြည်မှာ တလင်းတောင်မပွဲသိမ့် ဆွဲစရာပုတ်မဟိပါယာ။ သဘာဝအရင်းအမြစ်ဆိုကေလေ့ အားလုံးသိကတ် တေအတိုင်း ပင်လယ်ထွက် အစားအစာ၊ သဘာဝဓါတ်ငွေ့၊ ရနံဆီ အစဟိရေစွာတိကိုရောင်းစားစွာနန့် အားမ ရသိမ့်ဘဲ အဂုတခါ ရခိုင်ပြည်က လယ်ရိုင်း၊ မြေရိုင်းတိကို ဘင်္ဂလားဒေ့(ခ်ျ) ကုလားအစိုးရကို ငှားဖို့လုပ်နီပါရေ။ ရခိုင်ပြည်မာ ရခိုင်သားအတွက်နီစရာ၊ လုပ်စားစရာ မြီမဟိယာ။ယင်းချင့်ထက်ပိုဆိုးစွာက ရခိုင်ပြည်မှာဟိသမျှ ချောင်းချေ၊ မြောင်းချေကအစ အားလုံးကိုလေလံပစ်ရောင်းစား နီရေ။ ယင်းယှင့်က တဖက်မှာ အိမ်ကြက်ချင်းအိုးမဲသုတ်ပနာ တိုက်ပီးနီစွာလည်းဖြစ်တေ။ တရက်ထက်တရက် ကုန်းကောက်စရာမဟိအောင် ရခိုင်ပြည်မှာ ဆင်းရဲတွင်းနက်လာကတ်တေ။ တောထဲ၊ တောင်ထဲမှာ ၀ါးချေတ လုံးခွပ်ဖို့၊ အပင်ချေတပင်ခွပ်ဖို့စွာကအစ ယင်း ယုတ်ပဲ့ရေမျက်နှာတိကိုကြည့်နီကတ်ရရေ။ ဗမာပြည်မှာလည်း မြစ်တိ၊ ချောင်းတိဟိကတ်ပါရေ၊ ယကေလေ့ ဂနိအချိန်ထိ ယင်းချောင်းတိ၊ မြစ်တိကို တနီရာမှာလည်း လေလံ ပစ်ရောင်းစားနီကတ်စွာကို မကြားဖူးပါသိမ့်၊ အကျွန်လေ့လာမှု အားနည်းလို့လည်းဖြစ်ချင်ဖြစ်ပါလိမ္မယ်။ရခိုင်ပြည်က နင်းပြားလယ်သမတိခမာ စစ်တပ်ဆောက်ဖို့အတွက်လယ်တိအသိမ်းခံရစွာတမျိုး၊ အောက်သား ပြည်ကရောက်လာကတ်တေ ရွင့်ပြာသတ်တိအတွက်ရွာဆောက်ဖို့ ၊ လုပ်စားဖို့ကအစ ရခိုင်ပြည်သူ၊ ပြည်သား တိလိုင်ခြောင်းထဲကအစာကို မတရားထုတ်ပီးနီကတ် ရစွာဖြစ်ပါရေ။ ရေရှည်အတွက်ကြည့်ဖို့ဆိုကေ အေယှင့် စွာ တငွိငွိနန့် လူမျိုးတုံး မျိုးဖြုတ်နီရေအစီအစိုင်ပါ။ ဒေကိစ္စတိကို ၂၀၁၀မှာ တက်လာဖို့ ဒီမိုကရေစီလို့ပြောရေ အစိုးရအနီနန့်ကား ဇာပိုင်ဖြေယှင်းပီးဖို့လဲဆိုစွာ မေးခွန်းဖြစ်လာပါဖို့ယေ။ကရင်ပြည်ရို့၊ ရှမ်းပြည်ရို့မာပိုင် ရွာတိကိုမီးတိုက်၊ ဒေသခံတိကိုအားဓမ္မအနိုင်ကျင့်ပနာ ထွက်ပြီးအောင်လုပ်နီ ကတ်စွာတိကို လူအများမြင်နိုင်ကေလေ့ အဂုရခိုင်ပြည်မှာပိုင် လူမျိုးတုံးမျိုးဖြုတ်နီရေအစီအစိုင်က နုညံ့သိမ်မွိပ နာ ပိုပြီးကေကြောက်ဖို့ကောင်းပါရေ။ ဇာကြောင့် အေနည်းကိုသုံးလဲဆိုကေ တခြားကရင်ရို့၊ ရှမ်းရို့ကိုလုပ်တေ ပိုင် ရခိုင်ကိုလုပ်လို့မရနိုင်ပါ။ ယင်းပိုင်လုပ်စွာနန့် စစ်တပ်ထဲကရခိုင်သား ပြောင်းဝတိ ယင်းသူရို့ဖက်ကိုလှည့် လာဖို့စွာကိုကြောက်တေ။ ဗမာစစ်တပ်ထဲမှာ အနှိမ်ခံဘ၀နန့် တာဝန်ထမ်းဆောင်နီကတ်ရရေ ရခိုင်သားတိ လည်း ယှယှင်းပြောရကေ လမ်းမမြင်လို့ မချစ်ကေလေ့ အောင့်ကာနမ်းနီကတ်ရစွာပါရာ။ ယင်းရခိုင်ရဲဖော်တိ ပဉ္စမံတပ်သားတိဖြစ်လာအောင်လုပ်ကတ်ရပါဖို့။ နောက်ဆုံး ဖြစ်နိုင်ကေ ရခိုင့်ကပစ (ကာကွယ်ရေး ပစ္စည်း စက်ရုံ)ကို အောက်သားစစ်တပ်ထဲမှာ ရအောင်တည်ကတ်ရပါဖို့။ကျူးဘားသမတဟောင်း ကတ်စထရိုကို ဇာသူက ဇာပိုင်ပင်သမုတ်သမုတ်၊ အာဏာရှင်လို့ပြောပြော အကျွန့် ရင်ထဲက မဟာသူရဲကောင်းဆိုရေ ဝေါဟာရကို ပျက်ပြယ်နိုင်စွမ်းမဟိပါသိယေ။ အမေရိကန်တိ ကျူးဘားတနိုင် ငံလုံးကို လက်ဝါးကြီးအုပ်ပနာ မှောက်ချင်တိုင်းမှောက် ပြန်ချင်တိုင်းပြန်နီကတ်ခရေ။ တနိုင်ငံလုံးမှာဟိရေ သ ကြားခင်းတိ၊ ဆီးရွက်ကြီးခင်းတိ၊ သကြားစက်ရုံဟူသမျှလည်း အားလုံးအမေရိကန်တိကရာပိုင်ရေ။ ယင်းပိုင်အခြီ အနီကနီပြီးကေ ကတ်စထရိုဦးဆောင်ပနာ လူလေးငါးခြောက်ယောက်နန့် အမေရိကန်ပိုင်စွာတိအားလုံး ကို ပြန်သိမ်းယူခပနာ ကျူးဘား ပြည်သူတိလက်ထဲကို ပြန်ရောက်အောက် ပြန်ထည့်ပီးနိုင်ခရေ။ယင်းပိုင် မကောင်းဆိုးဝါးမိစ္ဆာကောင်တိကို တိုက်ထုတ်ဖို့အတွက် အိုင်ယာလန်နိုင်ငံမှာပိုင် ”ဆင်ဖိန်း(Sinn Fein)”တိ ရခိုင်ပြည်မှာ အများကြီးလိုနီပါယာ။ကဗျာဆရာ နောင်ရဲခိုင်ကတော့ ပေါက်တောရွှေမြေ၊ မဂ္ဂဇိန်း၊ အမှတ်(၂)မှာ ရွီးခရေ ကဗျာချေတပိုဒ်ပိုင် -
ဖိုးခေါင်တောင်ထက်မှာမျဉ်းဖြောင့်တကြောင်းဆွဲကြည့်ကတ်ဖို့ဆိုကေအကို ဇာနီရာမှာမဆိုပါဖြစ်အောင်ပါဖို့ဆို။ လို့ ပြောထားပါရေ။
အကျွန့်အနီနန့် ပြောရဖို့ဆိုကေတော့ခါ ရခိုင်သားတိအားလုံး စစုစစည်းနန့် အိပ်ဇိုးဒတ်(Exodug)သင်္ဘော ချေတစင်းလောက် ဆောက်နိုင်ကတ်ဖို့ဆိုကေ ယင်းသင်္ဘောကုန်းပတ်ထက်မှာ သံချီးပင်ခေါက်ရခေါက်ရ၊လက် အံသီအောင် ရီပင်ပစ်ရပစ်ရ လိုက်ချင်ပါယင့် ----။ ။”ကြောက်တတ်တေလူစွာ အမြဲတမ်းအခြောက်ခံရရေ”ရခိုင်သားတိုင်း လွတ်လပ်အီးချမ်းနိုင်ကတ်ပါစီ။
(နိုဝင်္ဘလ (၃)ရက်၊ ၂၀၀၈ခုနှစ်)
www.rakhaingchay.blogspot.com
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ရခိုင်စာပီ
04:44
အကျွန်ရို့ ရခိုင်ပြည်မာ လက်ဟိအနီအထားအရ ပညာရီးအခြီအနီပြောပြဖို့မကောင်းယောင်စုတ်ပြတ်သတ်နီ စွာကို ရင်နာနာနာင့် တစိချေတင်ပြလိုက်စွာပါ။
အဂုပစ္စက္ခအခြီအနီအရ ရခိုင်ပြည်မာ လူဦးရေ (၂၇)သိန်းဟိဖို့လို့ ခန်းမှန်းရပါရေ။ ပြည်နယ်စုစုပေါင်းဧရိယာ အကျယ်အ၀န်းရေ ၁၄၂၀၀ စတုရန်းမိုင်အကျယ်အ၀န်းဟိပါရေ။ မြို့နယ် (၁ရ)မြို့နယ်မာ စာရွီးသူလက်လှမ်းမီ သလောက်၊ သုတေသနပြုထားချက်အရ၊ တဆင့်မီးမြန်းချက်တိအပြင် ကိုယ်တိုင်ကွင်းဆင်း မျက်တွိလက်တွိတိ ကို တင်ပြစွာဖြစ်ကြောင်းပါ။
အထက်ကဆိုခရေအတိုင်း အကျွန်လေ့လာထားချက်အရ မူလတန်းကျောင်းတိမာ ကျောင်းသာဦးရေ တနှစ် ထက်တနှစ်နည်းလာစွာကို တွိရပါရေ။ ဂရပ်နန့်ဖော်ပြရဖို့ဆိုကေ မက္ကလာကိုထလန်းကြားလှန်ထားစွာပိုင်။ ဇာတီအဖျား အောက်သို့စိုက်ထားယှောင်ပိုင်ပါယေ။ ဆိုလိုစွာက ဒေပိုင်ပါ၊ ကျောင်းဝင်နှုန်းတနှစ်ထက်တနှစ် နည်းလာစွာကို ပြောစွာပါ။ အဓိကအားဖြင့် မူလတန်းမာ အခြီခံအကျဆုံးကျောရိုးဖြစ်တေ သူငယ်တန်း(၀ချေတန်း)ကျောင်းဝင်နှုန်းနည်းလာစွာရေ ကြောက်ဖို့တောင်ကောင်းပါရေ။
နောက်ဆယ်စုနှစ်လောက်မကြာခင် မူလတန်းကျောင်းတိကိုပိတ်ထားရဖို့အခြီအနီဖြစ်နီစွာ မျက်မြင်ကိုယ်တွိပါ။ သုံးမြို့နယ်၊ ငါးမြို့နယ်လောက် ကွင်းဆင်းစစ်ဆီးထားပါရေ။ တခြားမြို့နယ်တိကိုလည်း ခိုင်လုံသောသတင်းအ ချက်အလက်တိအရ သိထားပြီးဖြစ်ပါရေ။ (မူဆလင်လူမျိုးတိများရေရွာတိကို မဆိုလိုပါ)။ ယေဇူးနန့် ထုတ်ယူ ဆင်ခြင်၊ ခြုံငုံဆင်ခြင်သုံးသပ်ကြည့်ဖို့ဆိုကေ အမှန်ပင် မူလတန်း၊ သူငယ်တန်းကျောင်းဝင်နှုန်းနည်းလာစွာကို ဇာကြောင့်လဲ၊ ဇာအတွက်လဲလို့ စာရွီးသူလေ့လာကြည့်ရေခါ အောက်ပါအချက်တိကိုတွိရပါရေ။
ပထမတချက် ရခိုင်သမသျှေတိ အချေမပေါက်ကတ်ပါယာ။(အများစု)အချေပေါက်နှုန်းကျဆင်းလာပါရေ။ ကျေး ရွာတချို့ကိုရောက်ကေ အချေငိုသံကြားရခဲရေ။ ၀မ်းပူမ တွိရခဲရေ။ ဇာကြောင့် အချေမပေါက်ကတ်လဲလို့ ဆက် လို့ဆန်းစစ်ကြည့်ရေခါ ဆင်းရဲကျပ်တည်းလို့ဆိုရပါဖို့။ ဇာကြောင့်ဆင်းရဲကျပ်တည်းလဲဆိုခကေ အဖြေတိက အများကြီးပါ။ ယင်းအထဲက တချို့ကိုတင်ပြပါမေ။ ရခိုင်သားတိလုပ်စားမဖြစ်အောင် နည်းလမ်းမျိုးစုံနန့် ဗမာအစိုးရက နိုင်ထက်စီးနင်းလုပ်နီလို့မြင်သာရေ။ ဥပမာတခုပြောပါမေ။ အယင်ခေါက်က ဆန်စပါး၊ သားငါး တိကို ရခိုင်သားတိရာစားသုံးရေ၊ ကုန်သွယ်ရေ။ အေဂု ရခိုင်ပြည်ကိုသူရို့ပါးက စားဖို့ပစပေါက်(ပါးစပ်ပေါက်)တိလွှတ်လိုက်တေ။ တပ်ရင်းတိ မြို့တမြို့မာ သုံးရင်း၊ ငါးရင်း၊ ဆယ်ရင်းချလိုက်တေ။ စားဖို့လူတိပေါလာယာ။ ယပြီးကေ ယင်းသူရို့ကိုယ်တိုင်၊ ယင်းသူရို့နန့်နီးစပ်တေလူတိ ဆန်စပါးအစ၊ သားငါးအဆုံး၊ ဓါတ်ငွေ့မကျန် ကုန်သွယ်ရောင်းစားကတ်တေ။ ယေကေ ရခိုင်သားအများစုမွဲပြာကျလာရေ။ အကြီးဆုံးဆင်းရဲရရေ အကြောင်း တခုက အဂုအခါ ရခိုင်ပြည်မြို့၊ရွာတိုင်းမာ ချဲဒိုင်တိ။ စစ်တွေမြို့လမ်းမကြီးမာ ခွီးချီးပေါရေပိုင်ပေါလို့။ ချဲနန့် တိုက်ဆိုင်နီလို့ ကုန်းကောက်စရာမဟိစွာတမျိုး။ ယလောက်စွာမာ တရက်တရက်လာရေ ဗမာပြည်ကအရက် ကားတိ ပဒုန်းချင်းယှက်နီစွာကို ရခိုင်သားတိအရက်သောက်လို့ခြီကတ်စွာတဖုံ။ ယေခါမာ ရခိုင်သမတိမာ ခေတ်မီသယောင်နန့် (Family plan) လုပ်လာကတ်ပါရေ။ ယကေ မူလတန်းကျောင်းတိအတွက် ကုန်ကြမ်းမ လာယာနှက်ရာ။
တချို့ရွာတိမာ အချေတိတော့ တွိရပါရေ။ ငါးရှာ၊ ဟင်းခူး၊ ၀ါးခွပ်၊ ဈီးရောင်း၊ စားပွဲထိုး၊ ကူလီ၊ အလှူခံ။ ဒေအ ချေတိ ဇာကြောင့်ကျောင်းမရောက်ကတ်လဲ၊ ဆင်းရဲကတ်လို့။ တချို့မာ ဆင်းရဲကေလည်း လူရတတ်ကတ်ရေ။ ဖြီဆီးရာကား ယင်းယှင့်ရာဟိရေ။ ကျန်းမာရေအသိပညာလည်းနည်း။ ယင်းပိုင် မဟိဆင်းရဲသား မိဖတိဂျေးယာ အချေပေါက်ကတ်ပနာ ဟိရေလရတတ်(သထီး)တိကျကေ တယောက်ဆိုကေ ကျီယာ။
နောက်တခုက လင်ယောင်္ကျားတိ ပြည်တွင်း ဖားကန့်၊ ပြည်ပထိုင်းအဆုံး လားခကတ်တေ။ အချေတိ ဇာလာဖို့ လဲယေ။ နောက်တခုက ရယ်ဖို့တော့ခါကောင်းပါရေ။ ရခိုင်သမ ပညာတတ်တချို့ အပျိုကြီးလုပ်ကတ်တေ၊ ရခိုင် သားတချို့ သာသာနာဘောင်ဝင်ကတ်တေ၊ ယကေ ကျောင်းသို့အချေတိမရောက်ယာ။ ကျောင်းသားတိရာ နည်းလာလား၊ ဆရာ၊ ဆရာမတချို့ အကျင့်ပျက် ခြစားလာကတ်တေ။ စာမပြကတ်၊ နယ်မှာစပါးတောင်း ဆရာ တိနန့်လွှဲထားကတ်စွာ ၉၀ ရာခိုင်နှုန်း။
ဇာပြောကောင်းဖို့လဲ၊ အရာဝါ တွဲဖက်၊ တွဲချိတ်၊ စိုးတွဲ ကန်ကားမကန်၊ ရခိုင်ပြည်မြို့ရွာတိုင်းမှာ။ ယကေ မျက် ဖြူဆိုက်လီ၊ ဆရာကြိုက်လီ၊ ရခိုင်ပြည်က အရည်အချင်းမှီရေ အချေတိမထွက်ယာ။ ယကေ ဗမာအစိုးရ အုပ် ချုပ်လို့ ကောင်းလီနှက်ရာ။
ယပိုင်နက်လာလတ်စွာ ၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရခိုင်ပြည်နယ် အဆင့် (၁၅)ကိုကျလားခစွာ ကို ကြည့်ကတ်ပါဖိယေ။ ယလောက်ဆိုကေ ရခိုင်ပြည် ပစ္စက္ခပညာရေးအခြေအနေကို နားလည်ကတ်ဖို့လို့ ယုံကြည်ပါရေ။
ဒေစွာတိအားလုံးရေ အုပ်ချုပ်တေအစိုးရကြောင့် ဖိနှိပ်ခံနီရရေပြည်သူတိမာ နင်းပြားဘ၀က မလွတ်ရေလမ်းဖြစ် တေအတွက် ” အော် အဘာရို့ အမင်ရို့ ရခိုင်ပြည်သူ၊ ပြည်သားတိကို မကယ်နိုင်ကတ်ယာလားယဂေ၊ ပြည်ပ မာဂျေး နီကတ်ဖို့ယာလား၊ ပြည်တွင်းပြည်ပ ပေါင်းစည်းပနာ စည်းလုံးညီညာ အောင်ကြောင်းဖြာဖို့ အချိန်ကျ ယာဖြစ်ကြောင်း၊ တတ်နိုင်ဖို့ဖက်က ကူညီကတ်ပါအကြောင်း ရခိုင်သားအပေါင်းကို ဒေဆောင်းပါး တပိုင်းတစ နန့် နှိုးဆော်လိုက်ပါရေ။
။စေတနာ သစ္စာတရားနန့်ခိုင်သွီးနီ (ကိန်းသာမြီ)(၁၅၊ ၁၀၊ ၂၀၀၈)
မှတ်ချက်။ ။ ပြည်တွင်းမာ လက်ဟိကျောင်းဆရာ(သူငယ်ချင်း)တယောက်စာကို
မူရင်းအတိုင်း ဖော်ပြလိုက်ပါရေ။
www.rakhaingchay.blogspot.com
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ဘာသာရေး
04:38
(ပထမပိုင်း)
1. ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။
2. အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။
3. သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးသျှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်းမာန်ညံ့ ၍၊ ကြောက်ရွံ့ရိုသေ၊ သီးခံထွေဖြင့်၊ ကောင်းနီနှလုံး ယဉ်စီမင်း။
4. ဆန္ဒာဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျှက်၊ နတ်ပြည်လူ့ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြီအပင် စည်စီမင်း။
5. ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တ၀ါကို၊ မေတ္တာသက်စီ၊ လှူဖို့ဝီ၍၊ စိတ်စီကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွါး၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်ရ၊ မြဲပင်စင်းလျှင်း ပေါင်းယှဉ်မင်း။
6. ပညာမျက်စိ၊ မြင်မဟိရ မသိတရား၊ အယူမှားလျှက်၊ စီးပွားမမျှော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ပဲ၊ ဝီးစွာချဲ၍၊ အမြဲခွာယှင်း ဖဲကြဉ်မင်း။
7. ပါဏာတိပါတ်၊ မသတ်သူ့အသက်၊ ခိုးဝှက်မမူ၊ မယူသီစာ၊ အိမ်ယာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍ ၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ စောင်မာန်မပြင်း ယဉ်စီမင်း။
8. မိခင်ဖခင်၊ ကျေးဇူးသျှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွှီး၍၊ လုပ်ကျွေးခယ၊ ရိုတုတ်ကွလျှက်၊ ကြီးထ(လှ)သက်အို၊ မျိုးဆွီကိုလည်း၊ ကြည်ညိုညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ခပ်သိမ်းမယွင်း ငြိမ်းစီမင်း။
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက် ကြီးလှသက်အို၊ မျိုးဆွီကိုလည်း ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍ မယိမ်းစင်းလျှင်းငြိမ်းစီမင်း --။ (အဘိုးသျှင်စာသား)
9. စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ယူခဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသည့်သူသို့၊ လိုတူမှတ်သား၊ သနားမြတ်လည်း၊ ၀တ်စားပီး၍၊ ကျွေးမွီးထံရင်း ငြိမ်းစီမင်း။
10. အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ သုံးပါးလက္ခဏာ၊ မချာအောက်မိ၊ တစိစိလျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊ စက်ဝဟန်သို့၊ ဖန်တလဲလဲ၊ ၀ဋ်ဆင်းရဲကို၊ ၀မ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုသေသည်းတွင်း ကျိန်းစီမင်း။
11. လောဘဒေါသ၊ မောဟသူပျက်၊ နိတိုင်းဖက်၍၊ အမျက်လည်းလွန်၊ တဖျင်သန်လျှင်၊ ပြီးလွန်ဖင်ဖင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊ လိုက်တုံတတ်သား၊ ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ သုံးပိုင်းမချာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ မှိန်းစီမင်း။
12. လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထမ်းပိုးနှစ်လည်၊ ချသည်မပြတ် အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ၀မ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သိမ်းမွီးပြင်းလျှက်၊ များခြင်းစုံစီ၊ တန္ဒီပယ်ရှောင်း၊ ထပ်ကာလောင်းလျှက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွီမှီတင်း ကြွယ်စီမင်း။
13. ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသီးခံ၊ ဆရာ့ထံ၌၊ သင်အံ့ကျက်သိ၊ တနိတပါး၊ မှတ်သားပါလီ၊ ၀မ်းထဲခြွီ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ယှင်း ကျေစီမင်း။
ထုံးမှီးနည်းနာ၊ အဖြာဖြာ၌ ပညာရှာမှီး၊ မကြီးသက်ရွယ် အငယ်သော်က၊ ကြိုးလုံးလလျှက် တုပ်ကွပုဆစ်၊ ဆရာစစ်သို့ ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ ဆရာထံ၌၊ သင်အံမှတ်သိ တနိတခြား၊ ပွားများစုံစီ ၀မ်းထဲခွီ၍၊ တလီတထူး ဂုဏ်ကျေးဇူးကို ဆည်းပူးသိမြင်ကြွယ်စီမင်း ။ (အဘိုးသျှင်စာသား)
14. ဘိုးဘီးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ ကျက်မှတ်လေ့လျှက်၊
ခြောက်သွိစကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။
15. သူတော်တကာ၊ တတ်စရာသား၊ အဌာရသ၊ သိပ္ပအပြား၊ အတတ်များကို မှတ်သားသတိ၊ ပညာဟိရို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံခြုံ၊ မတတ်တုံလည်း၊ တစုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုအိမ်ထောင်၊ စီးပွါးဆောင်လော့၊ ညဥ့်မှောင်မသိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့လည်း၊ သူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ အိုသော်သူမရယ် စီနှင့်မင်း။
16. ဃရာဝါသ၊ သမ္ဗဓဟု၊ ကိစ္စမြားမြောင်၊ လူရို့ဘောင်၌၊ အိမ်ထောင်သက်မွီး၊ ခြနှယ်ပြီးသား၊ လူရေးကျေစွာ၊ အဖြာဖြာကို၊ လိမ်မာအတတ်၊ ချားရဟတ်သို့၊ လှည့်ပတ်ပြီးမှ၊ ကြံတွက်ဆလျှက်၊ လုံ့လပင်စည်၊ အရင်းတည်လျှက်၊
ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွိရွိ၊ အဓလေ့ဖြင့်၊ မမိမကျန်၊ လူမှုပွန်လျှက်၊ စောင်းမာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြွယ်စီမင်း။
17. လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ယှဉ်ဆောင်နှိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးဟိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားကားနွယ်ဆက်၊ ခက်လက်မျိုးဆွီ၊ ကျွန်ခြွေရွှေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲအား၊ ဆင်းရဲဖျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ချောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျှက်၊ ကြောင့်ကြ ဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝန်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို၊ ချစ်ပန်းနံ့မပြယ် စီနှင့်မင်း။
18. စိမြေ့သိပ်သည်း၊ ရွိရွိဆည်းလော့၊ စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်စက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်းခြင်းရာ၊ လူလိမ်မာရို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစီလော့၊ ကြွက်သီတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သဌီးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်နက်ကို၊ သူ့ထက်ကုံးကယ် ကြွယ်စီမင်း။
19. လုံ့လပညာ၊ လိမ်မာတတ်တုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်လုံမြဲမြံ၊ ကောင်းအောင်သံသား၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်ရို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားရှာအံ၊ ပညာချို့တဲ့၊ လုံလမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ သူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့ပို့၊ လူသွမ်းရို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကိုယ့်ဖို့၊ ကုသိုလ်ပို့က၊ ငါရို့နီရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုယ်ချည်း၊ မှတ်ထင်ရည်း၍၊ ကျင့်နည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံးမငြိတွယ် စီနှင့်မင်း။
20. ကျောင်းတော်ခရီး၊ လမ်းမကြီး၌၊ ပင်ထီးပညောင်၊ မြစ်တထောင်နှင့်၊ မြားမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စိစိသိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လီမနိုင်လျှင်၊ ပင်ခိုင်သီးမှည့်၊ အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားရို့၊ နားနီပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ၀င်လာသောသူ၊ ခပ်သိမ်းလူကို၊ ပူဆာငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်ကြွယ်၊ လူကုံကယ်လည်း၊ ထိုနှယ်လည်းကောင်း၊ ဖြစ်တုံချောင်း၍၊ မျိုးပေါင်းဆွီပါး၊ လူအများကို၊ သနားကြင်နာ၊ စီးပွါးရှာ၍၊ မေတ္တာမကင်း၊ မ,စ ခြင်းဖြင့်၊ ထံရင်းမှီကိုး ကွယ်စီမင်း။
21. ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ် ၊လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျှက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွိ၊ မိဘတွိသို့၊ မွိမွိလျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ၀တ်စားထောက်ပံ့၊ ဖြန့်ဖြူးနှံ့လျှက်၊ အလွန့်ကျွန်ကျေး၊ ဆွီသားမြီးကို၊ ကျွေးမွီးမညှိုး ငယ်စီမင်း။
22. လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးကို၊ မှတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ ထုံးပေါင်းကြားသည်၊ တခြား ပထမပိုင်းတည်း။…….။
(ဒုတိယပိုင်း)
23. ပြည့်သူ့ထွဋ်ဦး၊ ဘုန်းရောင်မြူးသည့်၊ ရန်ငူးလူ့ဘောင်၊ ထွဋ်ခေါင်ရာဇာ၊ ဆုံးမနာလော့၊ ကမ္ဘာအစ၊ မဟာသမ္မတ၊ ခတ္တိယရို့၊ နီကြကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလည်း၊ စိတ်ယူဖြောင့်စင်း၊ နူးညံ့ခြင်းနှင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမှု၊ မပြုညှင်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာသက်ဖြန့်၊ လူအ၀ှန့်အား၊ မဆန့်ကျင်ပြီး၊ ဤသို့ ရီးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ထပ်ခေါ်ပြု၊ သင်္ဂြိုဟ်မှုလည်း၊ လေးခုအစိ၊ ပြကတိဖြင့်၊ ကျင့်လေ့မကြွင်း ကျန်စီမင်း။
24. ပြည်ကြီးသေဌီနင်း၊ မင်းတို့သော်ကား၊ သူတပါးထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို ၊စီးပွားချမ်းသာ၊ နိတိုင်းရှာလော့၊ အခါခပ်သိမ်း၊ မုဒိမ်းခိုးသူ၊ မပူစီရ၊ ဆုံးမကွပ်ညှပ်၊ ပညတ်အလွန်၊ ရှိးမင်းမွန်ရို့၊ ညွန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နှုန်းနှိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်မတ်မတ်လျှင်၊ လူနတ်ချစ်ဖွယ်၊ ကျေးဇူးကြွယ်၍၊ ကျင့်နွယ်လမ်းရိုး မှန်စီမင်း။
25. မမိမလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ယှောက်၊ ထက်အောက်တွင်းပြင်၊ မွမ်းပြင်အပြည့်၊ အိပ်ဖန်ထည့်လျက်၊ အကြည့်အရှု၊ အမှုမလင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်၍၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းကုန်မှုများ၊ ရီခြားမြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်း၊ နှလုံးသွင်းလျှက်၊ ချစ်ခြင်းသူ့ထက် လွန်စီမင်း။
26. ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာတည့် အရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကြန်ဘတ်ဟူးရား၊ ပညာများသား၊ ပုဏ္ဏားရဟန်း၊ ရှိတွင်ဝန်း၍၊ ကိန်းခန်းဒသာ၊ အခါမီးမူ၊ အရှိအနောက်၊ တောင်မြောက်ရီကြည်း၊ စီစဉ်သည်းလျှက်၊ စောင့်စည်းရံတား၊ ကင်းထောက်ထား၍၊ မြီခြားသူမလွန် စီနှင့်မင်း။
27. သူ့ပြည်သူ့ရွာ၊ သူ့ရပ်မှာ၌၊ ခြင်းရာသိကြောင်း၊ ဥာဏ်ကောင်းရေးဝင်၊ တိုင်ပင်ကြံထွေ၊ သူလျှိုစီ၍၊ မနီစုံစမ်း၊ ကြိုးပမ်းလုပ်ဆောင်၊ အားအင်ထောင်လျှက်၊ နောက်နောင်မြီးသား၊ စီးပွါးရှည်စီ၊ တည်စိမ့်စီကြောင်း၊ နှုတ်ကောင်းခွန်းသာ၊ လက်ဆောင်စာနှင့်၊ စီပါးစင်းလျင်း၊ ထိုထိုမင်းကို၊ ချစ်တင်းမီးမြန်း၊ ဆွီခင်ပွန်းဟု၊ မိတ်မှန်းကိုယ်ကို၊ တံတစ်ဆို၍၊ ချစ်လိုစကား မှန်စီမင်း။
28. ငါ့ပြည်ငါ့ရွာ၊ ငါ့ရပ်မှာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်းထိတ်ထုံ၊ ပျံတုံကျီးငှက်၊ နှုတ်ထွတ်စနည်း၊ နှောင့်ယှက်သည်းမူ၊ စောင့်စည်းရံတား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွတ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာပို့ပီး၊ သန္တီးပူဇော်၊ သင်္ကြန်ခေါ်၍၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမှုချည်းတည့်၊ ဖြင်ပည်းပြောထူ၊ စွန့်ကြဲလှူ၍၊ ကြည်ဖြူစိတ်ထက် သန်စီမင်း။
29. ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စီကြောင်း၊ လှည့်ဖြားယောင်းလျှက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်အပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစီရ၊ ကွပ်ဆုံးမလျှက်၊ ထွန်းပပြောင်ပြောင်၊ မိုးထိပ်ခေါင်၌၊ အရောင်ချမ်းလွန်၊ လဗိမ္မာန်လျှင်၊ ပူပန်မဟိ၊ ငြိမ်းလီဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ပွင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျှက်၊ လူများကောင်းချီး ထွန်စီမင်း။
30. လူများအထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ ထိုထိုမင်းကား၊ ဖွေနည်းစိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စီ၊ ရန်မြစ်သီမှ၊ ရွာနီပြည်သူ၊ ခပ်သိမ်းလူကို၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးပစ်သို့၊ ရန်စစ်များကို၊ ဖျောင့်လွင့်ဖြိုလော့၊ ရန်လိုမဟိ၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပီးကမ်းကြူးလျှက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ ရင်ဝယ်သားသို့၊ ဖြည့်ပြားမင်းရေး ပွန်စီမင်း။
31. ကာမဒေ၀၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တပါးမည်မှတ်၊ လောကနတ်ဟု၊ လူ့ထွဋ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းမတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာသည်၊ ရာဇပြဌာန်း၊ ကြငှန်းမှန်ကင်း၊ မကြောင်းရင်းကား၊ မင်းလျှင်တယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာတော်မှန်၊ မင်းအဟန်သို့၊ ကောင်းမွန်ကျင့်မှု၊ နှလုံးပြုအံ့၊ ပြည့်သူမျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှိဆောင်နွားလား၊ ဖြောင့်ဖြောင့်လားက၊ နွားများစင်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူလည်း၊ ထို့တူလည်းကောင်း၊ ဖြစ်ရာချောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စီမင်း။
32. မာသုကုဇ္ဈိ၊ မဟာရာဇ၊ မာသုကုဇ္ဈိ၊ ရထေသဘ၊ သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သီးခံမှုဖြင့်၊ ပြည့်သူ့ခမည်း၊ မျက်တော်နည်းလော့၊ ဖြုတ်ချည်းအမျက်၊ ထွက်သက်မပြင်း၊ လူခပင်းကား၊ မင်းကိုကြောက်ယှောင်၊ လောင်ပူရဲရဲ၊ ရှားမီးခဲသို့၊ ၀မ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လဲ့ရွံ့ရှာ၊ ကြောက်ကုန်ရာနှင့်၊ ပြင်းစွာအမျက်၊ ထွက်တပြီးကာ၊ ကြက်သီးထ၀ှန်၊ အူချာမွှန်မျှ၊ အလွန်အကြူး၊ ကြောက်မိန်းမူးလျှက်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားစွဲကိုင်၊ မချုပ်နိုင်သည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ဝံ့၍၊ မ၀ံ့နှစ်ဆစ်၊ ကြိမ်ဖန်စစ်၍၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဖီး၊ မင်းဒဏ်ပီးလည်း ၊ ကွပ်ရေးဖန်များ စီနှင့်မင်း။
33. ခပ်သိမ်းပြည်သူ၊ လူများထိပ်မိုး၊ ရီမြီစိုးထ၊ ပြည့်ဖြိုးချမ်းသာ၊ ကျင့်ရာအများ၊ ခုနစ်ပါးလျှင်၊ စီးပွားစင်စစ်၊ များသည်ဖြစ်၍၊ သျှင်ချစ်ဘုရား၊ မင်းတို့အားကို၊ ဟောထားခဲ့သည်၊ ခုနှစ်မည်ကာ၊ လူ့ပြည်စောင့်တတ်၊ နတ်ကိုမြတ်နိုး၊ အမျိုးဆွီနီး၊ သက်ကြီးရိုသေ၊ ပြည်နီရွာသူ၊ နိုင်ထက်မူဖြင့်၊ မယူသားမြီး၊ မှုရီးတိုင်ပင်၊ ညီညွတ်အင်နှင့်၊ လာချင်ထက်ဝန်း၊ ရဟန်းပုဏ္ဏား၊ သိမ်းပကားဖြင့်၊ တရားမယွင်း၊ ဖြည့်တင်းကျွေးမွီး၊ မလာသိမ်းသော်၊ နီးဝီးရပ်သား၊ သူရို့အားကို၊ မလားစီအောင်၊ ကျေးဇူးဆောင်လျှက်၊ ပြည်ထောင်အရေး၊ ရှိကတွေးသည်၊ ပညတ်မလွန်၊ လမ်းမှန်စိုက်စိုက်၊ ရာထင်လိုက်လျှက်၊ တိမ်ထက်လှစ်ထွန်း၊ လအ၀န်းသို့၊ လေးကျွန်းရိပ်မှောင်၊ ဘုန်းအရောင်ဖြင့်၊ ပြောင်ပြောင်ဝင်းဝါ၊ ငြိမ်းချမ်းသာ၍၊ ပြည်ရွာတိုင်းကား ပွားစီမင်း။
34. သမ္ဘာရင့်ဖြိုး၊ ရှိးကောင်းကျိုးကြောင့်၊ တန်ခိုးထွန်းလျှံ၊ လူ့ထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းရို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသား၊ လိမ်မာက၀ိ၊ ပညာဟိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုခြင်းထွက်သံ၊ နားပါးခံလျှက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဥာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ငြိ၊ ပညာဟိနှင့်၊ ပြည်ကြီးသေဌီနင်း၊ ပြည့်သျှင်မင်းရို့၊ မကင်းစီရာ၊ ဥပမာကား၊ ရတနာဂူ၊ နန္ဒမူ၌၊ မဉ္စူပန်းလား၊ ကျော်ထင်ယှားအံ့၊ နှစ်ပါးပေါင်းဖက်၊ အကျိုးနက်အံ့၊ ထမ်းရွက်ဆောင်ပြု၊ ပြည်ထဲမှုကြောင့်၊ စိငုမြင်ပြီး၊ ပညာကြီးကို၊ ထုံးတီးစုံရီး၊ ပုံစံမီး၍၊ ကျင့်ရေးလွန်စိတ် ဖြာစီမင်း။
35. ဆင်မြင်းရထား၊ ခြီသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစီလော့၊ အနီမကျ၊ ရန်စစ်ထသော်၊ ဖြဖြလိုက်လံ၊ စစ်ဦးနှံမှ၊ ရွံ့လေရွံ့ရွံ့၊ နောက်မ၀ံ့တည့်၊ ဖို့ရွံ့ညည်းတည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလီဖွယ်၊ ရန်စစ်သွယ်လိမ့် ၊မပြယ်လီသိမ်း၊ စစ်မက်ကြိမ်းမူ၊ ပွန်းတီးမှုဆောင်သူရဲခေါင်ကို၊ ဆင်ပြောင်မုန်တပ်၊ မင်းစီးအပ်၍၊ နောက်ထပ်အများ၊ ဆင်မြင်းပြားလျှက်၊ ရှိဖျားတည်တွင်၊ စစ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းတည်း၊ မြင်းလည်းဇက်ချုပ်၊ ခြီသည်အုပ်လျှက်၊ စစ်ရုပ်အ၀န်း၊ ကော့ယွန်းတက်ဟန်၊ လှည်းသဏ္ဍာန်သို့၊ တတ်ပွန်းနားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥကပဒေဖြင့်၊ စစ်မြီအရပ်၊ စစ်မှူးကွပ်လျှက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ကြိုးပမ်း လွန်စီမင်း။
36. သာများမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတိ၊ စုံစိလျှင်းအောင်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဖွယ်၊ နက်ဝန်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရီနီကောင်းလျှက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မူ၊ ကြီးကျယ်ထုနှင့်၊ မျက်ယှုလှတင့်၊ တန်ဆောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ မြားမြောင်လက်နက်၊ မြို့ထက်ပတ်လျှောက်၊ စစ်တဲဆောက်၍၊ ရင်လျှောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနီကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာပြည့်နှက်၊ ကြံစည်နက်လျှက်၊ ကြမ်းခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုးကျော်ထင် ရှားစီမင်း။
37. အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သဌီးသကြွယ်၊ ကုန်သွယ်သူပင်၊ သူထင်သူရှား၊ ပြည်နီများလျှက်၊ စပါးဆန်ရီ၊ ပြည့်လွန်စီလည်း၊ ပြောင်းပဲလူးဆတ်၊ အထပ်ထပ်လျှင်၊ အလပ်မြီနည်း၊ လုပ်ကြံဆည်းမှ၊ ပစ္စည်းဖြင့်ပြီး၊ ပြည်ကြီးလက္ခဏာ၊ ရီဆာလောက်ငံ့၊ စိနှံသိုထား၊ ဆီးသမားနှင့်၊ ဟူးရာမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံထက်၊ တုံ့ဖက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းတည့်၊ စောလောင်းကျင့်အပ်၊ စောင်မကွပ်လျှက်၊ ထူထပ်တိုင်းကား၊ အောင်ခြင်းများလီ၊ ပြည်ထောင်နီမျိုး၊ လုပ်ဆောင်ကြိုးလော့၊ မြင်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဖဲကို၊ ချစ်မြဲမြတ်လည်း၊ ကျေးလက်ပီး၍၊ သိမ်းမွီးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်းမင်းချစ်သနား တည်စီမင်း။
38. အခေါင်ကြငှန်း၊ လူ့ထိပ်ထွန်းသား၊ ဦးစွန်းအချာ၊ မင်းတကာရို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းအညီ၊ တူကြစီလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို ၊စိုးပိုင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရဇာတိ၊ ရဲခြင်းဟိသည်၊ မိမိအစာ၊ ရှာလိုခါမှ၊ နီရာကျောက်ဂူ၊ ထွတ်လက်ပြူသော်၊ ရန်သူယှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွီးသံသောက်တုတ်၊ အားကိုထုတ်၍၊ ကိုက်ဆုတ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ လူများထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၊ ရေးရာမျှော်ယှု၊ ခပ်သိမ်းမှုကို၊ ဗဟုကိစ္စ၊ ဟူသမျှလျှင်၊ လုံ့လပည်းတူ၊ အားကိုမူဖြင့်၊ ရန်သူစဲ၍၊ ပြည်ထဲပွင့်လင်း သာစီမင်း။
39. နရာဓိပတိ၊ သိဒ္ဓိထွဋ်တင်၊ မြတ်ဆုံးတင်သည်၊ ပြည့်သျှင်ဘုန်းလှိုင်၊ ကျင့်နည်းခိုင်၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူသော်၊ ဖြူသည်အဆင်း၊ မွှီးရောင်ဝင်းသား၊ လိုင်ကျင်းခြီရှည်၊ ထိုငှက်သည်ကား၊ ဖွေနီအစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းကမ်းနား၊ သွားလာမွိညက်၊ ငြိမ်သက်ဣိနြေ္ဒ၊ ထွေရှုစိမ့်စီ၊ မိန်းမိန်းနီလျှက်၊ ရီမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုန်မင်လျှပ်လျှပ်၊ ရအောင်ဟပ်သို့၊ ပြည့်ကွပ်လူမှူး၊ စောရန်ငူးလည်း၊ ဆူးဆူးကျင့်မူ၊ ဗျိုင်းမတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ အမွိစောင့်ယှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်းလျှက်၊ တိုင်တည်းသမှု၊ မြော်ကြည့်ယှုမှ၊ အန်တုအန်ပ၊ အစထော်လော်၊ ပေါ်သည်အကြိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ရန်မလာ စီနှင့်မင်း။
40. ဗာဟုဗလ၊ စသည်တွက်ရီ၊ အားငါးထွေဖြင့်၊ တိုင်းပြည်သေဌီနင်း၊ မင်းရို့သော်သာ၊ ပြည့်နိုင်ရာဟု၊ မြတ်စွာဘုရား၊ ဤလူများကို၊ ဟောကြားမိန့်မြွက်၊ ရွှေနှုတ်နက်ဖြင့်၊ မပျက်စီအောင်၊ ကျေးဇူးဆောင်လော့၊ လူဘောင်လူ့ထွဋ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်းဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အင်ငါးမည်တွင်၊ အထွဋ်တင်သား၊ မျက်ရှင်အလား၊ ပညာအားဖြင့်၊ စီးပွါးမြင်နိုင်၊ မြဲကြောင်းကိုင်၍၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးထွင်၊ အမှူးစင်စစ်၊ ရှိလားဖြစ်လျှက်၊ အပြစ်ခွာယှောင်၊ အကျိုးဆောင်သား၊ တက်ခေါင်လိမ္မာ၊ မတ်ပညာကို၊ စီပါသုံးစွဲ၊ ကိုယ်၌မြဲကာ၊ ငရဲမလား၊ ရှိယှုလားလျှက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်လျှက်၊ သမန္တစက်၊ အမြင်နက်သား၊ ပွားတတ်ပညာ၊ မတ်လိမ္မာအား၊ ဆရာတစ်ဆူ၊ တိုင်ပင်မူလျှက်၊ ဆုံးမခက်သား၊ သူပျက်တစ်ယောက်၊ ပါယ်မကြောက်ကို၊ နှင်ခြောက်ခြိမ်းမောင်း၊ စီးတစ်ချောင်းလျှင်၊ ထောင်းထောင်းညက်ညက်၊ မျက်နှာဖျက်၍၊ ရန်ဘက်မညှာတာ စီနှင့်မင်း။
41. အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမတင်၊ ကမ်းမမြင်သား၊ ရီပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းရို့၊ စင်းလျှင်းမရှာ၊ စီးဝင်လာသို့၊ ချမ်းသာခေါင်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ၀တ်စားတန်ဆာ၊ လိုရာရာတည့်၊ မကြာမတင်၊ ရောက်လာလျှင်လည်း၊ လိုချင်သမှု၊ မပြုလေကျင်၊ ပြည်ကြီးသျှင်ရို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကို၊ တရာ့တစ်စင်း၊ ထီးဆောင်းမင်းရို့၊ လက်ရင်းကျပ်သို၊ ကျွန်ပြုလိုလျှင်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊ မရောက်ရဲတည်း၊ ပြည်ထဲသေဌီနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၏၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခိုင်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်လျှက်၊ အလွတ်မစား၊ အချို့ထား၍၊ အများကျွေးမွီး၊ ၀ီငှပီးသည်၊ ကျင့်ရေးတတ်လိမ် မာစီမင်း။
42. ၀သုန္ဒရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးဘုန်း၊ ကုသိုလ်မှုန်း၍၊ ခါဆုန်းချိန်သင့်၊ ကြာနှယ်ပွင့်သား၊ ရင့်သည့်တေဇ၊ တန်ခိုးပလျှက်၊ လူများမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစီအောင်၊ ကျေးဇူးဆောင်၍၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလယ်မှန်၊ ချိန်ခွင်မှန်သို့၊ ဧကန်ကျကျ၊ မီးမြန်းမှလျှင်၊ မဆမတွေး၊ ရှုံးနိုင်ပီးလော့၊ အရေးအလျောက်၊ မဖောက်မှန်ကန်၊ ကျမ်း၌မှန်သား၊ ရှိးလွန်နည်းမှီး၊ ထုံးတည်းမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ထွင်းထွင်း၊ ကြံထိုးယွင်းလျှက်၊ စင်းစင်းမတ်မတ်၊ တရားဖြတ်၍၊ လူနတ်ကောင်းချီး ငြာစီမင်း။
43. မဟီပတိ၊ ယသဿိဟု၊ မြီကြီးသခင်၊ စီးစိမ်ပြင်သား၊ ကျော်ထင်လူ့ပြည်၊ မင်းရို့သည်လျှင်၊ အရှည်မမျှော်၊ မတော်အလျား၊ မိလျော့ငြား၍၊ တရားမစောင့်၊ မဖြောင့်မစင်း၊ အကျင့်ယွင်းမူ၊ ထိုမင်းလက်ထက်၊ မြီကြီးလျှက်လည်း၊ သက်ခသြဇာ၊ အောက်မှာရွိလီ၊ ထဲတဗွီ၌၊ နီဘိရကား၊ အမြားပည်းဖြင်၊ ရောက်လှည့်ကျင်သား၊ သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊ အမွန်ရသာ၊ သြဇာမဟိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆီးဝါးစသည်၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊ စားလီပါလည်း၊ အနာလွတ်ခဲ၊ ရွိရွိရဲလျှက်၊ ကောင်းမြဲမကောင်း၊ မိုးလီနှောင်း၍၊ သောင်းခကောက်ပင်၊ ပျိုးမရှင်တည့်၊ ပြည့်သျှင်မင်းကြီး၊ တရားမှီးမူ၊ မြီကြီးရသာ၊ သြဇာတိုးတက်၊ ချိုမြက်သစ်သီး၊ အကြီးလုံးလှ၊ ဆီးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာဆွတ်မိုးကောင်း၊ ကောက်မသောင်းတည့်၊ မင်းကောင်းရို့ကြောင့်၊ တရားစောင့်လော့၊ သျှစ်သောင်းမြီပြင်၊ ရန်ကိုသင်လျှက်၊ ပြည်တွင်းပြည်သူ၊ ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုးကြီး ရွာစီမင်း။
44. လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သီဟိုကျွန်း၌၊ ထွန်းသည်နီသွင်၊ တန်ခိုးထင်သား၊ သင်္ခဗောဓိ၊ အမည်ဟိသည်၊ မင်းကြီးကျင့်ထူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုးနှင့်၊ နတ်ဆိုးဘီလူး၊ စားကြူးလူသား၊ ဘေးသုံးပါးကို၊ သိကြားနတ်တိုင်၊ ဓိဌာန်လှိုင်လျှက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဖိတားပျောက်စီ၊ မိုးကောင်းစီ၏၊ ကျင့်ထွေလိုလား၊ မတတ်ငြားလည်း၊ ရှိုးရှာဆိုးကောင်း၊ ကျိုးတကြောင်းမျှ၊ မင်းကောင်းမှန်ကဲ၊ ကျင့်မူရဲလော့၊ ဖောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘဲ၊ ကျေးဇူးသော်မူ၊ သူတော်လူရို့၊ ပြောမူမြင့်ကြာ၊ ချီးမွမ်းရာလျှင်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှိထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်း၍၊ လူတိုင်းအံ့အဲ၊ ချီးမွမ်းကဲလျှက်၊ မြင့်မြဲကျေးဇူး ကြာစီမင်း။
45. သဟဿနေတ္တ၊ ၀ါသ၀ဟု၊ သက္ကသူရိန်၊ ဒေ၀ိန်ထွဋ်ထား၊ မိုးသိကြားလျှက်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ သွယ်ကာရန်ထောက်၊ နတ်လေးယောက်ကို၊ စောင့်ယှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်ခိုးထွန်းလင်း၊ လရို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်လျှက်၊ ကြံစည်နက်နဲ၊ မှုထမ်းရဲသား၊ ခက်ခဲရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဖို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်မကောင်း၊ မပီးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှိကျင့်တမ်းဖြင့်၊ မှုထမ်းအစေ၊ ကွပ်ညှပ်ပေ၏၊ လူ့ဆွီသိကြား၊ လူမင်းဖျားလည်း၊ လေးပါးထပ်တူ၊ ပမာယူလျှက်၊ ပြည်သူစောင့်ယှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊ ပြည်ထောင်ကြောက်ရွှံ့ ယှားစီမင်း။
46. အခါတပါး၊ မြင်မိုရ်ဖျား၌၊ သိကြားနီရာ၊ စစ်ပြုလာသည့်၊ ပြင်းစွာမျက်သျှိန်၊ အသူရိန်ကို၊ ဒေ၀ိန်သက္က၊ စီးချင်းချ၍၊ ဒေ၀သဘာ၊ သုဓမ္မာဟု၊ သာသည်ဇရပ်၊ အမိုးရပ်တွင်၊ နောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွီးရွီရွတ်၊ တတွတ်တွတ်လျှင်၊ အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်ဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျှက်၊ မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ ယင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သီးခံစီ၏၊ ရွှေမြေရပ်စည်၊ ရွှေနန်တည်သား၊ နတ်ပြည်သေဌီနင်း၊ သိကြားမင်းလျှင်၊ ခံပြင်းသီးညည်း၊ အမျက်နည်း၍၊ ရီကြီးတောတောင်၊ အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူရို့မင်းလည်း၊ ပုံခင်းကျမ်းလာ၊ ထိုထိုစာ၌၊ ပြင်းစွာအမျက်၊ မထွက်ဖို့ရာ၊ ချုပ်မြစ်ထာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းလျှက်၊ လူလည်းပြောဟော၊ နတ်ချစ်မောသည်၊ ကျော်စော ချီးအံ့ သြစီမင်း။
47. လောကသာရ၊ ကျမ်းဂန္တ၌၊ ဓမ္မရသာ အလင်္ကာဖြင့်၊ တန်းဆာလည်းဆင်၊ ဖွဲ့စီရင်လျှက်၊ ကျမ်းမြင်ထွေပြား၊ အပါးပါးတည့်၊ များသည့်ထုံးနည်း၊ မှတ်ဖွယ်ချည်းလျှင်၊ ပမည်းပမာ၊ နည်းနာနယ၊ ပွတ်ပုံချသို့၊ ခတ္တိယရာဇာ၊ ဇနာဓိပ၊ ဘူပါလဟု၊ လောကထွဋ်ဖျား၊ မင်းရို့အားကို၊ စီးပွါးချမ်းသာ၊ ဖြစ်စိမ့်ငှာလျှင်၊ ပညာသေတ္တု၊ စည်းရုံးပြုလျှက်၊ ကျင့်မူဆန်းပြား၊ ဆုံးမကြားသော်၊ ကောင်းဖျားမွန်ရည်၊ ကျော်စောသည်ကား၊ အမည် ရာဇာသာရတည်း။….။
တတိယပိုင်း
48. မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ဖွါး၊ ပုဏ္ဏားမျိုးရို့၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှိဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆီးသမားနှင့်၊ ဟူးရားကြယ်မြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တချို့၊ မီးပူဇော်သို့၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တီး၊ ဦးဆီးတခြား၊ ခေါင်အားဗေဒင်၊ သိမြင်နှံ့စပ်၊ မေးကပ်ကပ်နှင့်၊ ကလာပ်ဗျဦ္ဇ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တတ်နှိုင်းတခြား၊ ဤလေးပါးကို၊ ပုဏ္ဏားရို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆီးသမားလည်း၊ ဆီးဝါးတတ်ပွန်၊ ဆီးကြန်လေ့ကျွမ်း၊ ဗိန္ဓောပြွမ်း၍၊ ဆီးကျမ်းထိုထို၊ သာရကိုလည်း၊ ဖွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွီးလီချောက်ယှား၊ သလိပ်များက၊ စသည်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ်ခြောက်ပါး၊ အပြားပြားကို၊ မမှားလတ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက် စီမင်း။
49. ဟောရဂန္တ၊ ဂဏနဟု၊ သိပ္ပဟူးရာ၊ တတ်မြောက်မြား၍၊ ပုဏ္ဏားနွယ်ရိုး၊ သူကောင်းမျိုးရို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအင်ထုတ်၍၊ အဟုတ်လေ့လ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းဆန်ဓူဝန်း၊ ဂြိုဟ်သွမ်းခွဲခြမ်း၊ ထုတ်နိုင်စွမ်းအား၊ စုံစမ်းစိရီ၊ များထွေမဏ္ဍပ်၊ ထပ်ကြပ်ရောဂါ၊ ကာလစက္ကိ၊ အမြိတစုတ်၊ ဖော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တဗီသ၊ လှည့်ထနက္ခတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသိရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နီလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ ထုံမွန်ကားကား၊ အသားအရိုး၊ စုပြည့်ဖြိုးလျှက်၊ ဟိုးဟိုးထင်သိ၊ ပညာဟိဟု၊ ကိတ္တိထင်ယှား၊ ဗြဟ္မာသားရို့၊ ဟူးရားတတ်ခေါင့် မြတ်စီမင်း။
50. သာမယဇု၊ ဣသျှုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘမျိုးစစ်၊ အဖြစ်မြတ်လှ၊ ဗြဟ္မာဏဟု၊ တွင်ထမည်သာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျှက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဘယ်ပတ်ခြုံ၊ စပယ်ရုံလျှက်၊ တင်တုံစလွယ်၊ လိုင်မှာမကင်း၊ ခရုသင်းနှင့်၊ အလင်းရသည်၊ ပတ်စည်ကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဆံအုပ်နှင့်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်း၍၊ စိုးမင်းရို့ရှိ၊ မရွိမတ်မတ်၊ ဖောင်ဖောင်ရွတ်လျှက်၊ စိမ်းလတ်မြသွင်၊ နီစာပင်နှင့်၊ ရီစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်ရို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျှက်၊ ပစ္စည်းပေါယယ်၊ ဗြဟ္မာကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စီမင်း။
51. ဥဒည်းမဇ္ဈင်၊ နီဝင်အခါ၊ ညစာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာလျှက်၊ ကြောင်းခြာခွဲစိတ်၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဘေးလွှဲရန်ဖီ၊ နတ်စန္စီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျှက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဦးခေါင်းသန္တီး၊ နိတိုင်းဆီးလျှက်၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ကြံပွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးယှောင်ကြဉ်၊ မယှဉ်သက်သတ်၊ အကျင့်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတိ၊ ခုနစ်နိလျှင်၊ စိလတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ စိတ်ကြည်မြတ်လည်း၊ အလှူပီးလော့၊ ရှိးကလွန်လီ၊ ရှိးရိုးပီသား၊ မျိုးဆွီကျင့်မြဲ၊ မှတ်သုံးစွဲလျှက်၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စီမင်း။
52. ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါ်ဂြိုဟ်နှင်၊ ဗေဒင်ရွတ်မန်း၊ မန္တန်တန်းလျှက်၊ ကျယ်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့သျှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆီးပီးဦးခေါင်း၊ ဘိသိက်လောင်း၍၊ သူကောင်းသူမြတ်၊ လွတ်စီအနာ၊ ဥပါဒ်ခွာလော့၊ ပြည်ရွာစီးပွါး၊ များစိမ့်သမှု၊ ဟုတ်တိုင်းပြု၍၊ စုဘိကျီးခဲ၊ ရဲရဲမီးတွင်း၊ လောင်ခြင်းဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်လျှင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဖန်များစုရွတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူဘော်ရန်စစ် ပျောက်စီမင်း။
53. ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာဟိဟု၊ က၀ိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုက်ကို၊ မြှိုမြှိုက်လျှာဖျား၊ စက်ထားရဟတ်၊ ပိဋ္ဋကတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျှက်၊ ကျင့်ခန်းထွေပြား၊ အပါးပါးတည့်၊ မှတ်သားကျယ်ဝန်း၊ ဆန်းအလင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဖွဲ့စွမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိတ်ဆရာ၊ မြောက်ထိုက်စွာလျှက်၊ ဒိသာပါမုခ်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်၍၊ တတ်ခေါင်လိမ္မာ၊ ရှိအခါ၌၊ ဆရာမြောက်လှ၊ ဇနက္ကသို့၊ လုံ့လကြိုးစား၊ မင်းရို့အားကို၊ စီးပွားရောက်အောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စီမင်း။
54. လက္ခာဏာကြန်၊ တတ်ပွန်လေ့လာ၊ မင်းဖြစ်ရာသား၊ လက်ညာဖ၀ါး၊ အခြားပျက်ပျက်၊ ခြီထက်သက်၍၊ လက်သည်းများသွင်၊ အရေးမြင်မူ၊ မင်းလျှင်စစ်စစ်၊ ဖြစ်အံအမြဲ၊ မချွတ်လွဲဟု၊ ၀မ်းထဲမရွံ၊ လိုင်ဖြတ်ခံလော့၊ ထုံးစံမှတ်သား၊ နည်းနာများကို၊ ပုဏ္ဏားမျိုးကောင်း၊ လူအပေါင်းတွင်၊ ကဲဆောင်းတတ်လွန်၊ ကောဏ္ဍဉ်းဟန်သို့၊ ဟောညွန်လက္ခာဏာ၊ တတ်လှစွာ၍၊ ပညာကဝေ၊ မြောက်သောထွေဖြင့်၊ အသေအချာ၊ နာနာသိပ္ပ၊ ကိစ္စတတ်ပွန်၊ မန္တန်ပြီးစီး၊ နတ်ကြီးသူရဿတီ၊ ပင့်ချီခေါ်ချ၊ စကားရလျှက်၊ ပေါက်ပြကျော်ထိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ မြောက်စီမင်း။
55. ကျယ်ဝန်းစင်္ကြ၀ဠာ၊ ကမ္ဘာတည်စ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာနွယ်ရိုး၊ ကျော်ဟိုးဟိုးတည့်၊ ကောင်းကျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်ပြီးစင်သား၊ လူတွင်ထင်ယှား၊ ပုဏ္ဏားများကို၊ ကျင်စီလို၍၊ သံချိုလင်္ကာ၊ ထုံးပမာဖြင့်၊ နည်းနာထွေပြား၊ မှတ်စိမ့်ကြားသည်၊ တခြားတတိယပိုင်းတည်း။…။
http://siberianbird.blogspot.com
Posted by Arakan Research Centre
ပင်မစာမျက်နှာ,
ရခိုင်သမိုင်းကြောင်းများ
04:30
တိုင်းသိပြည်သိဆင့်ခေါ်ခြင်း
နိရာ-မြောက်ဦးရွီနန်းတော်
ကိစ္စ-ရခိုင်နိုင်ငံတော်အရေးကိစ္စ
ယင်းအဖြစ်အပျက် မတိုင်ခင် သူ မဟာမုနိမှာ ဥပုဒ်သီလရက်ရှည် ဆောက်တည်ခိသိရေ။
ယင်အဖြစ်အပျက်မတိုင်ခင် ယောဂီသူတော်စင်တပါး၏ မဟာမုနိဘုရားဖူးရက်ရှည်ခရီးတခုဆိုစွာအထူးအဆန်းမဟုတ်လို့ဆိုကေလေ့ ထိုတခေါက်သူ၏ ဥပုဒ်သီလဆောက်တည်မူက ထူးခြားနိရေပိုင်ဟှိရေ။
အယင်အခေါက်တိတုန်းကဆိုကေ သူ၏တရားထိုင်ချိန်တိုင်းမှာ နားချိန်၊ စားချိန်၊ ဟှိကေလေ့ ဒေတခေါက်တောအနားအယူပင်မဟှိသလောက်ပါ။
အထူးခြားဆုံးကတောကေသူ၏မျက်နှာ
ကောင်းတေကြည်နီလွန်းအားကြီးရေလို့ထင်ပါရေ။
နောက်သူ့မျက်လုံးအစုံ၏ အယင်နန့်မတူရေအီးစက်မူပါ။
မဟာမုနိကပြန်ရောက်ပြီးရေနောက်ပိုင်းကပင် သူ၏အချိန်တိကိုလေ့ သျှစ်သောင်းဘုရားမှာသို့မဟုတ် ဘုရင်မင်းမြတ်နန့်တတူစန္ဒကူးနန်းဆောင်တွင်ထဲ့မှာပဲ ကုန်လွန်စီလေ့ဟှိပါရေ။
........................................
သတင်းဆိုးရို့ဆိုစွာ ကောင်းပျံ့နှံလွယ်ပါရေ။
ယင်းတလိုင်းမှာ သတင်းဆိုးတခုက မြို့ပြမက နယ်အစွန်အဖျားမကျန် လူတိုင်အတွက်မိုးထကပင်နိတဝင် ဒေသတင်းပြီးကေဒေသတင်းအကြောင်းပါ။
အလျို့လျို့ အလျို့လျို့ အစုစုအစုစု တတိုးတတိုးနန့် လူတိကြားထဲ့မှာ ကောင်းအထိတ်တလန့်ဆန်ရေသတင်းတပုဒ်က
လူတိုင်း၏ပျော်ရွှင်မူ၊ လုံခြုံတိကိုပျောက်ပျက်စိပါရေ။
ထိုသတင်းဆိုးစတင်မြစ်ဖျားခံလာစွာနိရာကတောကေ မြောက်ဦးရွှီနန်းတော်ထဲ့ကစပါရေ။
ဇာပုရောဟိတ်၏တွက်ချချက် သို့မဟုတ် ယူဆချက်လို့ပြောရခက်ကေလေ့ ဒေသတင်းဆိုးဆဒနိရာကထွက်လာစွာကတောကေ အမှန်ပါ။
ကောင်းအထိတ်တလန့်ဆံရေသတင်းတခုပါ။
“မြောက်ဦးမြို့သက်ကုန်ဗျာလ်လတ်“
“မြောက်ဦးမြို့ကိန်းခန်းကုန်ဗျာလ်......“
ရခိုင်နိုင်ငံတော်ပျက်စီးဖို့ဗျာလ်
အားငယ်မူစိတ်ပျက်မူ။
မယုံကြည်မူ အယုံအကြည်ပျက်မူတိနန့် ပြည်သူလူထု။
.............................................................................
ရက္ခိတရို့ဆိုစွာ ကိုယ့်ကိုယ်ကိုထက်မကတိုင်းပြည်ကိုချစ်တေလူမျိုးတမျိုး…….
ဒေရက္ခိတရို့၏ရာဇာဝင်မှာခေါင်းဆောင်အဆက်ဆက်လေ့ ကိုယ်ကျိုးမဖက်အမျိုးသားရေးသည်သာပဓါန………
ရက္ခိတရို့ဝိဥာဏ်ကိုသူရဲကောင်းတိ၏ရဲနိရေသွီးတိနန့်ဖွဲ့တည်ရေမလှား………
မြောက်ဦးမြိုးကိုစတည်ကတည်းက မင်းစောမွန်က မြို့တော်တည်ဖို့မြီနိရာနှစ်နိရာရွီးပြီးကေသူ၏မူးမတ်တိနန့်တိုင်ပင်ရေ….
အမတ်ပညာဟှိအပေါင်းရို့ကတညီတညွှတ်တည်းလျှောက်ထားဂတ်စွာကတောကေ…
“အသျှင်မင်းမြတ် အေနီရာမှာ မြို့ပြပြည်ရွာတည်သည်ဟှိသော် မြို့သည်ကားအသက်ရှည်အံ့။ မင်းသည်ကားအသက်တိုအံ့“
“အသျှင်မင်းမြတ်ထိုနီရာမှာ မြို့ပြပြည်ရွာတည်သည်ဟှိသော် မင်းသည်ကားအသက်ရှည်အံ့၊ မြို့သည်ကားအသက်တိုအံ့သော အကြောင်းကိုမြင်ပါ၏ဘုရား“ လို့တညီတညွတ်တည်းလျှောက်ထားဂတ်တေခါ မင်းစောမွန်က ဆင်ခြင်မူ စဉ်စားမူကြီးစွာနန့် ဆုံဖြတ်ချက်တခုချဖူးခရေမလှား……
သူ၏မူမတ်အပေါင်းရို့အား
“ပညာဟှိသူတော်ကောင်းမူမတ်အပေါင်းရို့ ငါကားရက္ခိတမှန်၏ ငါ၏အသက်သည်ပဓါနမဟုတ်၊ ငါရို့၏တိုင်းပြည်မြို့ရွာသည်သာပဓါနဖြစ်၏
ငါ၏အသက်ကိုကားတိုစီ
ရက္ခိတရို့၏ မြို့ပြပြည်ရွာကိုကားတစပင်မယွန်းစီကေ့မူးမတ်များ“ ဟုမိန့်မှာလျက်မြောက်ဦးမြို့တော်ကိုတည်ထောင်၏။
ရက္ခိတရို့၏ဝိဥာဏ်ကိုသူရဲကိုရို့ရဲနိရေသွီးတိနန့်ဖွဲ့တည်၏။
…………………………………………………………………..
ယင်းနိက
မိုးထအာရုံလောက်ကပင် သျှစ်သောင်းဘုရားကိုဖူးမျှော်ဦးချ၊
လှိုင်ထဲမှာအကြားကြီးဆောက်တည်မှုရို့ပြု၊
ပြီးမှသူနန်းတော်ကိုစစိုက်မမတ် လျောက်လားရေ၊
သူပုံကနန်းတော်ကိုလားဖို့စိတ်စောနိပုံရရေ။
………………………………………………………………….
နန်းရင်ပြင်တခုလုံးလူတိနန့်ပြည့်ကျပ်လို့
မင်းမူထမ်းကအစပြည်သူပြည်သားအဆုံး
နန်းရင်တခုလုံးလူသူတရုံးရုံးနန့်
ရခိုင်နိုင်ငံတော်အရေးကိစ္စ
ယောဂီသူတော်စင်
ပြည်သူများ၏အချစ်တော်
ပြည်သူတရပ်လုံး၏အားထားလေးစားကြည်ညိုခြင်းခံရသူ
မဟာပညာကျော်အမတ်ကြီးနန့်တတူ ရခိုင်နိုင်ငံတော်၏ အဓိကရရွီမျဉ်းဓမ္မသတ်ကျမ်းကိုရွီးဆွဲသူ
ရက္ခိတရို့၏ရွီရောင်အနာဂတ်များအတွက်အမျိုးသားရေးအတွေအခေါ်ရပ်များကိုချမှတ်ဖော်ဆောင်သူ
သူသည်ပြည်သူအပေါင်းနန့်တကွမင်းမူထမ်းများကိုဆင့်ခေါ်စုဝေးစီသည်
စုဝေးရာနိရာသည်မြောက်ဦးရွီနန်းတော် စုဝေးစီရခြင်းကိစ္စကား
ရခိုင်နိုင်ငံတော်အရေးကိစ္စ။
……………………………………………………………….
နန်းရင်းပြင်ထဲပြည့်ကျပ်နိရေလူအုပ် လှုပ်ရွနိရေလူအုပ် တရုံးရုံးနန့် သူတခွန်ငါတခွန်ဝေဖန်အသံပြုမူများ၏လူအုပ်သံသည် ရုတ်တရက် တိတ်ဆိတ်မူမကတိတ်ဆိတ်မူသို့ရုတ်တရက်…..
တည်ငြိမ်သော
သိမ်မွေ့သော
အိနြေ္ဒရသော
ရက္ခိတရို့ဦးညွှတ်ရာဖြစ်သော
ထိုယောဂီသူတော်စင်သည် အလွန်တရာမှတည်ကြည်သော အလွန်တရာမှကြည်လင်ပြတ်သားသောအသံဖြင့်
“ရက္ခိတအပေါင်းရို့………….
ငါ၏ချစ်စွာသောရက္ခိတပေါင်းရို့…….
သင်ရို့အပေါင်းအားငါသည် ငါ၏အသဲအအူမျှမက ချစ်ခင်၏
အေစကားသည်မှန်၏။
ရက္ခိတအပေါင်းရို့
ငါရို့၏ရခိုင်နိုင်ငံတော်နန့်ရခိုင်လူမျိုးအားငါသည် ငါ၏အသဲအအူမျှမက ငါ၏ပကတိဝိဥာဏ်ထက်မကငါသည်အမှန်ပင်ချစ်မြတ်နိုးပါ၏။
ရက္ခိအပေါင်းရို့……..
ငါရို့၏ရခိုင်နိုင်ငံတော်နန့်ရခိုင်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမူသည်ကားဒေတဘဝအတွက်ရာမဟုတ် နောက်ဘဝများစွာ
များစွာ၏ အဆုံးအထိပင်ရည်ရွယ်၏
ဒေဘဝမှလွန်ပြီးသည်ပင်လျှင်နောက်ဘဝဘဝများဆက်တိုက်ရက္ခိတရို့၏အကျိုးအတွက်ရက္ခိတရို့၏အကျိုးတခုတည်းအတွက်သာငါသည် ရှင်သန်လိုသောမပြောင်းလဲသော ခိုင်မာပြတ်သားသော စိတ်အစဉ်သာဟှိ၏။
ရက္ခိတအပေါင်းရို့ ငါ၏ဒေပ်ြပြင်းသောဆန္ဒဇောကြောင့်ငါသည်အစဉ်ထာဝရပင်ရက္ခိတရို့၏တိုင်းပြည်တွင် ရက္ခိတရို့အတွက်ငါ၏ရဲရင့်သောဝိဥာဏ်သည်ကမ္ဘာတည်သည်ပတ်လုံးရှင်သန်ကျန်ဟှိလိမ့်မည်ဟု ငါယုံကြည်၏။
-----------------------------------------------------------------------------------------------------------------
အိုရက္ခိတအပေါင်းရို့ ……
အဂုငါသည် သင်ရို့အပေါင်း၏ရှိမှောက်၌ရက္ခိုင်ပြည်၏အသက်ကိုဆက်ဖို့ နည်းလမ်း၊ကမ္ဘာတည်သရွိ ရခိုင်လူမျိုးနန့် ရခိုင်နိုင်ငံတော်တည်တံ့နိုင်မည်နည်းလမ်းအားအဂုလက်တွိပြမည်ကြည့်ဂတ်။ ထိုသို့ဆိုပနာ ထိုပုဂ္ဂိုလ်သည်..
အလွန်ပင်လျှင်မြန်သောသူ၏လှုပ်ရှားမူတဒင်္ဂ၌ ချွန်ထက်တောက်ပသော၊ စူးချထက်မြသော ဓါးသံလျှက်တခုအားကိုင်ထားပြီးသားဖြစ်၏။
ထိုနောက်သူသည် သူ၏ချစ်စွာသော ရက္ခိတအပေါင်းအား တချက်မျှစိုက်ကြည့်ငြိမ်သကိနီ၏။
တိတ်ဆိတ်မူသည် အနက်သျှိုင်းဆုံး ထိုပုဂ္ဂိုလ်၏ မျက်နှာသည်ယောဂီသူတော်စင်တပါး၏အီးစက်တည်ငြိမ်သောအသွင်မှ သူရဲကောင်းတစ်ယောက်၏ရဲရင့်တည်ကြည်သောအသွင်သို့ရုတ်တရက်…………..
ရုတ်ရက်ထိုပုဂ္ဂိုလ်သည်သူ၏ရင်ဖတ်ထဲမှဓါးကိုထိုးသွင်းကာ အောက်သို့ဆွဲချခွဲဖောက်ပလိုက်စွာနန့် အမှတ်မထင်ထားရေလုပ်ရပ်တခုကြောင့်ညီလာခံရင်ပြင်တခုလုံး မှင်သက်တိတ်ဆိတ်နီိပြီးမှ ရုတ်တရက်လဲပြိုသံတခုထွက်လာပြီးသည်နောက်တပြိုင်နက် နန်းတော်တခုလုံး ရှိသမျှလူသူပရိတ်သတ်များအားလုံးရုန်းရင်းဆံခတ်ဆူညံပေါက်ကွဲသော လူအုပ်တခုအသွင်သို့ချက်ချင်းပြောင်းလဲလားပနာ တချို၏လဲပြိုသံ၊ တချို၏အပြီးအလွှာတိုးဝှဲသံ၊ တချို၏ကျွီးသံအော်သံ၊ ငိုကြွီးသံ၊ ဟန့်တားသံတိနန့်နန်းတော်တခုလုံး…………….
ရုတ်တရက်အနားကိုတိုးကပ်လာကတ်တေ လူတိကိုသူက သူ့အနားကိုမကပ်လာကတ်ဖို့ တချက်ပြောဆိုပြီးစွာနန့် ချက်ချင်းသူ၏အသဲအအူတိကိုရုတ်တရက် ဆွဲထုတ်ပနာ သူနန့်အနီးဆုံး နန်းတော်တိုင်တခုမှာ ဖက်ချဉ်ပလိုက်ပါရေ။
နာကျင်မူတိကြားထဲက အတားအဆီးမဟှိသွန်ရဲနီရေသွီးတိကြားထဲက ထိုပုဂ္ဂိုလ်နောက်ထပ်ကြိုးစားပနာအမှာစကားတခုထပ်ပြောပါရေ။ ယင်းအမှာစကားဆိုစွာအရေးအကြီးဆုံးနန့်နောက်ဆုံးအမှာစကားပါ။
“အို..ချစ်စွာသော ရက္ခိုတရို့ …..
သင်ရို့၏ ရခိုင်နိုင်ငံတော်နန့် ရခိုင်တလူမျိုးလုံး
ကမ္ဘာတည်ရွီးတည်တံ့စီချင်ရေဆိုကေ သင်ရို့၏အသက်၊ သင်ရို့၏ခန္ဒာ၊ သင်ရို့၏သွီးကိုတစက်တောင်မနှမြောလီကတ်ကေ့။ အဂုငါ၏အသက်၊ ငါ၏ခန္ဒာကို ငါ့တိုင်းပြည်အတွက်ငါမတွန့်တိုမနှမြောရေပိုင် သင်ရို့၏အသက်ကိုမနှမြောလီကတ်ကေ့။ သင်ရို့၏အသက်နန့်သင်ရို့၏တိုင်းပြည်အသက်ကိုဆက်ကတ်။
ရက္ခိတအပေါင်းရို့……
အဂုငါ၏အသဲအအူနန့် အေရခိုင်ဘုရင့်နိုင်ငံတော်၏နန်းမ တိုင်ကိုငါဖက်ချိုင်ထားသကဲ့သို့ သင်ရို့၏အသည်းအအူတိနန့် သင်ရို့လူမျိုးနန့် သင်ရို့၏နိုင်ငံတော်ကိုဖက်ချိုင်ထားကတ်။“
လူအုပ်သည် ရုန်းရင့်ဆန်ခတ်လျှက် ထိုပုဂ္ဂိုလ်၏အမှာစကားများသည် ကြားတချက်မကြားတချက်……
အမှတ်မထင်ထားရေလုပ်ရပ်တစ်ခုကြောင့် ညီလာခံရင်ပြင်တစ်ခုလုံးမှင်သက်တိတ်ဆိတ်နိကတ်မိပါရေ။ မြင်ကွင်းကအထိတ်တလန့်ဆန်ပါရေ။
အေသျှင့်ဆိုစွာရူးသွတ်မူတခုမဟုတ်ပါ။ အေချင့်စွာစိတ်ကူးယာဉ်မူတခုမဟုတ်ပါ။
အနက်ချိုင့်ဆုံးသော “ပါဖောမန့်“ တစ်ခု….
မှုန်တချက် လက်တချက် ကြားတချက် မကြားတချက်……….
ဒေရာဇဝင်ထဲက သူရဲကောင်း
ဒေရာဇဝင်ထဲက သူတော်စင်
ဒေရာဇဝင်ထဲက ပညာသျှင်
ရက္ခိုင်ရို့၏ အမျိုးသားရေအတွေးအခေါ် (National Philosophy) တစ်ရပ်ကိုချမှတ် ရိုက်သွင်းပီးခရေပုဂ္ဂိုလ်…
အေပုဂ္ဂိုလ်၏ လုပ်ဆောင်ချက် အေ “ပါဖင်းမတ်“ စွာဇာကိုဆိုလို့လေဆို စွာ…
ရက္ခိတရို့သည်ကားလင်းတချက် လက်တချက် ကြားတချက် မကြားတချက်…
“ရက္ခိတအပေါင်းရို့ ….
ငါရို့ရခိုင်နိုင်ငံ၊ ငါရို့ရခိုင်လူမျိုး ကိုကမ္ဘာတည်သရွီးတည်တံ့စီလိုရေ၊ ကမ္ဘာတည်သရွီဒေနိုင်ငံနန့်လူမျိုးကိုအသက်ဆက်လို့ဟှိစီသျှင်ရေဆိုကေ…….“
“ရက္ခိတအပေါင်းရို့ ….
ရခိုင်နိုင်ငံတော်နန့် ရခိုင်လူမျိုးအတွက်အသက်ကိုမနှမြောကတ်ကေ့ အေမြီနန့်အေလူမျိုးကိုကိုယ့်အသက်ထက်မကချစ်ခင်မြတ်နိုးလီကတ်
သင်ရို့၏အသည်းအအူတိနန့် ရခိုင်နိုင်ငံတော်ကို………..
“ရက္ခိတအပေါင်းရို့ ….
သူရဲကောင်းအပေါင်းရို့ ရက္ခိတဆိုစွာ ကိုယ့်တိုင်းပြည်နန့်ကို့လူမျိုးကိုစောင့်သျှောင့်တတ်တေ လူမျိုးကိုရာခေါ်ဝေါ်သမုတ်တေအမည်နာမတစ်ခုဖြစ်လို့ ယင်းရက္ခိတရို့၏တိုင်းပြည်နန့် ယင်းရက္ခိတဆိုရေငါရို့လူမျိုးအတွက်ရဲရင့်ကတ်၊ ငါရို့၏ရဲနီရေသွီးကိုပြကတ်။“
အသံများကားကမကြားတချက် ကြားတချက်………………………။ ။
ရက္ခိတရို့၏သူရဲကောင်း ဦးမြဝါအားအလေးပြုလျှက်…
(ရင်သွီးငယ်)