ကျောက်ဖြူမြို့ သမိုင်းအကျဉ်းချုပ်

 ကျောက်ဖြူမြို့ အံ့ဖွယ်သာမော ကံ့ကော်တော်ဘုရား
 ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏မြောက်ဘက်ဖျားရှိ ဘင်္ဂလားပင်လယ် ကမ်းခြေ အနီးတွင် ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး(၁၂)တိုင်းရှိခဖူးပါသည်။ ယင်းတိုင်း များထဲတွင် ရမ္မာဝတီခေါ် ရမ္မာပူရ ကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါင်ပါသည်။
ရမ္မာပူရကျွန်းအား နောက်တနည်း အဆိုတရပ်မှာကား ကဿဖဘုရားသခင်လက်ထက် တော်အခါက တပါးသောနိ့ တနိ့တွင် ဘုရားသခင်သည် ရဟန္တာများနန့် ကောင်းကင် စံခရီး ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လယ်ထဲတွင် ၀မ်းဘဲငှက် သဏ္ဍာန်ကဲ့သို့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်ရပ်နား တော်မူ ပြီးကျွန်းငယ်ကားနောင် တွင် ၀မ်းဘဲကျွန်းဟု အမည်တွင်အံ့ဟု ဗျာဒိတ်တော် ထားခတော်မူသည်။

ယခုကာလကြာ ရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်းဟူပြောင်းရွှေ့ခေါ်ဆိုကြကြောင်းအဆိုရှိလေသည်။
ထို့နောက် ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အားမြန်မာမင်းရို့ သိမ်းပိုက် အုပ်ချုပ်ခ လေသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ် မြန်မာရို့ ပထမအကြိမ် စစ်ပွဲကြီးဖြစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ် ရို့က သိမ်းယူရရှိသွားလေသည်။

ကျောက်တလုံးဘုရား

ထိုအခါအင်္ဂလိပ်ရို့သည် ရခိုင်ပြည်အားလေးခရိုင် ပြုလုပ်အုပ်ချုပ်ခလေသည်။ ၄င်းရို့မှာ (၁) စစ်တွေခရိုင်၊ (၂) အမ်းခရိုင်၊ (၃) ရမ်းဗြဲခရိုင်၊ (၄) သံတွဲခရိုင်များပင်ဖြစ်ပေသည်။ ခရစ်သကရာဇ် ၁၈၂၉ခုနှစ်တွင် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်းစစ်ဌာနချုပ်အဖြစ်ချထားပြီး တပ်မြို့သဖွယ်ပြုလုပ်ထားခကြောင်း သိရှိရပေသည်။ ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကို ဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင် အဖြစ် ပြောင်းယူအုပ်ချုပ်ခလေ သည်။ ထို့နောက် တဖန်ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲ ခရိုင်ကိုဖျက်သိမ်းပြီး အမ်း ခရိုင်နန့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ်ပူးပေါင်း ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ် အုပ်ချုပ်ခသည်။

ကျောက်ဖြူမြို့ဟုခေါ်ဝေါ်ခြင်းမှာ လှပ ဖြူဖွေးသော ကျောက်စရစ်လုံးငယ်ပေါများစွာရှိ ခြင်းရို့ ကြောင့် ကျောက်ဖြူမြို့ဟုအမည်ပေးခခြင်းဖြစ်ပေသည်။ ကျောက်ဖြူမြို့သည်ကား အလွန်သာယာ လှပခြင်းရို့နန့် ပြည့်စုံပေသည်။ မြင့်သောအရပ်မှကြည့်လျှင် ပင်လယ်ရေ ပတ်လည်ဝိုင်းလျက်ရှိနိန်ပါသည်။ ကံ့ကော် တောဘုရားဘက်သို့သွားရန် လမ်းတမျက်နှာ သာလျှင်ကုန်းလမ်းဟူရှိပေသည်။ (ယခုကျောက်ဖြူ ရမ်းဗြဲလမ်းမကြီးဖြစ်သည်) သို့သော် ပင်လယ်ရေ ပတ်လည်ဝိုင်းသည်ကဲ့သို့ ရှိနေသော်လည်း မြို့တွင်းရှိသောက်သုံးရန်ရေများ မှာကား ရေချိုတွင်းများသာဖြစ်ပေသည်။ လုံးဝငန်ခြင်း၊ နောက်ကျိခြင်းမရှိပေ။


ကြည်လင်အေးမြသန့်စင်သောရေချို ရေကောင်းများသာဖြစ်ပေသည်။ စားသောက်ဖွယ်ရာ ဆန်ရေစပါး များမှာလည်း မရှားမပေါရှိပေသည်။ အထူးသဖြင့် ပင်လယ်ငါးများပေါလွန်း အခြားမြို့ရွာများ မှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုပဲ ပုံတိုက်ကြည့်၎င်း၊ ကောင်ရေအ လိုက် ရေတွက်၎င်းရောင်းချလေ့ရှိကြပါသည်။ ရာသီဥတုမှာလည်းမပူလွန်းမအေးလွန်းခြင်း တို့ကြောင့်ညီမျှမှုရှိပေသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ် သဘောင်္ရေယာဉ်များအချိန်မရွေးဝင် ရောက်ဆိုက်ကပ်သွားနိုင်သည်။

ရန်သတ္တရုနည်းပါးမှုရို့ကြောင့် အရာခပ်သိမ်းအန္တရာယ် အပေါင်းကင်းငြိမ်းခြင်းရှိပေသည်။ ထို့ကြောင့် လည်း ရောက်ဖူးသူတိုင်းသည် စိတ်အေး ချမ်းသာပျော်ရွှင်မှုရှိကြပေသည်။ ဒေပိုင်အကြောင်းကြောင်းပင် ရှေးလူကြီးများက  မြို့အားထူးဆန်း သောနတ်ကျွန်းသာဟူသာခေါ်ဝေါ်ခကြပေသည်။ ကျောက်ဖြူမြို့၏  အကျယ်အ၀န်းမှာအလျား(၂)မိုင်၊ အနံ(၁)မိုင်ခွဲခန့်ရှိပါသည်။ မြို့၏ မြေမျက်နှာမြင်မှာတောင်ကုန်းများ ချိုင့်ဝှမ်းများဟူလုံးဝမရှိပဲစည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိပေသည်။ ဤကားကျောက်ဖြူမြို့၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပေသည်။ ။


............................................
ကိုးကား- ရွှေဖြူခင်မြတ်လှ(ကံ့ကော်တော ဘုရားသမိုင်း)


.........................
ကျောက်ဖြူနတ်

Posted by Arakan Research Centre on 04:11. Filed under , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for ကျောက်ဖြူမြို့ သမိုင်းအကျဉ်းချုပ်

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign