သမိုင်းအစဉ်အလာ ကြီးမားခရေ ရခိုင်စာပီနန့် အရွီးအသား

ပင့်ရစ်မနိုင် ရခိုင်မိန်း၊ ပင့်ရစ်မသိ ရခိုင်နန့်ညှိ့ ပါလတ်။ မြန်မာစာ အရေးအသားမှာ အပင့်အရစ်စွာယေ ပြဿနာ ကြီးတရပ် ဖြစ်ဂါတ်ပါရေ၊ဇာနီရာမှာ ယပင့်ရွီးဖို့လဲ၊ ဇာနီရာမှာ ရရစ်နန့်ရေးဖို့လဲ၊ ကကြီးကို ယပင့်လဲ (ကျ)၊ ရရစ်လဲ (ကျ)၊ အသံချင်းက တူနီကေ ဇာအဓိပ္ပါဆိုကေ ယပင့်၊ ဥပမာ ကျီးကန်းက ကျီးဆို ယပင့်၊ ပမာဏ ကြီးစွာကို ပြရေကျီး(ကြီး)ကိုတော့ရရစ်၊ ယပင့်(ကျီး)နန့် ရရစ်(ကျီး)ကြီးမာ မရှုပ်ထွေး ကေလေ့ တခြးတခြား အပင့်အရစ် ရေးရာမှာကျကေ အားလုံးက ရှုပ်ထွီးလားပါရေ။


ကျေနပ်ကို ယပင့်နန့်ရွီးရဖို့လား ရရစ်နန့်ရွီးရဖို့လား၊ မျှော်လင့် ဆိုစွာကို ယပင့်နန့်လား ရရစ်နန့် ရွီးရဖို့လား၊ မြန်မာစာအဖွဲ့ကထုတ်ထားရေ  မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း လို့ မပေါ်ပေါက်ခင်က ပညာ ရှင်တိလည်း အငြင်းပွားခရရေ ပြဿနာကြီးပါ၊ ပြီးကေ အငြင်းစဲအောင်လို့ ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ် မသိ ရခိုင်နန့် ညှိလို့ အမှာအထား ပေါ်လာစွာလည်းဖြစ်ပါရေ။ ရခိုင်စကားမှာတော့ ယပင့်နနန့် ရရစ်ကို ခွဲခွဲခြားခြား အသံထွက်တတ်တော့ ဒေပိုင်ပြဿနာ တိရှိလာဖို့မဟုတ်ပါ၊ နားနန့်ကြားရေ(ကျား)ဆို ကြား။ တောထဲကကျား ဆို ကျား။ နံပါတ်ခြောက်ဆို(ခြောက်)။ ဂျောက်တွန်းရေ ချောက်ဆို ချောက်။ ရရစ်ဆိုလို့ကတော့ ရသံ အထင်အရှားနန့် အသံထွက်တတ်ပါရေ၊ ရခိုင်ဒေသိယစကားစွာ ဗမာစကား၏ ရှေးကရှိခပြီးကေ ပျောက်ကွယ်နိန်စွာဖြစ်ပါရေ။ အထူးသဖြင့် ရသံကို ထိမ်းသိမ်းထားရေ ဘာသာစကားလို့ ဆိုရပါလိမ့်မေ။ ရသံ သတ် သတ်လောက်ကို ထိမ်းသိမ်းတာတော့ မဟုတ်ပါဘူး၊ ဗမာစကားမှာ ရှေးသုံးလို့ သတ်မှတ်ထားတဲ့ ပေါရဏ စကား တချို့ကိုလဲ ရခိုင်ဒေသိယစကားမှာ တွီနိုင်ပါရေ။  ဗမာစကားကို ထဲထဲဝင်ဝင် လေ့လာချင်ပြီဆိုကေ ရခိုင်ဘာသာစကားကို ဥပေက္ခာ ပြုထားလို့ မရနိုင်ရေ အတိုင်းတာလည်းရှိပါရေ၊ ရခိုင်တိုင်းရင်းသားတိစွာ သမိုင်းအစဉ်အလာ ကြီးမားခရေ လူမျိုးဖြစ်ကြောင်း သက်သီပြရေအရာတိပါ၊
ဓည၀တီခေတ် ဝေသာလီခေတ် လေးမြို့ခေတ် မြောက်ဦးခေတ် ဆိုပြီး ရခိုင်သမိုင်း အခိုင်အမာရှိခပါရေ။ ဓည၀တီခေတ်ဆိုစွာ ခရစ်တော်မပေါ်မှီကာလကတည်းက ရှိခစွာဖြစ်ပြီး၊ နောက်ဆုံး မြောက်ဦးခေတ်က AD ၁၇၈၀ ကျော်အထိ တည်ထားခစွာဖြစ်ပါရေ၊ ခေတ်အဆက်ဆက်စွာ ခေတ်မှီကာမတ်တတ်ရယ်လို့ မဟုတ်ပါ၊ ဓည၀တီခေတ် နောက်ပိုင်းမှာဆို ဗုဒ္ဓဘာသာလဲ စပြီးထွန်းကား လာပြီး ဒင်္ဂါးတိထုပ်လုပ်ပြီး ငွေကြေးစနစ်လဲ တွင်ကျယ်ခပါရေ၊ ဝေသာလီ လေးမြို့ခေတ် မှာကေ ပြည်ပအနောက်နိုင်ငံတွေနန့် အဆက်သွယ်ကူး ရောင်းဝယ်ရေး ဆက်ဆံမှုတိလည်း အများကြီးရှိခပါရေ။ ငွေကြေးအဖြစ် ရွှေဒင်္ဂါး ငွေဒင်္ဂါးတိကို သုံးစွဲခဂါတ်တေလို့လည်း သမိုင်းစာမျက်နှာတိမာ အများကြီးတွီရပါရေ။ ရခိုင်မြို့တိ စည်ပင်ထွန်းကာလာရေ ကာလလည်းဖြစ်ပါရေ။ AD ၁၅၀၀ ကျော် ဒုတိယ မြောက်ဦးခေတ်ကာလတော့ ရခိုင်ထီးနန်း အင်အား တောင့်တင်းလာခရေ ကာလလည်းဖြစ်ပါရေ။ ဘိုးတော် ဘုရားလက်ထက် ၁၇၈၄ ခု အိမ်ရှေ့မင်းက တိုက်ခိုက် သိမ်းသွင်းခံခရေ အထိဖြစ်ပါရေ။ ကိုယ့်ထီး ကိုယ့် နန်း ကိုယ့်ကျငှန်းနန့် တင့်တင့်တယ်တယ် နီနိုင်ခရေ ရခိုင်လူမိုးတိစွာယေ ရခိုင်စာပေ ထွန်းကားခပုံကို အံသြမဆုံးနိုင်လို့ ပြောလို့ရပါရေ။ BC ခြောက်ရာစု လောက်ကရွီခရေလို့ ယူဆရရေ ဗြဟ္မီအက္ခရာ အပါအ၀င် တပျင်းရှေးကျရေ အက္ခရာတိနန့် ရွီးသားထားရေ ကျောက်စာတိကိုလည်း ရခိုင်ဒေသမှာ အမျဘာသာကနီပြီးကေ ရခိုင်ဘာသာကို ပြန်ဆိုထား ရေ ကျမ်းတိလည်း ပေါ်ထွန်းခရေလို့ ဆိုပါရေ၊ ကျမ္မရာဇ်မင်းကြီးဝတ္ထုရို့ နုဓမ္မသတ်ကျမ်းရို့ပိုင်စာမျိုး၊ ဂေါတမ ပူရမ်လို နက္ခတ်ကျမ်းတိလည်း ဖြစ်ပါရေ။ ကဗျာလင်္ကာဘက်ကို ကြည့်ပြနကေလေ့ ရခိုင်ဒေသစွာ အလင်္ကာ ဒေသ လို့တောင် ခေါ်ဆိုနိုင်လောက်ပါရေ၊ ကဗျာလင်္ကာများ ပေါ်ထွန်းခရေ စွာ ဇာမှာလည်းမသိရေ အချိန်လောကပင်  AD ခြောက် ရာစု လေးမြို့ခေတ်မှာ ရခိုင်ပြည်ဘက်မှာက ကဗျာလင်္ကာသံကို ကြားနိန်ရပါဗျာလ်။ ရေးဖွဲ့သူက အိမ်ရှေ့စံ မိဖုရား စောပြည့်ညို၊ သူ့နာမည်ကြီးကဗျာက သိမ်ကံမိန်တွင်၊ အစချီရေ အလွမ်းရတု၊ စပ်နည်းရော အတွေးရော အဆင့်အတန်း မြင့်မြတ်လှရေလို့ ဖတ်ရသူအများ လေးစားဂါတ်ပါရေ။ နောက်ထပ်တခါ AD ၇၈၆ ခု မှာရွီးထားခရေလို့ အမှတ်အသားရှိရေ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျဉ်းသုံးဆယ့်သုံးလုံး လှေတော်သံ၊ ကကြီး အစ အ အဆုံး အက္ခရာတွေကို ညွှန်းညွှန်းပြီး ဖွဲ့ထားတဲ့ ကဗျာပါ၊ ပုဂံခေတ်က အနန္ဒသူရိယရဲ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ ကဗျာဟာ သူ့ခေတ်သူ့အခါ ဘာသာစာပေ ထွန်းကားမှု အဆင့်နဲ့ ယှဉ်တွယ်ရင် ပုဂံခေတ် လက်ရာ မဟုတ်နိုင်ဘူးလို့ ကောက်ချက်ချကြတဲ့ ပညာရှိများဟာ ပုဂံခေတ်မတိုင်မှီ ကတဲက ပေါ်ထွန်းတယ်လို့ အမှတ်အသားရှိရေ ရခိုင့်ကဗျာတိကို ဆင်ခြင်စဉ်းစား သင့်ပါရေ။ ကဗျာလင်္ကာအရာမှာ ရခိုငလူမျိုးတိစွာ ဗမာတိထက် အယင်ရှိကျပုံကို နောက်သာဓကတရပ် ရှိပါသိရေ။ ယင်းချင့်ကတော မြန်မာဘက်မှာလဲ ထွန်းကားရေ ဧချင်း ကဗျာပါ။ ဧချင်း ကဗျက ဘုရင့်သားတော် သမီးတော်တိ အိပ်စက်ရေအခါ ဆိုရလျှောက်ရရေ ကဗျာတမျိုးပဲ၊ ယင်ဒဧချင်းကဗျာလောကမှာ ဇာဧချင်းကဗျာ အစောဆုံးလဲလို့ ကြည့်ပြန်ကေ ရခိုင်ဘုရင်မင်းမြတ် ဘစောဖြူ၏သမီး မောက်တော်မင်းသမီးအတွက် ဖဒူမင်းညို ရွီးသာခရေ ရခိုင်မင်းသမီးဧချင်းပါဗျာလ်။၊ ယင်းချင့်တိကို ယင်းချင့်တိကို ခြီရာကောက်လိုက်ဖို့ဆိုကေ မင်းသားငယ် မင်းသမီးငယ် တိ အတွက် ဧချင်း ရွီးရေ အစဉ်အလာကို ရခိုင်စာဆိုတိက ဦးဆောင်ခဂါတ်ရေလို့ ဆိုနိုင်ပါပါရေ။ ရခိုင်စာဆိုတိထဲမှာ နောက်ထင်ရှားပါးရေ စာဆိုတဦးက ဥက္ကာပျံပါ။ ခရစ်နှစ် ၁၅၀၀ ကျော် ၁၆၀၀ လောက်မှာ ရခိုင်ဘုရင် မင်းခမောင်း ဟံသာဝတီကို ရောက်နိန်ရေအချိန်ဖြစ်ပါရေ၊ ကိုယ့်ဘုရင် ရခိုင်ကို ခြီဦးပြန်လှည့်ဘို့ ဆယ့်နှစ်ရာသီဘွဲ့ ကဗျာကြီးကို ရွီးသားခပါရေ။ ဒေကဗျာစွာလည်း ပညာရှင်တိ တလေးတစား ချီးကျူးရရေ ကဗျာဖြစ်ပါရေ။ ကဗျာလင်္ကာနန့် ပတ်သက်လာကေ ရှေးတန်းရောက်နိန်ရေ ရခိုင်လူမျိုးရို့၏ ကဗျာလင်္ကာ ဗီဇကြောင့်လို့ ဆိုကေ မမှားနိုင်ပါ။ ရခိုင်လူမျိုးတိစွာရေ အရေးအခင်း ထူးထူး ခြားခြားရှိတိုင်း ကဗျာမပါကေ ပွဲမစည်လို့ ပြောလို့ရရေပိုင်၊ လှေလှော်ထွက်ကေ ကဗျာနန့် ဘုရားပွဲရှိကေလည်း ကဗျာနန့် အလှူ တော်မင်္ဂလာပွဲဆိုလည်း ကဗျာနန့် ယင်းပိုင် ကဗျာတိကို တန်ဖိုးထားရေ လူမျိုးဖြစ်ပါရေ။ ယင်းကြောင်းလည်း လှေတော်သံကဗျာ ပုခက်လွှဲသားချော့ ကဗျာရို့ သာခြင်းရို့ တပို့တွဲလ ကောက်ရီတ်အပြီး တီးလို့ဆိုဂါတ်တေ သံချပ်ရို့ ပုဂ္ဂိုလ်တဦးဦး၏ အတ္ထု ပတ္တိကို ဖွဲ့ရေ ဘွဲ့ကဗျာရို့ ကဗျာလင်္ကာ အဖွဲ့အမျီုးမျိုးလည်း ရခိုင်ပြည်မှာ ရှာတွီနိုင်ပါရေ။ နောက်ဆုံး ပြောပြရဖို့ဆိုကေ ဗမာကဗျာမှာ မတွေ့ရရေ သခွားသီးအဖွဲ့ကဗျာမျိုးကိုတောင် ရခိုင်ကဗျာလောကထဲမှာ တွီရပါရေ။  ကဗျာလင်္ကာ ဘက်မှာ ရာ မဟုတ်ပါ။ စကားပြေ ထဲမှာဆိုကေလည်း ကျောက်စာ ရာဇ၀င် လျှောက်ထုံး ပုံပြင် ၀တ္ထု အစရှိရေ ပေါပေါကြွယ်ကြွယ် ရှိလှတဲ့ ရခိုင်စာပေပါ၊
ဒေပိုင်အဆင့်အတန်း မြင့်မာရေး ရခိုင်လူမျိုးတိုင် တာဝန်တရပ်ဖြစ်တေပိုင် မြန်မာတိုင်းရင်းသားတိုင်း တာဝန်တရပ်လည်း ဖြစ်ပါရေ။  မြန်မာစာ လေ့လာရေးမှာ ဗမာစာ ဗမာစကား သက်သက်ကိုသာမဟုတ်ဘဲ တိုင်းရင်းဘာသာစာပီတိကိုပါ လေ့လာဘို့  အခွင့်အလမ်း ဖန်တီးနိုင်ကေ ကောင်းလေစွလို့ အောက်မေ့ အောက့်မိရပါရေ။  စာပေမြင့်ပြီး လူမျိုးတင့်ပါစီ
RFA မှထုတ်လွင့်ချက်ကို အများသိရန်ခံစားတင်ပြသည်

....................................
ရခိုင့်အမျိုးသားရေး နိုင်နိုင် ရွီးထားရေ မြန်မာဘာကို ရခိုင်ဘာသာနန့် တတ်နိုင်သလောက် ပြန်ဆိုထားသည်

Posted by Arakan Research Centre on 23:30. Filed under , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for သမိုင်းအစဉ်အလာ ကြီးမားခရေ ရခိုင်စာပီနန့် အရွီးအသား

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign