ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ

မြန်မာနန့် အိန္ဒိယ နှစ်နိုင်ငံအစိုးရ ပူးတွဲ အကောင်အထည် ဖော်နီရေ ကုလားတန်မြစ် စီမံကိန်းအတွက် ကန်ထရိုက်ရရှိထားရေ Essar ကုမ္ပဏီ က စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်ဖို့ နီရာမှာ စစ်တွေမြို့ ကျက်သရေဆောင် စစ်တွေပွိုင့်ကမ်းခြေက သဲတိကို တိုက်ယူနီဗျာလ်လို့ သိရပါရေ။

(RFA Illustration)
ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တည်နေရာပြ မြေပုံ။ (RFA Illustration)
ဒီ့အတွက် ကမ်းခြေ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး နောင်မှာ ပင်လယ်လှိုင်းဒဏ်ကို အကာအကွယ် မပီးနိုင်ရေအတွက် ရင်လီးစရာ ဖြစ်နိန်ဗျာလ်လို့ ဒေသခံတိက ပြောပါရေ။ စစ်တွေဒေသခံ တယောက်ပြောစွာကတော ကမ်းခြေသဘာဝ ပျက်စီးနိန်ဗျာလ်လို့ ပြောလားခပါရေ။

စစ်တွေမြို့ ပြည်သူ့ဆီးရုံကြီး အရှိဘက် တည့်တည့်မှာ ဆိပ်ကမ်း တည်ဆောက်နိန်စွာ ဖြစ်ပြီး ဆိပ်ကမ်း မြီဖို့လားဖို့အတွက် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ် တဝိုက်နန့် ဘာဆာရွာ ရေချိုးဆိပ်က သဲတိကို ကားအစီး ၄ဝ လောက်နန့် တနိ့ကို ၈ ခေါက်ကနေ ၁ဝ ခေါက်အထိ ခေါက်တုန့်ခေါက်ပြန် ယူဆောင်နီရေလို့ သိရပါရေ။
အဂုပိုင် သဲတိတူးနိန်ရေအတွက် သောင်တိ ပျက်စီးပြီး ကမ်းခြီနားမှာ ရှိရေ ရွာတိလည်း ပင်လယ်လှိုင်းဒဏ် မခံနိုင်ဘဲ တရွာလုံး ပျောက်သွားဖို့ အန္တရာယ်ကို ဒေသခံတချို့က စိုးရိမ်နိန်ဂါတ်ပါရေ။
လမ်းတလျှောက် ဖုံတိ အလိမ်းလိမ်းထနိန်စွာကို ကုမ္ပဏီက ရီလိုက်ဖြန်းစွာတိ ရှိနိန်ကေလေ့ နိုင်နိုင်နင်းနင်း မဖြန်းနိုင်လို့ ပြောဆိုဂါတ်ပါရေ။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နန့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ဖို့ ကုလားတန်မြစ် စီမံကိန်းကို ၂ဝ၁၃ ခုနှစ်မှာ အပြီးသတ် အကောင်အထည်ဖော်ဖို့ စီမံကိန်းချထားရေလို့ သိရပါရေ။

......................
RFA သတင်း

Posted by Arakan Research Centre on 20:35. Filed under , , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign