“သတင်းစာတိနိဂုံး ဘလော့ဂ်တိအစ”

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလန်မွန်ရိုး၏ လင်ယောက်ျားဖြစ်ဖူးခရေ ပြဇာတ်ရွီးဆရာ စာရွီးဆရာ အာသာမီးလ်လာ (Arthur Miller) က “ကျွန်တော်ယူဆရေ သတင်းစာကောင်းတစ်စောင်စွာ တိုင်းပြည်တခုပိုင် စကားပြောရေ” (“A GOOD newspaper, I suppose, is a nation talking to itself.”) ဆိုရေ စကားတစ်ခွန်းကို လွန်ခရေ ၁၉၆၁ ခုနှစ်က မှတ်ချက်ချ ပြောဖူးခပါရေ။ ဆယ်နှစ်လောက်ကြာရေခါ ၀ါရှင်တန်ပို့ စ်ကသတင်းထောက်နှစ်ယောက်စွာ အမေရိကန်၏ သုံးဆယ့်ခုနှစ်ယောက်မြောက်သမ္မတရိဒ်ချတ်နစ်စ်ဆွန် (President Richard Nixon) နန့်  ပတ်သက်ဆက်နွယ်မှုဟိရေ လို့ ယူဆကတ်တေ ၀ါတားဂိတ်အရှုပ်အထွီး (Water-gate Scandal) အကြောင်းကို ၀ါရှင်တန်ပို့ စ်သတင်းစာမှာ အတွဲလိုက်အခန်းဆက်ဆောင်းပါးတိရွီးသားဖော်ပြခကတ်တေ။ ဒေပိုင်ရွီးလိုက်ခြင်းနောက်ပိုင်း ၁၉၇၄ သြဂုတ်လ ၉ ရက်နိန့် မှာ သမ္မတနစ်စ်ဆွန် ရာထူးကနုတ်ထွက်လားပြီးကေ ယင်းချင့်၏အကျိုးဆက်လို့  ပြောကေရနိုင်ရေ ပုံနှိပ်သတင်းစာ၏အခန်းကဏ္ဍစွာ ဇကုန်မြင့်တက်လာလတ်ပနာ တိုင်းပြည်နိုင်ငံတိ၏မဏ္ဍိုင်တစ်ခုဖြစ်ပါလတ်တေ။ ပုံနှိပ်ဂျာနယ်လစ်ဇင်က အစိုးရတိ၏ကံကြမ္မာကို ဟောကိန်းထုတ်ပီးနိုင်ရေ အဆင့်ကိုရောက်ပါလတ်ပါရေ။ ဥပဒေပြုခြင်း ပေါ်လစီချမှတ်ခြင်းတိမှာ သတင်းစာတိ၏အာဘော်တိကလွှမ်းမိုးပါလတ်တေ။ နိုင်ငံရေးသမားတိကလေ့ သတင်းစာတိ ၏သြဇာအာဏာကြီးမားလာမှုကို အသိအမှတ်ပြုလာကတ်ရပါရေ။

ယေကေလေ့ နှစ်ဆယ့်တစ်ရာစုအ၀င်မှာ ချမ်းသာရေနိုင်ငံတိမှာထုတ်ဝီနိန်ကတ်တေ ပုံနှိပ်သတင်းစာတိစွာ တဖြည်းဖြည်းနန့်  မျိုးတုံးပျောက်ကွယ်လားဖို့  အခြိမ်းခြောက်ခံနိန်ရရေ အဆင့်ကိုရောက်ပါလတ်ပါရေ။ စာဖတ်ရေ ပရိတ်သတ်ကို စကားလုံးတိနန့်  ကြော်ငြာတိရောင်းစားရေ လုပ်ငန်းက အကျဘက်ကိုရောက်ပါလတ်တေ။ “၂၀၄၃ ခုနှစ် ပထမသုံးလထဲမှာ အမေရိကန်မှာထုတ်ဝီနိန်ရေ ပုံနှိပ်သတင်းစာတိစွာ စာဖတ်ပရိတ်သတ်တိ ဆုံးရှုံးလားနိုင်ပနာ စာဖတ်ဖို့ လူတိမဟိဖြစ်လားလီမေ” လို့  ဖီးလေ့ပ် မီယာ (Philip Meyer) က သူ့ စာအုပ်ဖြစ်တေ “ပျောက်ခြင်းမလှ ဖြစ်နိန်ရရေ သတင်းစာ” (The Vanishing Newspaper) မှာ ကြိုတင်ခန့် မှန်းထားပါရေ။ တက္ကသိုလ်ဆရာ တစ်ယောက် လေ့ ဖြစ်တေပိုင် ကမ္ဘာ့မီဒီယာလေ့လာသုံးသပ်ဝေဖန်ရေးသမားလေ့ဖြစ်တေ ဗန်းခရော့စ်ဘီ (Vin Crosbie) က လာဖို့  ၂၀၂၁ ခုနှစ်မှာ အမေရိကန်မှာ ထုတ်ဝီနိန်ရေ နိန့်  စိုင်သတင်းစာတချို့  လောက်ကရာ အိန်တာနတ်ထက်မှာ e-သတင်းစာဂျာနယ်အဖြစ်နန့် ကျန်လိုက်နိုင်ကြောင်းကို ယုံကြည်ရေလို့  ပြောလိုက်ပါရေ။

သတင်းစာတိ ပုံနှိပ်ထုတ်ဝီမှုခြိမ်းခြောက်ခံနိန်ရခြင်းနန့် ပတ်သက်လို့  ပိုဆိုးရေရှုမြင်သုံးသပ်မှုတိလေ့ ဟိကတ်ပါသိမ့်ရေ။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက စီအီးအိုတစ်ယောက်ဖြစ်တေ စတေးဖ်ဘူးမာ (Steve Bullmer) က ၂၀၁၈ အလွန်မှာ သတင်းစာတိပုံနှိပ်ထုတ်ဝီနိန်မှုအခင်းအကျင်းက တာရှည်ရပ်တည်ကျန်လိုက်ဖို့ မဟုတ်လို့  အကြံပြုထားပါရေ။ နယူးယောက်တိုင်းမ်သတင်းစာ၏ထုတ်ဝီသူဖြစ်တေ အာသာဆူးဇ်ဘာဂါ (Arthur Sulzberger) ကလေ့ ရှည်လျားရေသတင်းစာပုံနှိပ်ထုတ်ဝီမှုသမိုင်းက ၂၀၁၂ ခုနှစ်မှာ အဆုံးသတ်လားနိုင်ရေလို့  ထင်မှတ်နိန်ပါရေ။

သူရို့ တိ တွေးဆခန့် မှန်းမှုတိကလေ့ မှန်ရေလို့ ပြောကေ ရနိုင်ဖို့ ထင်ပါရေ။ ဇာဖြစ်လို့ လည်းဆိုကေ လွန်ခရေ သုံးလေးနှစ်လောက်ကပင် ကမ္ဘာ့ဖွံ့ ဖြိုးတိုးတက်တေတိုင်းပြည်တိက သတင်းစာတိစွာ ပုံနှိပ်ထုတ်ဝီခြင်းကို ရပ်တန့်  လိုက်ကတ်ပနာ အွန်လိုင်းသတင်းစာဂျာနယ်တိအဖြစ်ရပ်တည်လာကတ်ပါရေ။ ဖြန့် ချီရေးစရိတ်စခသက်သာမှုနန့်  လူတိအိန်တာနတ်အသုံးများလာခြင်းကြောင့် ဒေပိုင် အပြောင်းအလဲလုပ်လာရခြင်းဖြစ်ပါရေ။

သတင်းစာတိ၏အရှိန်အ၀ါကျဆင်းပြီးကေ ပုံနှိပ်ထုတ်ဝီမှုနိဂုံးမှာ ပေါ်ပြူလာဖြစ်လာစွာက ဘလော့ဂ်လို့  ပြောကတ်ရပါဖို့ ။ အယင်ခါသတင်းစာတိက တိုင်းပြည်တိ၏နိုင်ငံရေးအခင်းအကျင်းကို လွှမ်းမိုးချူပ်ကိုင်ထားနိုင်ခကေလေ့ အဂုကတော့ကေ ဘလော့ဂ်တစ်ခုစွာ တိုင်းပြည်လူ့ ဘောင်တစ်ခုပိုင် စကားပြောနိန်ရေ ခေတ်ကိုရောက်လာနိန်ပါဗျာယ်။ သတင်းစာတိနိဂုံး ဘလော့ဂ်တိအစ လို့ ပြောကတ်ရဖို့ ထင်ပါရေ။

ပုဂ္ဂိုလိကအွန်လိုင်းဒိုင်ယာရီဖြစ်တေ ဘလော့ဂ်သမိုင်းကို ခြီရာခံကြည့်ရဖို့ ဆိုကေ ၁၉၉၇ ဒီဇင်ဘာ ၁၇ ရက်နိန့် မှာ ယွင်ဘာဂါ (Jorn Barger) က ၀ဘ်လော့ဂ် (weblog) ဆိုရေ အသုံးအနှုန်းကို စပနာသုံးစွဲခပြီးကေ ဒေ ၀ဘ်လော့ဂ်၏အတိုကောက်ဖြစ်တေ ဘလော့ဂ်ဆိုရေ စကားလုံးကို ပီတာမာဟိုးဇ် (Peter Merholz) က ၁၉၉၉ မှာ စပနာသုံးစွဲခစွာကို တွိကတ်ရပါရေ။ တသီးပုဂ္ဂလခံစားချက်တိကို ရင်ဖွင့်ပြရေ စာမျက်နှာတိဖြစ်ခရေ ဘလော့ဂ်တိက နောက်ပိုင်းမှာ ပိုလို့ လူသုံးများကျယ်ပြန့် လာပနာ နိုင်ငံရေးဆိုင်ရာဘလော့ဂ်၊ မီဒီယာ၊ လော်ဗီကန်ပိန်း (Lobby- Campaign) ၊ အနုပညာစာပီဂီတ၊ ပညာရေး၊ ဘာသာရေး စရေ ဘလော့ဂ်ပေါင်းမျိုးစုံကို တွိလာကတ်ရပါရေ။ စစ်တမ်းတခုကောက်ခံချက်အရ ၂၀၀၇ ခုနှစ်မှာ ဘလော့ဂ်ပေါင်း ၁၁၂ သန်းထိ လွှင့်တင်ထားကတ်ပြီးကေ ၂၀၀၉ ခုနှစ်မှာ သန်းပေါင်းနှစ်ရာကျော်ထိ ဖြစ်လာရေလို့ ဆိုပါရေ။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးလှုပ်ယှားမှုကို မြန်မာနိုင်ငံက ဘလော့ဂ်ဂါတိက ဘီဘီစီ၊ စီအန်အန် စရေ ကမ္ဘာ့သတင်းဌါနကြီးတိဘားကို သတင်းအချက်အလက်တိ ထိန်းချူပ်ပိတ်ဆို့ မှုတိကြားက ဖြန့်  ၀ီပီးနိုင်ခလို့  မြန်မာဘလော့ဂ်ဂါတိ သြဇာက ကြီးပါလတ်ပနာ နိုင်ငံရေးတော်လှန်ရေး၏ အရေးပါရေ မဏ္ဍိုင်တခုဖြစ်ပါလတ်ပါရေ။ ဗမာဘလော့ဂ်စာမျက်နှာတိ သောင်းဂဏန်းနန့် ချီပနာ ဟိနိန်ကတ်တေ အချိန်မှာ ရခိုင်ဘလော့ဂ်စာမျက်နှာတိက ဆယ်ဂဏန်းလောက်ရာ တင်ထားနိုင်စွာကို တွိရပါရေ။ အအုပ်ချူပ်ခံလူမျိုးတမျိုးအဖြစ် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဘက်ပေါင်းစုံက ဖိနှိပ်သွီးစုပ်ခံနိန်ရမှုကြောင့် ဆင်းရဲကျပ်တည်းမွဲပြာကျပြီးကေ အဆင့်မြင့်ပညာရေးနန့်  နည်းပညာပိုင်းနိမ့်ကျပနာ အဂုပိုင် ရခိုင်သားတိ အောက်ကျနောက်ကျဘိတ်ဆုံးကို ရောက်နိန် ရခြင်းပင် ဖြစ်တေလို့ ဆိုကေ မှားလီဖို့ မထင်ပါ။ ယေကေလေ့ ကိုယ်ထူကိုယ်ထ ကိုယ်စွမ်းကိုယ်စနန့်  ရခိုင်ရို့  ခေတ်သစ်မီဒီယာနန့် ရခိုင်ရို့  ဘလော့ဂ်လောကကို အေထက်မကမြိုင်ဆိုင်လာအောင်လုပ်ကတ်ရဖို့ စွာက ရခိုင်သားရခိုင်သမတိုင်းမှာ တာဝန်ဟိပါလတ်ပါရေ။ ။ ။


ခိုင်အောင်အောင်
၂၇၊၀၈၊၂၀၀၉

Posted by Arakan Research Centre on 05:21. Filed under , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for “သတင်းစာတိနိဂုံး ဘလော့ဂ်တိအစ”

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign