ရခိုင့်နိုင်ငံတော်ဆိုစွာ ရခိုင်နိုင်ငံတော်လို့ စဖြစ်လာရေလောက်ကပင် နိုင်ငံတော်အဖြစ် တည်ဟိန့်နိန်ခစွာရ
ပင်မစာမျက်နှာ, အင်တာဗျူး 05:01
လေးဝတီ - ခိုင်မင်းထွန်း
ပြည်တွင်းရက္ခအလင်းတန်းလူငယ်အဖွဲ့  ဗဟိုအဖွဲ့  ဥက္ကဌ မပံသုစံ နန့်တွိ့ ဆုံခြင်း
အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍကို တခန်းတနီရာကနီ ပါဝင်လာရေ ရက္ခအလင်းတန်းအဖွဲ့၏ ခံယူချက်နန့် ထင်မြင်ချက်တိကို လူငယ်အဖွဲ့၏ ဗဟိုအဖွဲ့ဥက္ကဌ မပံသုစံအား ရခိုင်ရိုးမသတင်းထောက် လေးဝတီ-ခိုင်မင်းထွန်း၏ မီးမြန်းချက်ကို တင်ပြလိုက်ပါရေ။
မြန်မာနိုင်ငံအုပ်ချုပ်ရီးအစိုးရသစ်နန့် ပတ်သက်လို့ ရခိုင်လူထုအတွက် ကောင်းကျိုးရလဒ် အသွင်ဆောင်လာဖို့ အနီအထားမှာ ရှိရေလို့ ယူဆပါရေလား။
မြန်မာနိုင်ငံမှာ တက်လာရေအစိုးရသစ်အနိန်နန့် လွတ်တော်အခန်းကဏ္ဍမာရေ ရခိုင်လူထုအတွက် မျှော်လင့်ချက်ရှိမရှိကိုဖြေဖို့အစား မရှိမှန်းကို ကြိုတင်သိနိန်ရေ အတွက်တာကြောင့် မျှော်လင့်ချက်ကို မထားကြောင်းကိုရာ ပြောချင်ပါရေ။ ဇာဖြစ်လို့လဲဆိုခကေ ဒေစင်ထက်မှာ ဒေဆိုင်းတီးပီးကေ ဒေအကကို ကခိုင်းဖို့ဆိုစွာကို သိနိန်ရေ ဆိုရေလောက်ကပင် ဇာလူပင်တက်လာလာ ဇာတိုင်းရင်းသားမှာမဆို မျှော်လင့်ချက်ကိုမှ ထားလို့မရနိုင်ရေ အတွက်တာကြောင့်ပင် ဖြစ်ပါရေ။

လွှတ်တော် အသီးသီးမာ ရခိုင်ကိုယ်စားပြု လွှတ်တော်အမတ်တိရှိနီမှုရေ ရခိုင်ပြည်သူလူထုအတွက် လုပ်ပိုင်ခွင့်တိကို အပြည့်အ၀ ဆောင်ရွက်ပီးနိုင်ဖို့လို့ မြင်မိပါရေလား။
လွတ်တော်နိန်ရာမှာ ရခိုင်က ၀န်ကြီးနိန်ရာကို ရရေအတွက် အမျိုးသားရီးစိတ်ဓါတ်နန့် ဂုဏ်ယူမိပါကေလေ့ အထက်ကပြောခရေပိုင် ကြိုးဆွဲရုပ်သီးအဖြစ် အသုံးချခံလိုက်ရရေ အဆင့်မှာရာ ဟိန့်နီရေ အနေအထားမှာ ဟိန့်ရေအတွက် အပြည့်အ၀မပြောပါကေ့ အမျိုးသားအချင်းချင်း ရန်တိုက်ပီးရေ အဆင့်ကိုရာ ရောက်ဖို့ကိုမြင်ယောင်မိပါသိရေ။
ရခိုင်အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမာ အသွင်အမျိုးမျိုးကွဲပြားနီရေ။ စုစည်းခိုင်မာရေ ရခိုင်နိုင်ငံရေး အမျိုးသားရေးအင်အားစုတိမရှိသိမ့်၊ ဒေပိုင်အနီအထားကိုကား နိုင်ငံရေးလှုပ်ရှားသူ တယောက်အနီနန့် ဇာပိုင် ပြုပြင်နိုင်သင့်ရေလို့ ထင်မိပါလဲ။
ရခိုင်အမျိုးသားရီး အခန်းဂဏ္ဍမှာ အသွင်သွင်အမျိုးမျိုး ကွဲပြားနီရေအဆင့်ထက် ကျော်လွန်ပြီးကေ စည်းရုံးရေး၊ ညီညွတ်ရေး၊ အားလုံးပြိုပျက်နိန်ကတ်တေအတွက် စုစည်းလို့မရနိုင်ရေ အခြေအနိန်မှာဟိန့်နီပါရေ။ ဒေအတိုင်းဆက်လားကတ်ဖို့ဆိုလို့ဟိန့်ခကေ အမျိုးသားရီးအင်အားစုဆိုစွာ ဇာခါလေ့ ပေါ်ပေါက်လို့ လာနိုင်စရာကို မဟိန့်ပါ။ အဂုလေ့ မဟိန့် နောင်ကိုလဲ မဟိန့်နိုင်ရေအတွက် အဓိက က ရခိုင်အမျိုးသားတိ စည်းရုံးနိုင်အောင် စည်းရုံးတတ်အောင် ပထမအနိန်နန့် စိတ်ဓါတ်ကို ပြုပြင်ကတ်ရပါဖို့။ ငါက ကောင်းရေ သူကမကောင်းလို့ ပြောနိန်ကတ်ဖို့အစား အားလုံးကပြုပြင်ပြီးကေ စည်းရုံးနိုင်ရေတနိန့်မှာ ရခိုင်အင်အားစုတစ်ရပ်စွာ အမှန်အားကောင်းစွာနန့် ပေါ်ပေါက်လာဖို့လို့ မြင်မိပါရင့်။ ဒုတိယပြုပြင်စရာတစ်ချက်ကတော့ ရခိုင်အမျိုးသားရီးကဏ္ဍမှာ ခေါင်းဆောင်နိုင်ရေ အရည်အချင်းနန့်ပြည့်ဝရေ ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်ပေါက်လို့ မလာခေ၇အတွက် ဒေပိုင်အင်အားတိ ပြိုကွဲနိန်ကတ်စွာရာ ဖြစ်ပါရေ။ အများကြည်ညိုအားထားနိုင်ရေ လူထုခေါင်းဆောင်ကောင်းတစ်ယောက်ရာ ပေါ်ပေါက်လာခကေ တမျိုးသားလုံးစွာ ခေါင်းဆောင်ကောင်းတစ်ယောက်၏ လက်အောက်မှာ ညီညီညွတ်ညွတ်နန့် လုပ်ဆောင်လားကတ်ကေ မကြာရေ အချိန်အတွင်းမှာ လိုအပ်တေ ပန်းတိုင်ကို တိုတိုနန့် ရောက်လာနိုင်ပါရေ။
ရခိုင် အမျိုးသားနိုင်ငံရီးလှုပ်ရှားမှုပိုင်းမာ တစတစ အားနည်းလာစွာတွိရရေ။ ဒေကိစ္စကို ဇာပိုင်ခံယူချက်ထားပါလဲ။
ရခိုင်အမျိုးသားရီး လှုပ်ရှားမှုပိုင်းမှာ တစတစအားနည်းလာရေဆိုစွာကတော့ မှန်ပါရေ။ ပဇာကြောင့်လဲလို့ပြောရကေ စည်းရုံးမှု မဟိန့်ကတ်လို့ပါရေ။ ရခိုင်စွာ အမျိုးကိုချစ်တေ ချစ်တေ ဆိုပြီးကေ လီသံ့လောက်ရာ ကျန်နိန်ခပြီးကေ လက်တွိမှာ အကောင် အထည်မဖေါ်နိုင်ကတ်တေအတွက် တပ်တစ်တပ်မှာ ဗိုလ်တစ်ထောင် တပ်သားမဟိန့် ဖြစ်လာပြီးကေ စင်ပြိုင်ထောင်ပနာ အချင်းချင်း ပက်ခုန်းတိုင်းနီကတ်စွာကိုရာ မြင်နီတွိနီရပါရေ။ အရင်ကပင် သာဓက ဟိန့်ခရေပိုင် အဖရခိုင်ပြည်ကြီးစွာ စည်းရုံးရေးပြိုကွဲရာက စလာပြီးကေ အသားထဲကလောက်ထွက်ပနာ သူ့ကျွန်ဖြစ်ခရရေပိုင် အဂုအချိန်မှာလည်း စည်းရုံးမှု့မဟိန့် ဖြစ်ကတ်ပြီးကေ ရန်သူပါးကို ခွိးဝင်ပေါက်က၀င်ပနာ ကိုယ့်အမျိုးသားသစ္စာဖေါက်တိ ပေါ်ပေါက်လာကတ်စွာရေ အမျိုးသားရီးကို ဘန်းပြပြီးကေ ခေါင်းစဉ်တစ်ခုအောက်မှာ လုပ်စားလားကတ်ပီးကေ မရှောင်ရေ တနိန့်မှာ အရှက်မဟိန့်လုပ်လားကတ်စွာရာ ဖြစ်တေအတွက် ဖြစ်ပါရေ။
လက်ရှိပြည်တွင်း ရခိုင်အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု တခုလို့ အများစုက ပြောနီကတ်တေ၊ ရက္ခ အလင်းတန်း အဖွဲ့ နန့် က ဇာပိုင်ပုံစံကို အသွင်ဆောင်ပနာ ပေါ်ပေါက်လာစွာပါလဲ။

ပြည်တွင်းရက္ခအလင်းတန်းအဖွဲ့စွာ ၂၀၀၉-ခု ဇွန်လကေ စပြီးကေ ရခိုင်ပြည်နန့် ၀ီးနီကတ်တေ ပြည်တွင်းမှာဟိန့်နီရေ ရခိုင်လူငယ်ချေတိ ပေါင်းစုပနာ ဖွဲ့စည်းလိုက်တေ အဖွဲ့တစ်ခုဖြစ်ပါရေ။ အဖွဲ့ ဦးတည်ချက်မှာက ရခိုင်ပြည်အတွင်းမှာ ဟိန့်နီရေ ရခိုင်အမျိုးသားလူငယ်ချေတိအတွက်ပါ ၇ခိုင်လူမျိုး ရခိုင်စာပီတိကို ဖော်ထုတ်လားနိုင်ဖို့ဆိုရေ ရည်ရွယ် ချက်ပါ ဟိန့်ပြီးဖြစ်တေအတွက် အဂုအချိန်မှာ ရခိုင်လူမျိုးတိ မျက်စိပိတ်နားပိတ် ဖြစ်နီစွာကို ဖွင့်ပီးချင်ရေ ရည်ရွယ်ချက်တစ်ခုနန့် ဒေစာစောင်ကို ထုတ်ဝီစွာဖြစ်ပါရေ။
ရခိုင်အလင်းတန်း ထုတ်ဖို့ လို့ ကြော်ငြာစွာမှာ ရခိုင်နိုင်ငံလို့ ကြောငြာစွာကို ဇါပိုင်အမြင်မျိုးနန့် ဖန်တီးခစွာပါလဲ။
ရခိုင်နိုင်ငံတော်လို့ ကြေငြာစွာက အဂုမှ စပြီးကေ ကြေငြာခြင်းမဟုတ်ရပါ။ ရခိုင့်နိုင်ငံတော်ဆိုစွာ ရခိုင်နိုင်ငံလို့ စဖြစ်လာေ၇လောက်ကပင် နိုင်ငံတော် အဖြစ် တည်ဟိန့်နိန်ခစွာရာဖြစ်ပါရေ။ ဗမာက သိမ်းပိုက်လိုက်တေနောက်ပိုင်းခါမှ ပြည်နယ်တိုင်းခွဲပနာ ရခိုင်နိုင်ငံကို ရခိုင်ပြည်အဖြစ် ပြောင်းလဲခေါ်တွင်ခရေအတွက် ပြည်ဆိုရေ ဝေါဟာရကို သုံးစွဲနိန်ကတ်စွာဖြစ်ပါရေ။ ယေဇာကြောင့် ရခိုင်အမျိုးသားတိစွာ အဂုအချိန်ထိ ရခိုင့်နိုင်ငံ့တော်မှာ နိန်ထိုင်နိန်ရေလို့ ခံယူထားရေအကြောင်းကြောင့် နိုင်ငံတော်လို့ ခေါ်ဝေါ် သုံးစွာရာဖြစ်ပါရေ။
ယင်းပိုင်မလွတ်လပ်တေ ဘောင်အတွင်းက ထုတ်ဝီရခါ ဇာပိုင် အခက်အခဲတိကို ရက္ခ အလင်းတန်းအနိန်နန့် ကျော်လွှားခရပါလဲ။

ရက္ခအလင်းတန်းစာစောင်ကို လွတ်လပ်စွာ ထုတ်ဝီဖို့ဆိုစွာမဖြစ်နိုင်ရေ အနိန်အထားမှာ ဟိန့်စွာကို အားလုံးသိကတ်ပါလိမ့်မေ။ ယေဒါကြောင့် အခက်အခဲ အားလုံးကိုရင်ဆိုင်ကျော်လွားနိုင်ပြီးကေ အလုပ်တစ်ခုပြီးမြောက်လားဖို့စွာကို အဖက်ဖက်က တားဆီးကြံဆပနာ ၀ိုင်းဝန်းပြီးကေ ထုတ်ဝီလားစွာဖြစ်ပါရေ။
ဒေပိုင်ထုတ်ဝီမှုကိုရေ ရခိုင်လူထုကြားမှာ ဇာပိုင် အသံမျိုး။ ဇာပိုင် အာပီးမှု၊ ထောက်ခံမှုတိ ရှိပါလဲ။
ရခိုင်ပြည်သူတိအနိန်နန့်က ဘ၀တစ်သက်တာမှာ ပြည်တွင်းမှာ ဒေပိုင်စာစောင်မျိုးတိကို ဖတ်ဖို့လို့ မမျှော်လင့်ခကတ်ဗျယ်ဆိုရေအသံတိ ထွက်လာကတ်ပြီးကေ နောက်ဆက်တိုက် စိုင်ဆက်မပြတ် ထုတ်ဝီပီးနိုင်ကေ ကောင်းဖို့ဆိုရေ အသံကို နားထောင်ကြည့်စွာနန့် ပြည်သူ့အားပီးသံတိကို ကြားသိရေလို့ ထင်မိပါရင့်။

ကိုယ်တိုင် ရခိုင်အမျိုးသားနိုင်ငံရေးကို လှုပ်ရှားနီသူ တယောက်အနိန်နန့် ရခိုင် ပြည်သူတိကိုကား ဇာပြောချင်ပါလဲ
ပြည်သူ့ကိုမှာကြားချင်စွာကတော့ခါ အလုပ်တစ်ခုစွာ တစ်ဦးတစ်ယောက်တည်းနန့် မပြီးမြောက်နိုင်ရေပိုင် တစ်ဦးတစ်ယောက်တည်း ကောင်းနီရုံနန့်လည်း တပြည်ကောင်းစားဖို့ မဖြစ်နိုင်ရေအတွက် အားလုံးလက်တွဲပါဝင်နိုင်ကတ်ဖို့ကို တိုက်တွန်းပြောချင်ပါရေ။ အကြောက်တရားစွာ ဘ၀တစ်ခုလုံးကိုလည်း သီဆုံးလားနိုင်ပါရေအတွက် ဆရာတော်ဦးဥတ္တမ ပြောကြားခရေ စကားပိုင် ရဲလျှင်ကြံ ကြောက်လျှင်ပြန် စကားအတိုင်း မှန်ကန်ရေဖက်က ရဲရဲဝံ့ဝံ့ ဆောင်ရွက်လားနိုင်ကတ်ပါစီလို့ စကားခြွိချင်ပါရေ။
............................
ရခိုင်ရိုးမသတင်း
Posted by Arakan Research Centre
on 05:01.
Filed under
ပင်မစာမျက်နှာ,
အင်တာဗျူး
ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။