အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနိန်

Cow-bazar

ခိုင်သိန်း
---------
အစ္စလာမ် ဘာသာဝင်များ၏ နိထူးနိမြတ် အိဒ်(ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် ဘင်္ဂလာဒေခ်ျ့တွင် နွားဈေး 
အထူး ရောင်းအားကောင်းနိန်ကြောင်း  
ရခိုင်ပြည်နယ်တွင် နွားခိုးမှုများ နီရာအနီအပြားမာ တိုးပွားနိန်ရေလို့  သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၉ ရက်နိက ရသေ့တောင်မြို့နယ် အငုံမော်၊ ချောင်းရင်း ကုန်တန်းကျေးရွာ အဖ ဦးအင်္ဂါ အောင် သမီး ဒေါ်ကျော့မဖြူရို့ထံမှ နွား ၁၀ ကောင်ကို ခိုးယူသွားကြောင်း နွားပိုင်ရှင် အမျိုးသမီးက နိရဉ္စရာသို့ပြောသည်။


" လွန်ခရေလ ၂၉ ရက်နိက အကျွန်ရို့မှာ မွီးထားရေ နွား ၁၀ ကောင်ကို ခိုးယူလားပါရေ။ ယင်း နွားတိကို ပြည်ထဲမှာ လိုက်လံရှာဖွီခသိပါရေ။ ဘင်္ဂလာကို ရောက်လားဗျာလ်ဆိုကေ ဘင်္ဂလာကို လိုက်ပြီး ရှားခိုင်းပါသိရေ။ယေကေလေ့ လုံးဝမတွီလိုက်ပါဗျာလ် ။ ဒေဂု အိဒ်ပွဲတော်နန့် နီးနိန်ရေအတွက် ဘင်္ဂလာမှာ နွားဈေးကောင်းနိန်ပြီး နွားခိုးဂိုဏ်းတွေက အထူး သောင်းကျန်းနေပြီး သူ့ထက်ငါ လက်ဦးမှု ယူပြီး ခိုးနေဂါတ်စွာဖြစ်ပါရေ"လို့ ပြောသည်။

နွားပျောက်မှုနန့်ပတ်သက်၍ သက်ဆိုင်ရာ ရဲအဖွဲ့များကို တိုင်ကြားသော်လည်းဖဲသာမပီးကေ   အရေးယူ ဆောင်ရွက်ခြင်း မရှိလို့လည်း သူမက ဆက်ပြောသည်။

" အကျွန်မရို့ နွားပျောက်ပြီး နောက်တရက်မှာ ညောင်ချောင်းရဲစခန်း၊ မောရ၀တီရဲစခန်းနန့် နယ်မြေ ၇ နစက စခန်းတွေမှာ သွားတိုင်ထားပါရေ။ ယေကေလေ့ သူရို့တိက ငွေမရတော့ အရေးတယူ လိုက်ရှာ မပီးရေအတွက် ခုလို အကျွန်ကိုယ်တိုင် တခြားဆွေမျိုးနန့် ၀ိုင်းဝန်း လိုက်ရှာနိန်ရစွာ ဖြစ်ပါရေ။"

သူမရို့ နေထိုင်သော ဒေသတွင် နာမည်ကြီးနေသော နွားသူခိုးဂိုဏ်း အများအပြားရှိပြီး နွားခိုးဂိုဏ်း ခေါင်းဆောင်များမှာ ချောင်းရင်း ကုန်တန်းကျေးရွာမှ ဦးယဉ်မောင်၊ ပေါက်တောပြင်ရွာမှ ဦးကျော်လှစိန်၊ ဆင်ပိုက်မှ ဦးမောင်ထွန်းရို့ ဖြစ်ကြပြီး သူတိရို့တိမှာ ဒေသဆိုင်ရာ ရဲနန့် နစက အာဏာပိုင်များကို လဒ်ငွေထိုးပြီး နွားများကို ခိုးယူနိန်ဂါတ်သည်ဟု  တခြား ဒေသခံတဦးက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနန့်  ပေါက်တော မြို့နယ် များတွင်လည်း နွားများနိစစိုင် ရက်ဆက် အခိုး ခံနိန်ရသဖြင့် နိ့ရော ညပါ နွားပိုင်ရှင်များမှာ နွားများကို ထိမ်းသိမ်း စောင့်ရှောက်နိန်ဂါတ်ရရေလို့ ဆင်သေရွာသား တဦးက နိရဉ္စရာသို့ ပြောသည်။

" အခုအခါ အိဒ်ပွဲတော်မှာ နွားတိ အခိုးခံနိန်ရစွာများလာလို့  အခိုးမခံရအောင် စောင့်ကြည့်နိန်ဂါတ်ရပါရေ။
အောက်တိုဘာလ ၂၈ ရက်နိ့ကဆိုကေ ကျွန်တော်ရို့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေ သြရမကျေးရွာက ထွန်းသာဘောဆိုသူမှာ နွား ၇ ကောင် အခိုးခံလိုက်ရပါရေ။ ယင်းအခိုးခံရရေ နွားတွေကိုတော့ ရသေ့တောင်မြို့နယ် ဂူတောင်ရဲစခန်း ရဲအဖွဲ့က ဘင်္ဂလာဒေ့ခ်ျကို တင်ဖို့လုပ်နိန်ရေ အချိန်မှာ ဖမ်းဆီးမိပါရေ။ ယေကေလေ့ နွားပိုင် ရှင်ကို မပီးပဲ စစ်ဆေးနိန်ပါရေ။"

ဘင်္ဂလာဒေ့ခ်ျတွင် အိဒ် ပွဲတော် အတွင်း ကျွဲ၊ နွားဈေးမှာ အဆမတန် ဈေးကောင်းရနေသဖြင့် ရခိုင်ပြည်နယ်မှ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို မှောင်ခို လမ်းကြောင်းမှ တဆင့် တင်ပို့နိန်ကြသည်။ ယင်းအထဲမာ ခိုးနွားများကိုလည်း ရောသွင်း ယူဆောင်လာပြီး ရောင်းချနိန်ရေလို့လည်း သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယခုအခါ ပထမတန်း ကျွဲတကောင်ကို တာကာငွေ ၇၀၀၀၀ (ကျပ် ၇သိန်း) ၊ ဒုတိယတန်း ကျွဲတကောင်ကို ၅၀၀၀၀ (ကျပ် ၅သိန်း)၊ တတိယတန်း ကျွဲတကောင်ကို ၃၀၀၀၀ ( ကျပ် သုံးသိန်း)နန့် ပထမတန်း နွားတကောင်ကို တာကာငွေ ၆၀၀၀၀ (၆သိန်း) ၊ ဒုတိယတန်းစား တစ်ကောင်ကို ၄၀၀၀၀ (၄ သိန်း ကျပ်) ၊ တတိယတန်း ၂၀၀၀၀ ( ကျပ် ၂ သိန်း) အထိဈေးရှိပြီး၊ ပထမတန်း ဆိတ်တကောင်ကို တာကာငွေ ၁၂၀၀၀ ( တစ်သိန်း နှစ်သောင်း) ၊ ဒုတိယတန်းစား ၇၀၀၀ ( ၇သောင်းကျပ်) ဈေးရှိနိန်ရေလို့ သိရသည်။

................................
နိရဉ္စရာသတင်း

Posted by Arakan Research Centre on 09:58. Filed under , ဘုမ္မိနက်သန်မြီတွက် ရည်စူး ငါရို့လားရဖို့လမ်း သတ်မှတ်ချက်နန့်အညီ ကိုယ်ကျိုးအတ္တ ကပ်နီရေ ငါရို့အကျင့်ဆိုးတိကို အများအကျိုးဖက်ကိုလှည့် ရင်ဖတ်က ထွက်လာရေသွီး ခြီမဦးထိ စီးကျကေလေ့ လွတ်မြောက်ရာလမ်း မီးပန်းဖောက်ဖို့ အနိုးရမခက်အောင် တတူအိပ်ကတ်မေ။ (ထွန်းလင်းစိုး)ဆက်သွယ်ချင်ကေ ။..Arakanresearchcentre@gmail.com..။ သို့ ဆက်သွယ်နိုင်ပါသည်။

0 comments for အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနိန်

Leave comment

။....မကြာခင် ရခိုင့်ယဉ်ကျေးမှုများကို တင်ပြဖို့ ရှိပါသည်...။

အလည်လာရောက်သူများ

အာရက္ခမြီ (ဝင်းကိုခိုင်)


2010 BlogNews Magazine. All Rights Reserved. - Designed by SimplexDesign