မဲဆောက်က လူကုန်ကူးသူ ရခိုင်လူမျိုးနန့် အလိမ်ခံရသော ရခိုင်သမလေးယောက်
ပင်မစာမျက်နှာ, ရခိုင်သတင်း 11:29
ထိုင်းနိုင်ငံ မဲဆောက်မြို့ (SR) စက်ရုံမာ အလုပ်လုပ်နိန်ကတ်တေ ရခိုင်အမျိုးသမီးချေ လေးယောက်ရေ မဲဆောက်မှာ အလုပ်အဆင်မပြေလို့ ကယ်ရီခကို လုပ်အားနန့်ဆပ်ဖို့ဆိုပြီးက ရခိုင်ပွဲစားနန့် ဆက်သွယ်ပနာ တက်လားစွာမာ ပွဲစားဖက်က မသေချာလို့ အောက်တိုဘာလ ၂၅ ရက်၊ ၂၀၁၁ နိန် ထိုင်နိုင်ငံ
မဟာရှိုင်း ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံနိန်ရရေ ရခိုင်အမျိုးသမီးချေတိကို ရခိုင်ရိုးမက ဆက်သွယ်ရေခါ“အကျွန်ရို့က မဲဆောက် (SR) စက်ရုံမှာ အလုပ်လုပ်နိန်ခကတ်စွာပါ။
အကျွန်ရို့ကို မသန်းတင်က ပုစွန်စက်ရုံမှာ အလုပ်ရဖို့လို့ပြောပါရေ၊ ကယ်ရီခကို မသန်းတင်ကို (၅၀၀) ကျစီပီးခရပါရေ၊ ကျန်စွာကို လုပ်ဆပ်ရပါဖို့၊အကျွန်ရို့ (၁၈)ရက်နိန့် က မသန်းတင်အိမ်က ထွက်လာပါရေ၊ မသန်းတင်က တဆင့်ပွဲစားမောင်ထွီးလက်ထဲကို အပ်လိုက်ပါရေ၊ မောင်ထွီးက မာမီဂိတ်ကိုပို့ပါရေ၊
မာမီဂိတ်မှာ တစ်ညဥ့် အိပ်ခရပါရေ၊ ယင်းကနိန်ပနာ ကားနန့် ညဥ့်ထွက်လို့လားရရေ။ လမ်းမှာမျှော့လူမျိုးနှစ်ယောက်က မျှော့ရွာရောက်ထိလိုက်ပို့ပါရေ၊ ယင်းရွာမှာ ၂ ည အိပ်ခရပါရေ” လို့သူက ပြောသည်။မဲဆောက်က ပွဲစားတိက တာဝန်မယူရေ အကြောင်းကို သူက “အကျွန်ရို့က
ကားထက်ကိုတက်တေခါ ဇာသို့လားဖို့လဲလို့ ကားသမားကမိန်းပါရေ၊ အကျွန်ရို့ကိုခေါ်စွာ မောင်မောင်ညွန့်လို့ပြောလိုက်ပါရေ၊ ကားသမားကမောင်မောင်ညွန့်ကို ဖုန်းဆက်ပြီး ကေ အကျွန်နန့်ဖုန်းပြောခိုင်းပါရေ၊

မောင်မောင်ညွန့်က သူခေါ်စွာက မွန်မငါးယောက်ကို ခေါ်စွာ၊ ရခိုင်သမတိကိုငါမခေါ်၊ သူ့မှာ အကျွန်ရို့ကို ပီးစရာ အလုပ်လည်း မဟိလို့ပြောပါရေ၊ အကျွန်ကတောင်းပန်ပါရေ၊ မောင်မောင်ညွန့်ကို ၊ အခင်လည်း ရခိုင်သား၊ အကျွန်လည်းရခိုင်သမပါ၊ အခင်နန့်မဆိုင်ကေလည်း အကျွန်ရို့ကိုကူညီပါ
လို့အကျွန်ကပြောပါရေ၊ အစီအစဉ်ချပီး မေ ဆိုပြီးကေ ဖုန်းချလားခပါရေ၊” လို့ပြောသည်။
ရခိုင်အမျိုးသမီးချေကဆက်ပြီးကေ “ အကျွန်ရို့ကားသမအိမ်ကို ရောက်တေအခါ မောင်မောင်ညွန့်က ကားသမကို အကျွန်ရို့အတွက် တာဝန်မယူဆိုပြီးကေ ပြောပါရေ။
ကားသမက အကျွန်ရို့ကို လားဖို့နိန်ရာကို ရှာကတ်လို့ပြောပါရေ၊ အမျိုးတိ ဟိကေ
လူတစ်ယောက်ကို (၉၀၀၀) နန့်လာရွီးလို့ရရေလို့ပြောရေ၊ ကားသမအိမ်မှာနှစ်ညဥ့်အိပ်ပြီးရေအခါ အကျွန်ရို့နန့် တတူပါလာရေ လူ(၆)ယောက်ကိုမဟာရှိုင်ကို ပို့ဖို့လားရေခါ အကျွန်ရို့ကိုလည်း လားဖို့နိန်ရာရှာထားလီ၊ဒေ တစ်ညည့်ထက် မထားနိုင်ရာလို့ ပြောပါရေ၊ မသန်းတင်ပါးကို ဖုန်းဆက်ပါရေ၊
တခုပိုင်လည်း အဖြေမရပါ၊ အကျွန်ရို့ကလည်း ရောင်းစား ပစ်လတ်မေကြောက်ကတ်ပါရေ၊ အကျွန်ရို့နန့်အတူတူပါလာရေ အစ်ကိုကြီးတိက မောင်မောင်ညွန့်ကို ဖုန်းဆက်ပြီးပြောပါရေ ယေခါကူညီမေလို့ပြောပါရေ၊ အကျွန်ရို့ကိုလည်း အဖွဲ့အစည်းတိကို တိုင်ရေမနားဆိုပြီးကေ မောင်မောင်ညွန့်ကပြောပါရေ၊ အကျွန်ရို့တစ်ခုကိုလည်း ဖုန်းမဆက်ရပါ၊
ဖုန်းတိကိုလည်း ကားသမ ယူထားပါရေ၊ အကျွန်ရို့ကို ကားသမက မဟာရှိုင်ကို ယူခရေခါ လမ်းမှာ ကားသမက မဟာရှိုင်ကို ရောက်တေခါ နိန်စရာဟိလား လို့မိန်းပါရေ၊ အကျွန်ရို့မှာ နိန်စရာမဟိပါလို့ ကားသမကိုပြောပြပါရေ၊ ကားသမကလည်း ဇာပိုင်လုပ်လည်းတော့မသိပါ၊ မဟာရှိုင်ရောက်တေခါ
ရခိုင်ရုံးတစ်ရုံးရှေ့ မှာ ချပစ်ခပါရေ၊ အကျွန်ရို့ကလည်း ယင်းရုံးထဲကိုဝင်ပြီးကေ အကူအညီတောင်းပါရေ၊ ယင်းကလည်း ကူညီးပီးမေ လို့ပြောပါရေ၊မောင်မောင်ညွန့်ပါးကိုလည်း ဖုန်းဆက်ပြီးပြောပါရေ၊ ယင်းအချိန်မှာဗင်အကျွန်ရို့ကို ရဲက၀င်လာပြီးကေ ရုံးက အစ်ကိုတိကိုပါ ဖမ်းလိုက်စွာပါ”
လို့ပြောသည်။အဖမ်းခံထားရရေ ရခိုင်အမျိုးသမီးချေတိစွာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်
ရွှေလင်းတောင်ကျေးရွာက (မကြီး၊ မတင်အေး၊ မဆန်းဆန်း၊ မသိန်းရီ)ရို့ဖြစ်သည်။ ပွဲစားဖြစ်တေ မသန်းတင်မှာလည်း ရခိုင်အမျိုးသမီးဖြစ်ဗြီးအဖမ်းခံရရေ ရခိုင်အမျိုးသမီးချေတိနန့် တရွာတည်းဖြစ်ကြောင်း ပွဲစားမောင်မောင်ညွန့်နန့် မောင်ထွီးလည်း ရခိုင်လူမျိုးတိဖြစ်သည်။ယင်းရခိုင် အမျိုးသမီးလေးယောက်နန့်အတူ အဖမ်းခံနိန်ရရေသူလည်း မဟာရှိုင်မှာဟိရေ ရခိုင်သားတိ အရေးကို လိုက်ဗြီးကူညီဆောင်ရွက်ပီးနိန်သူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ယင်းပုဂ္ဂိုလ်မှာ တရားမ၀င်လူ လက်ခံမှုနန့်
တရားစွဲချက် တင်ခံထားရကြောင်း အမည်မဖေါ်လိုသူရခိုင်အမျိုးသားတဦးက ပြောပါရေ၊ ရခိုင်ပြည်က တရားမဝင်ထွက်လာရေ သက်စွန့်ဆံဖျား အလုပ်သမားတိ ရခိုင်ပြည်မှာအုပ်ချုပ်နိန်ရေ
ဗမာလူမျိုးစစ်အစိုးရကြောင်း အလုပ်လက်မဲဘဝကိုကျရောက်ဗြီး မိပစ်ဖပစ် စွန့်
လာလို့ တခါနိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံရသည်မှာ ကယ်မဲ့ သူဝီး ဗြီးထိုင်းနိုင်ငံမှာ ဒေပိုင်အဖြစ်အပျက်တိထက် ဆိုးဝါးရေ အကြောင်းအရာတိ
အများကြီးဟိနိန်ပါသည်။ မဲဆောက်က ဗန်ကောက်ကိုလားရေအခါအမျိုးသမီးပေါင်းများစွာ မုဒိန်ကျင့်ခံရစွာတိ၊အိမ်စေအဖြစ်ရောင်းစားခံရစွာတိ၊ ယောက်ျားတိဆိုကေ စက်ဘုတ်ကို ရောင်းခံရစွာတိ
အများကြီးဟိနိန်ပါကြောင်း၊ ရခိုင်ပွဲစားဆိုရေလူတိကလည်းကိုယ့်လူမျိုးဒုက္ခရောက်ဖို့စွာကို မကြည့်ပဲ ကိုယ့်အတွက်ငွေရရေးကိုသာအဓိကထားပြီးကေ လုပ်ဆောင်နိန်ကြောင်း ရခိုင်လူ့အခွင့် အရီးစောင့် ကြည်
့နိန်သူ အသိုင်းအဝန်းကဆိုသည်။ဖမ်းဆီးခံထားသူရိုလွတ်မြောက်ရေးအတွက် ထိုင်းဘတ်ငွေ(၅၀၀၀၀)ငါးသောင်းခန့် ကုန်ကျနိုင်ကြောင်းလည်း ပြောပြသည်။ ပွဲစားမသန်းတင်ဆိုသူအမျိုးသမီးအား ရခိုင်ရိုးမနန့် လေးဝတီမှ ဖုန်းဆက်သွယ်ရာ ဖုန်းမကိုင်ရေအပြင်
ပိတ်ထားလိုက်သည်။ဒေဂုမဲဆောက်ရခိုင်အသိုင်းအဝန်းမှာ ဒေကိစ္စအားပွဲစားမှန်သမျှကို မကျေမနပ်ဖြစ်နိန်ကြောင်း သတင်းရရှိပါသည်။
ဇင်ကီး(ဒွါရဝတီ)လေးဝတီဝိုင်းတော်သား
တိုင်းပြည်ပျောက်ဆုံးနိန်ရလို့ သူများပြည်မာ အလုပ်လုပ်ရကြတ်စွာမာ အနှိမ်ခံရရေ ဒေရခိုင်အမျိုးသမီးချေတိရေ. .. အချုပ်ခန်းထဲက ထွက်လာဖိုအတွက်ကို ဘတ် တယောက် ၂ ထောင်စီ. စုစုပေါင်း တသောင်းခြောက်ထောင်။ (=အမေရိကန်ဒေါ်လာ ငါးရာ့ ငါးဆယ်) ခန့်  တနိန်ရာက ချီးငှါးထားရပါနာ အပူတပြင်း ပြန်ပီးဆပ်ရဖို့ ဖြစ်နိန်ကြောင်းလည်း သိရပါရေ..ယင်းအတွက် ရခိုင်သားတိုင်း .. အမျိုးသားရေး အမြင်နန့် ၀ိုင်းဝန်းပါဝင်ကူညီပီးကြတ်ဖို့လိုအပ်ပါရေ....။

ဆရာတော် အသျှင် အရိယ၀ံသ..
(ဥက္ကဌ၊ ရခိုင်ပြည်အမျိုးသားကောင်စီ)..
ဆက်သွယ်ရန် --
ဖုန်း.. ၀၀၉၁ ၉၆၇၈၁၄၅၃၁၅
+ ၆၆(၀)၈၂ ၇၆၇၂၅၀၀
အီးမဲလ်.. awanthadhaja@gmail.com
http://www.anchqindia.org/2011/11/blog-post.html
(ဥက္ကဌ၊ ရခိုင်ပြည်အမျိုးသားကောင်စီ)..
ဆက်သွယ်ရန် --
ဖုန်း.. ၀၀၉၁ ၉၆၇၈၁၄၅၃၁၅
+ ၆၆(၀)၈၂ ၇၆၇၂၅၀၀
အီးမဲလ်.. awanthadhaja@gmail.com
http://www.anchqindia.org/2011/11/blog-post.html